Source: Chan Chan’s fb
Melody World (2007) သီချင်းဆိုပြိုင်ပွဲကနေ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အောင်မြင်ခဲ့သူ အဆိုတော် ချမ်းချမ်းကတော့ ဒီနေ့ဒီအချိန်ထိ ဂီတလောကမှာ တောက်ပနေဆဲ ဖြစ်ပါတယ်။ ချမ်းချမ်းကတော့ ပထမအိမ်ထောင်ဖြစ်တဲ့ မင်းသား ဘုဏ်းသိုက်နဲ့ သမီးလေး မြမိုးဂင်္ဂါကို ပိုင်ဆိုင်ခဲ့ပြီး ကွာရှင်းပြီးသွားချိန်မှာတော့ သမီးလေးကို ပြုစုစောင့်ရှောက်ရင်း ပရိသတ်တွေအတွက်လည်း အနုပညာလှုပ်ရှားမှုတွေကို လုပ်ကိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း အနုပညာလှုပ်ရှားမှုတွေအပြင် သူမရဲ့ သီချင်းသစ်တွေကိုလည်း မျှော်တလင့်လင့်နဲ့ စောင့်ကြည့်အားပေးကြတာပဲ ဖြစ်ပါတယ်..။
အခုဆိုရင် ချစ်သူနဲ့ရရိိှတဲ့ ကိုယ်ဝန်ကိုလွယ်ဆောင်ထားရပြီဖြစ်တဲ့ နိုင်ငံကျော်အဆိုတော် ချမ်းချမ်းကတော့ သမီးကြီးမြမိုးဂင်္ဂါကို ရင်အုပ်မကွာစောင့်ရှောက်နေသလို သူမရဲ့ ဗိုက်ထဲက သမီးလေးကို အရိပ်တကြည့်ကြည့်နဲ့ ဂရုစိုက်နေရတာပဲ ဖြစ်ပါတယ်။ အခုဆိုရင် ကိုယ်ဝန်လ တဖြည်းဖြည်း ရင့်လာခဲ့ပြီဖြစ်တဲ့ ချမ်းချမ်းက သူမရဲ့ ကိုယ်ဝန်ဆောင်ကာလအမှတ်တရ ဓာတ်ပုံတွေကို ချပြနေတာပဲ ဖြစ်ပါတယ်။အဆိုတော် ချမ်းချမ်းကတော့ သမီးမိန်းကလေး ကိုယ်ဝန်ကို လွယ်ဆောင်ထားတဲ့ မိခင်ပီပီ တစ်နေ့တစ်ခြား ပိုပြီး နုနယ်လှပလာတာကို ပရိသတ်ကြီးလည်း သတိထားမိကြမယ် ထင်ပါတယ်..။
အဆိုတော် ချမ်းချမ်းကတော့ မကြာခင်အချိန်အတွင်းမှာ ဒုတိယမြောက်သမီးလေးကို ပိုင်ဆိုင်ရတော့မှာမို့ တော်တော်လေး ဝမ်းသာပျော်ရွှင်နေတာပဲ ဖြစ်ပါတယ်။ ချမ်းချမ်းတို့ မိသားစုလေး အခုလိုပဲ အမြဲထာဝရပျော်ရွှင်နိုင်ပါစေနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်..။
Bilie – Cele Connections