ခ်စ္လွစြာေသာ ပရိသတ္ႀကီးေရ အဆိုေတာ္ ေမလသံစဥ္ကေတာ့ ျမန္မာသံစဥ္ သီခ်င္းေလးေတြနဲ႔ ပရိသတ္ရင္ထဲ ေရာက္ရွိလာသူျဖစ္ပါတယ္။ခ်ိဳသာတဲ့ အၿပဳံးေလးေတြအျပင္ ခ်စ္စရာေကာင္းတဲ့ မ်က္ႏွာေပါက္ေလးကို ပိုင္ဆိုင္ထားၿပီး အဆိုပညာမွာလည္း အ႐ြယ္နဲ႔မလိုက္ေအာင္ ေတာ္လြန္းသူေလးလို႔ ဆိုရမွာပါ။ “ ကိုယ္ေစာင့္ နတ္ ” သီခ်င္းကို Cover Song အျဖစ္ ျပန္လည္ သီဆိုခဲ့တဲ့အခ်ိန္မွာလည္း အမ်ိဳးသားထုႀကီး တခဲနက္အားေပးခဲ့တာပဲ ျဖစ္ပါတယ္..။

မၾကာေသးမီကလည္း လက္ရွိမွာျဖစ္ပြားေနတဲ့Covid -19 နဲ႔ပတ္သက္ၿပီး ကိုယ္တိုင္အႏုပညာေၾကးေတြအျပင္ Live sale ကရရွိတဲ့အႏုပညာေၾကးေတြ အား လုံးကို Covid 19 အတြက္လိုအပ္တဲ့ေနရာေတြကို လႉဒါန္းခဲ့တာပါ။ အသက္အ႐ြယ္နဲ႔မလိုက္ေအာင္ လိမၼာေရးျခားရွိလြန္းတဲ့ ေမလကေတာ့ပရိသတ္ေတြရဲ႕ အသည္းေက်ာ္ေလးပါပဲ​ေနာ္..။

ဒီေန႔မွာေတာ့ “ ငယ္ငယ္တုန္းက ပန္းခ်ီထူးခြၽန္ ရခဲ့ေပမယ့္ ခုမဆြဲတာၾကာၿပီမို႔ လက္က် ေနၿပီလားလို႔ ” ဟုဆိုတဲ့စာေလးနဲ႔အတူ ပန္းခ်ီဆြဲေနတဲ့ပုံရိပ္ေလးကို ေဝမွ်ခဲ့တာပါ။ အဆိုအျပင္ တူရိယာေတြလည္းတီးခတ္ႏိုင္ၿပီး ​ကိုယ္တိုင္လည္းသီခ်င္းေတြေရးတဲ့အျပင္ သ႐ုပ္ေဆာင္ပိုင္းမွာလည္းအျပစ္​ေျပာစရာမရွိတဲ့ ေမလသံစဥ္ကေတာ့ ပန္းခ်ီမွာလည္း ကြၽမ္းက်င္တဲ့သူပါပဲေနာ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံး သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုမြန္ေကာင္းေတာင္းေပးလိုက္ပါတယ္ေနာ္..။

Source :May Melody ေမလသံစဥ္

ချစ်လှစွာသော ပရိသတ်ကြီးရေ အဆိုတော် မေလသံစဉ်ကတော့ မြန်မာသံစဉ် သီချင်းလေးတွေနဲ့ ပရိသတ်ရင်ထဲ ရောက်ရှိလာသူဖြစ်ပါတယ်။ချိုသာတဲ့ အပြုံးလေးတွေအပြင် ချစ်စရာကောင်းတဲ့ မျက်နှာပေါက်လေးကို ပိုင်ဆိုင်ထားပြီး အဆိုပညာမှာလည်း အရွယ်နဲ့မလိုက်အောင် တော်လွန်းသူလေးလို့ ဆိုရမှာပါ။ “ ကိုယ်စောင့် နတ် ” သီချင်းကို Cover Song အဖြစ် ပြန်လည် သီဆိုခဲ့တဲ့အချိန်မှာလည်း အမျိုးသားထုကြီး တခဲနက်အားပေးခဲ့တာပဲ ဖြစ်ပါတယ်..။

မကြာသေးမီကလည်း လက်ရှိမှာဖြစ်ပွားနေတဲ့Covid -19 နဲ့ပတ်သက်ပြီး ကိုယ်တိုင်အနုပညာကြေးတွေအပြင် Live sale ကရရှိတဲ့အနုပညာကြေးတွေ အား လုံးကို Covid 19 အတွက်လိုအပ်တဲ့နေရာတွေကို လှူဒါန်းခဲ့တာပါ။ အသက်အရွယ်နဲ့မလိုက်အောင် လိမ္မာရေးခြားရှိလွန်းတဲ့ မေလကတော့ပရိသတ်တွေရဲ့ အသည်းကျော်လေးပါပဲ​နော်..။

ဒီနေ့မှာတော့ “ ငယ်ငယ်တုန်းက ပန်းချီထူးချွန် ရခဲ့ပေမယ့် ခုမဆွဲတာကြာပြီမို့ လက်ကျ နေပြီလားလို့ ” ဟုဆိုတဲ့စာလေးနဲ့အတူ ပန်းချီဆွဲနေတဲ့ပုံရိပ်လေးကို ဝေမျှခဲ့တာပါ။ အဆိုအပြင် တူရိယာတွေလည်းတီးခတ်နိုင်ပြီး ​ကိုယ်တိုင်လည်းသီချင်းတွေရေးတဲ့အပြင် သရုပ်ဆောင်ပိုင်းမှာလည်းအပြစ်​ပြောစရာမရှိတဲ့ မေလသံစဉ်ကတော့ ပန်းချီမှာလည်း ကျွမ်းကျင်တဲ့သူပါပဲနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်..။

Credit – CeleKhitThit