


unicode

မင်းသမီးလေး ဝတ်မှုန်ရွှေရည်က သူမအသက် (၁၇) နှစ်အရွယ်ကတည်းက မဂ္ဂဇင်းကာဗာဓာတ်ပုံတွေရိုက်ကူးရင်း အနုပညာလောကထဲကို ဝင်ရောက်လာခဲ့တဲ့ ဝတ်မှုံရွှေရည်က အခုဆိုရင် အနုပညာလောကထဲမှာ ကျင်လည်ဖြတ်သန်းလာခဲ့တာ (၁၅) နှစ်ကျော်တိုင် ရှိခဲ့ပြီ ဖြစ်ပါတယ်။ဆယ်စုနှစ်ကျော်တစ်ခုကျော်တိုင် အောင်မြင်မှုကို ရေရှည်ထိန်းသိမ်းထားနိုင်တဲ့ ဝတ်မှုံရွှေရည်က လက်ရှိမှာတော့ အသက်သုံးဆယ်ကျော်အရွယ် အိမ်ထောင်ပြုသင့်တဲ့အရွယ်ရောက်နေပြီဆိုပေမယ့် အိမ်ထောင်ရေးကို စိတ်မဝင်စားသေးပဲ တစ်ကိုယ်တည်း အပျိုကြီးအဖြစ် အနုပညာအလုပ်တွေကို တစိုက်မတ်မတ်လုပ်ကိုင်နေဆဲ ဖြစ်ပါတယ်..။

မင်းသမီးလေး ဝတ်မှုန်ရွှေရည်ဟာ အနုပညာလောကထဲမှာ ကျင်လည်ဖြတ်သန်းလာတာ ဆယ်စုနှစ်ကျော်ရှိပြီဆိုပေမယ့် ကိုယ်ရေးကိုယ်တာနဲ့ ပက်သတ်ပြီး ပရိသတ်တွေကို ချပြလေ့မရှိတဲ့ ဝတ်မှုံရွှေရည်က ဒီကနေ့မှာတော့ သူမကိုချစ်ကြတဲ့ ပရိသတ်တွေအတွက် ရင်ခုန်စရာ ဗီဒီယိုလေးကို မျှဝေပေးလာပါတယ်။ ထိုဗီဒီိယိုလေးထဲမှာ ဝတ်မှုံရွှေရည်က ပရိသတ်တွေ တော်ရုံမသိကြသေးသလို သူမကိုယ်တိုင်လည်း အင်တာဗျူးတွေမှာ မဖြေဖြစ်တဲ့ သူမအကြောင်း မေးခွန်း (၂၅) ခုကို စိတ်ရှည်လက်ရှည်နဲ့ ဖြေကြားပေးခဲ့တာကို အခုလိုမျိုးပဲ တွေ့ရပါတယ်..။

မင်းသမီးလေး ဝတ်မှုံရွှေရည်ကတော့ ပရိသတ်တွေတော်ရုံမသိသေးတဲ့ သူမရဲ့အကြောင်းတွေကို စိတ်ရှည်လက်ရှည်နဲ့ ပွင့်လင်းစွာပြောပြလာတာပဲ ဖြစ်ပါတယ်။ ဝတ်မှုံရွှေရည်ကို ချစ်ကြတဲ့ ပရိသတ်တွေကတော့ ဒီဗီဒီယိုလေးကိုကြည့်ပြီး ကျေနပ်ကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်နော်..။

Source: Wutt Hmone Shwe Yi’s fb
Bilie – Cele Connections