ႏိဳင္ငံေက်ာ္ ျပည္သူခ်စ္ အနုပညာရွင္တစ္ေယာက္ျဖစ္တဲ့ ခင္လိႈင္ကေတာ့ အနုပညာေလာကမွာ နွစ္ေပါင္းသံုးဆယ္နီးပါးေအာင္ျမင္မႈရရိွေနေပမယ့္ အကယ္ဒမီဆုၾကီးနဲ့ အၾကိမ္ၾကိမ္လြဲေခ်ာ္ေနဆဲ ျဖစ္ပါတယ္။ အကယ္ဒမီဆိုတဲ့ ဆုတံဆိပ္ၾကီးနဲ့ ေဝးကြာေနတဲ့ ခင္လိႈင္က တစ္နုိင္ငံလံုးက ပရိသတ္ေတြ အားေပးမႈကို ရရိွထားသူတစ္ေယာက္ျဖစ္သလို ခ်စ္စရာေကာင္းတဲ့ မိသားစုေလးကို ပိုင္ဆိုင္ထားသူတစ္ေယာက္လည္း ျဖစ္ပါတယ္။ ဒီကေန့ ဒီဇင္ဘာလ (၁၂) ရက္ေန့ကေတာ့ ခင္လိႈင္ရဲ့ အသည္း တစ္ျခမ္း ခ်စ္ဇနီးမငယ္ရဲ့ ေမြးေန့ေလးပဲ ျဖစ္ပါတယ္။ ခင္လိႈင္ကေတာ့ ခ်စ္ဇနီးရဲ့ အနစ္နာခံ အိမ္ေထာင္ရွင္မပီသပံုေတြကို ေျပာျပရင္း အခုလိုပဲ ေမြးေန့ဆုမြန္ေကာင္းေတာင္းစကားေျပာလာ ပါတယ္..။

“ သားကိုသခင္…လင္ကိုဘုရား ကြၽန္ေတာ္ငယ္ထဲကၾကားဘူးခဲ့တဲ့စကားေလးပါ။ အဲ့ဒီစကားေလးရဲ႕အဓိပၸါယ္ကိုေတာ့ကြၽန္ေတာ္အခုအခ်ိန္ေရာက္မွေသေသခ်ာခ်ာနားလည္လာခဲ့တာပါ။ ခုလိုနားလည္လာခဲ့ရတာလဲ ကြၽန္ေတာ့္ရဲ႕ရႈ႕မၿငီးတဲ့ ❤️❤️❤️ခ်စ္ဇနီးေၾကာင့္ေပါ့❤️❤️❤️ ကြၽန္ေတာ္လိုအပ္ေနတာမွန္သမွ် သူအလိုလိုသိတယ္။ ကြၽန္ေတာ္ျဖစ္ခ်င္တဲ့အရာမွန္သမွ် သူလိုက္ေလွ်ာတယ္။ ကြၽန္ေတာ္ဆိုးေပေတခဲ့သမွ် သူသည္းခံၿပီးခ်စ္ခဲ့တယ္။ သားသမီးေတြလိုအပ္တာမွန္သမွ် သူျဖည့္ ဆည္းခဲ့တယ္..”

“ သားသမီးေတြအတြက္လိုအပ္လာၿပီဆိုရင္ သူအလြန္ျမတ္ႏိုးတန္ဖိုးထားတဲ့သူရဲ႕လက္ဝတ္ရတာနာေတြကို ေရာင္းခ်ေပးၿပီးအၿပံုးမပ်က္ေပ်ာ္ေနတတ္တယ္။ ကြၽန္ေတာ္ပင္ပန္းသလိုသူလဲထပ္တူ အပင္ပန္းခံၿပီး မိသားစုအတြက္ႀကိဳးစားေပးခဲ့တဲ့ ကြၽန္ေတာ္ခ်စ္ေသာကြၽန္ေတာ္တို႔ကိုခ်စ္ေသာ ❤️❤️❤️ မငယ္ေလး ..သို႔မဟုက္..မေငြသိမ္း ေမြးေန႔ရက္ျမတ္မဂၤလာမွစၿပီးဘဝတစ္ေလွ်ာက္လုံး ငယ္ေလးခ်စ္တဲ့ မိသားစုႀကီးႏွင့္မခြဲမခြါအတူတကြ သာယာေပ်ာ္႐ႊင္ႏိုင္ပါေစ မေငြသိမ္းေရ.. မွတ္ခ်က္…ေမြးေန႔လက္ေဆာင္ကေတာ့ ငဗစ္အလြန္ ”ဆိုျပီး ေမြးေ န့ဆုေတာင္းေပးလာပါတယ္..။

