သ႐ုပ္ေဆာင္ မင္းသားေခ်ာေဒါင္းကေတာ့ဆြဲေဆာင္မႈရွိတဲ့အၿပဳံးခ်ိဳခ်ိဳေလးေတြနဲ႔ ပရိသတ္ကိုဖမ္းစားထားသူတစ္ေယာက္ပါ။ ေဒါင္းကေတာ့ သ႐ုပ္ေဆာင္ေကာင္းစြာ ပိုင္ႏိုင္သလို စာေပနဲ႔ဂီတကိုခ်စ္ျမတ္ႏိုးသူတစ္ေယာက္လည္း ျဖစ္ပါတယ္။သ႐ုပ္ေဆာင္ ေဒါင္းကေတာ့ ေဖ့ဘြတ္ခ္ကေနၿပီး ပရိသတ္ေတြကို စာဖတ္ျပေလ့ရွိၿပီး Daung Reading Club Group ေလးေထာင္ထားပါတယ္..။

အခုဆိုရင္ ထိုင္းႏိုင္ငံနဲ႔အတူပူးေပါင္း႐ိုက္ကူးမယ့္ဇာတ္ကားမွာ ပါဝင္ထားတယ္လို႔ သိရပါတယ္။ အဲ့ဒီအေၾကာင္းကိုေတာ့ သူ႔ရဲ႕ေဖ့ဘြတ္ခ္စာမ်က္ႏွာမွာ “ ကြၽန္ေတာ္ ” From Chaophraya to Ayeyarwaddy ” ဇာတ္လမ္းတြဲ ႐ိုက္ကူးဖို႔ Bangkok ကိုေရာက္ေနပါတယ္။ဒီေန႔နဲ႔ဆို Quarantine ဝင္ေနတာ ၄ ရက္ရွိသြားပါၿပီ။ ဒီဇာတ္ကားက ထိုင္းက အႏုပညာရွင္ေတြရယ္ ၊ျမန္မာအႏုပညာရွင္ေတြရယ္ အတူပူးေပါင္းပါဝင္႐ိုက္ကူးၾကမယ့္ကားျဖစ္ၿပီး ထိုင္းဒါ႐ိုက္တာ Chartchai Ketnust ႐ိုက္ကူးမွာျဖစ္ပါတယ္..။

Quarantine ကာလၿပီးသြားရင္ training လည္းဝင္ရမွာျဖစ္တဲ့အတြက္ ကြၽန္ေတာ္ အခ်ိန္အားရင္အားသလို စာဖတ္ျပတဲ့ live လႊင့္ဖို႔ႀကိဳးစားပါ့မယ္ခင္ဗ်။ ပ်က္ကြက္မႈမ်ားရွိခဲ့ရင္လည္းခြင့္လႊတ္ နားလည္ ေပးၾကဖို႔ႀကိဳေတာင္းပန္ပါရေစခင္ဗ်။ဒီၾကားထဲမွာစာဖတ္ျပတာနားေထာင္ခ်င္ခဲ့ရင္ Daung Reading Club Group ထဲမွာ ဝင္ေရာက္နားဆင္ႏိုင္ၾကပါတယ္ခင္ဗ် ” ဟုဆိုၿပီးေတာ့ ေရးသားေဖာ္ျပထားပါတယ္။ ႏွစ္ႏိုင္ငံပူးေပါင္း႐ိုက္ကူးထားတဲ့ကားေလးမွာ ေဒါင္းရဲ႕သ႐ုပ္ေဆာင္မႈေတြကို ျမင္ေတြ႕ရဦးမွာေၾကာင့္ ပရိသတ္ေတြက ရင္ခုန္ေနၾကမယ္ထင္ပါရဲ႕ေနာ္..။

Source : Daung

သရုပ်ဆောင် မင်းသားချောဒေါင်းကတော့ဆွဲဆောင်မှုရှိတဲ့အပြုံးချိုချိုလေးတွေနဲ့ ပရိသတ်ကိုဖမ်းစားထားသူတစ်ယောက်ပါ။ ဒေါင်းကတော့ သရုပ်ဆောင်ကောင်းစွာ ပိုင်နိုင်သလို စာပေနဲ့ဂီတကိုချစ်မြတ်နိုးသူတစ်ယောက်လည်း ဖြစ်ပါတယ်။သရုပ်ဆောင် ဒေါင်းကတော့ ဖေ့ဘွတ်ခ်ကနေပြီး ပရိသတ်တွေကို စာဖတ်ပြလေ့ရှိပြီး Daung Reading Club Group လေးထောင်ထားပါတယ်..။

အခုဆိုရင် ထိုင်းနိုင်ငံနဲ့အတူပူးပေါင်းရိုက်ကူးမယ့်ဇာတ်ကားမှာ ပါဝင်ထားတယ်လို့ သိရပါတယ်။ အဲ့ဒီအကြောင်းကိုတော့ သူ့ရဲ့ဖေ့ဘွတ်ခ်စာမျက်နှာမှာ “ ကျွန်တော် ” From Chaophraya to Ayeyarwaddy ” ဇာတ်လမ်းတွဲ ရိုက်ကူးဖို့ Bangkok ကိုရောက်နေပါတယ်။ဒီနေ့နဲ့ဆို Quarantine ဝင်နေတာ ၄ ရက်ရှိသွားပါပြီ။ ဒီဇာတ်ကားက ထိုင်းက အနုပညာရှင်တွေရယ် ၊မြန်မာအနုပညာရှင်တွေရယ် အတူပူးပေါင်းပါဝင်ရိုက်ကူးကြမယ့်ကားဖြစ်ပြီး ထိုင်းဒါရိုက်တာ Chartchai Ketnust ရိုက်ကူးမှာဖြစ်ပါတယ်..။

Quarantine ကာလပြီးသွားရင် training လည်းဝင်ရမှာဖြစ်တဲ့အတွက် ကျွန်တော် အချိန်အားရင်အားသလို စာဖတ်ပြတဲ့ live လွှင့်ဖို့ကြိုးစားပါ့မယ်ခင်ဗျ။ ပျက်ကွက်မှုများရှိခဲ့ရင်လည်းခွင့်လွှတ် နားလည် ပေးကြဖို့ကြိုတောင်းပန်ပါရစေခင်ဗျ။ဒီကြားထဲမှာစာဖတ်ပြတာနားထောင်ချင်ခဲ့ရင် Daung Reading Club Group ထဲမှာ ဝင်ရောက်နားဆင်နိုင်ကြပါတယ်ခင်ဗျ ” ဟုဆိုပြီးတော့ ရေးသားဖော်ပြထားပါတယ်။ နှစ်နိုင်ငံပူးပေါင်းရိုက်ကူးထားတဲ့ကားလေးမှာ ဒေါင်းရဲ့သရုပ်ဆောင်မှုတွေကို မြင်တွေ့ရဦးမှာကြောင့် ပရိသတ်တွေက ရင်ခုန်နေကြမယ်ထင်ပါရဲ့နော်..။

Credit : Cele Gabar