သ႐ုပ္ေဆာင္ ခင္လိႈင္ကေတာ့ “ သားကုိသခင္ လင္ကိုဘုရား ” ဆုိတဲ့စကားကို ခ်စ္ဇနီးမငယ္ေၾကာင့္မွ သိခြင့္ရခဲ့တယ္ဆိုျပီး ၾကည္ၾကည္နူးနူးေျပာလာတာပဲ ျဖစ္ပါတယ္။ ခင္လိႈင္တို့ မိသားစုေလး အခုလိုပဲ ထာဝရေပ်ာ္ရႊင္ျပီး သာယာေအးခ်မ္းတဲ့ ေန႔ရက္ေတြကို ပိုင္ဆိုင္နိုင္ပါေစလို့ ဆုေတာင္းေပးလုိက္ပါတယ္ေနာ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလး တစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ဆုမြန္ေကာင္းေတာင္းေပးလိုက္ပါတယ္ေနာ္..။

unicode

နိုင်ငံကျော် ပြည်သူချစ် အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ ခင်လှိုင်ကတော့ အနုပညာလောကမှာ နှစ်ပေါင်းသုံးဆယ်နီးပါးအောင်မြင်မှုရရှိနေပေမယ့် အကယ်ဒမီဆုကြီးနဲ့ အကြိမ်ကြိမ်လွဲချော်နေဆဲ ဖြစ်ပါတယ်။ အကယ်ဒမီဆိုတဲ့ ဆုတံဆိပ်ကြီးနဲ့ ဝေးကွာနေတဲ့ ခင်လှိုင်က တစ်နိုင်ငံလုံးက ပရိသတ်တွေ အားပေးမှုကို ရရှိထားသူတစ်ယောက်ဖြစ်သလို ချစ်စရာကောင်းတဲ့ မိသားစုလေးကို ပိုင်ဆိုင်ထားသူတစ်ယောက်လည်း ဖြစ်ပါတယ်။ ဒီကနေ့ ဒီဇင်ဘာလ (၁၂) ရက်နေ့ကတော့ ခင်လှိုင်ရဲ့ အသည်း တစ်ခြမ်း ချစ်ဇနီးမငယ်ရဲ့ မွေးနေ့လေးပဲ ဖြစ်ပါတယ်။ ခင်လှိုင်ကတော့ ချစ်ဇနီးရဲ့ အနစ်နာခံ အိမ်ထောင်ရှင်မပီသပုံတွေကို ပြောပြရင်း အခုလိုပဲ မွေးနေ့ဆုမွန်ကောင်းတောင်းစကားပြောလာ ပါတယ်..။

“ သားကိုသခင်…လင်ကိုဘုရား ကျွန်တော်ငယ်ထဲကကြားဘူးခဲ့တဲ့စကားလေးပါ။ အဲ့ဒီစကားလေးရဲ့အဓိပ္ပါယ်ကိုတော့ကျွန်တော်အခုအချိန်ရောက်မှသေသေချာချာနားလည်လာခဲ့တာပါ။ ခုလိုနားလည်လာခဲ့ရတာလဲ ကျွန်တော့်ရဲ့ရှု့မငြီးတဲ့ ❤️❤️❤️ချစ်ဇနီးကြောင့်ပေါ့❤️❤️❤️ ကျွန်တော်လိုအပ်နေတာမှန်သမျှ သူအလိုလိုသိတယ်။ ကျွန်တော်ဖြစ်ချင်တဲ့အရာမှန်သမျှ သူလိုက်လျှောတယ်။ ကျွန်တော်ဆိုးပေတေခဲ့သမျှ သူသည်းခံပြီးချစ်ခဲ့တယ်။ သားသမီးတွေလိုအပ်တာမှန်သမျှ သူဖြည့် ဆည်းခဲ့တယ်..”

“ သားသမီးတွေအတွက်လိုအပ်လာပြီဆိုရင် သူအလွန်မြတ်နိုးတန်ဖိုးထားတဲ့သူရဲ့လက်ဝတ်ရတာနာတွေကို ရောင်းချပေးပြီးအပြုံးမပျက်ပျော်နေတတ်တယ်။ ကျွန်တော်ပင်ပန်းသလိုသူလဲထပ်တူ အပင်ပန်းခံပြီး မိသားစုအတွက်ကြိုးစားပေးခဲ့တဲ့ ကျွန်တော်ချစ်သောကျွန်တော်တို့ကိုချစ်သော ❤️❤️❤️ မငယ်လေး ..သို့မဟုက်..မငွေသိမ်း မွေးနေ့ရက်မြတ်မင်္ဂလာမှစပြီးဘဝတစ်လျှောက်လုံး ငယ်လေးချစ်တဲ့ မိသားစုကြီးနှင့်မခွဲမခွါအတူတကွ သာယာပျော်ရွှင်နိုင်ပါစေ မငွေသိမ်းရေ.. မှတ်ချက်…မွေးနေ့လက်ဆောင်ကတော့ ငဗစ်အလွန် ”ဆိုပြီး မွေးေ န့ဆုတောင်းပေးလာပါတယ်..။

သရုပ်ဆောင် ခင်လှိုင်ကတော့ “ သားကိုသခင် လင်ကိုဘုရား ” ဆိုတဲ့စကားကို ချစ်ဇနီးမငယ်ကြောင့်မှ သိခွင့်ရခဲ့တယ်ဆိုပြီး ကြည်ကြည်နူးနူးပြောလာတာပဲ ဖြစ်ပါတယ်။ ခင်လှိုင်တို့ မိသားစုလေး အခုလိုပဲ ထာဝရပျော်ရွှင်ပြီး သာယာအေးချမ်းတဲ့ နေ့ရက်တွေကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်..။

Source: Khin Hlaing’s fb
Credit– Cele Connections