


Source: Phyo Myat Aung ‘s fb

ချစ်လှစွာသောပရိတ်သတ်ကြီးရေ Myanmar Idol Season (3) ရဲ့ Winner ဆုရှင် ဖြိုးမြတ်အောင်ကတော့ ပြိုင်ပွဲဝင်နေစဉ် ကာလတလျှောက်လုံး ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိပိုင်ဆိုင်ခဲ့ပြီး ယနေ့ထိတိုင် အောင်မြင်မှုတွေရရှိနေဆဲ ဖြစ်ပါတယ်။အဆိုတော် ဖြိုးမြတ်အောင်က လက်ရှိမှာ နိုင်ငံကျော် အဆိုတော် တစ်ယောက်အဖြစ် ဂီတလောကမှာ အောင်မြင်မှုတွေ ဆွတ်ခူးထားသလို သူ့ရဲ့ တစ်ကိုယ်တော်အယ်လ်ဘမ်ဖြစ်တဲ့ “ သင့်အတွက်မနက်ဖြန် ” အခွေကိုလည်း တစ်နိုင်ငံလုံးဖြန့်ချီ ထုတ်လုပ်ထားနိုင်တာပဲ ဖြစ်ပါတယ်။ လက်ရှိမှာလည်း အဆိုတော် ဖြိုးမြတ်အောင်က သူ့ရဲ့ပရိသတ်တွေအတွက် အနုပညာအလုပ်တွေကို လုပ်ကိုင်ရင်း သီချင်းသစ်တွေကို အမြဲတမ်းချပြနိုင်ဖို့ ကြိုးစားနေတာပဲ ဖြစ်ပါ တယ်..။

လက်ရှိမှာတော့ အွန်လိုင်း Live Sale တွေအပြင် သီချင်းသ စ်တွေအတွက်လည်း MV တွေကို ရိုက်ကူးနေရတဲ့ အဆိုတော် ဖြိုးမြတ်အောင်က ဒီတစ်ခေါက်မှာ တော့ အချောအလှမှာ နာမည်ကြီးတဲ့ မင်းသမီးနှစ်ယောက်ဖြစ်တဲ့ အိချောပိုနဲ့ မေမြင့်မိုရ်နဲ့ ဆုံတွေ့ခဲ့ကြောင်း သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ မျှဝေပေးလာပါတယ်။ ဖြိုးမြတ်အောင်ကတော့ မေမြင့်မိုရ်နဲ့ အိချောပိုတို့နှစ်ယောက်ကြား အလည်မှာထိုင်ရင်း “ ဘာဆက်ရေး ရမှန်းမသိတော့ဘူး 🙈🙈 ” ဟုဆိုပြီး မနေတတ် မ ထိုင် တတ်အောင် ရှက်နေ တာကို တွေ့ရပါတယ်..။

နိုင်ငံကျော်အဆိုတော် ဖြိုးမြတ်အောင်ကတော့ နာမည်ကြီးအချောအလှမင်းသမီးနှစ်ယောက်နဲ့ နီးနီးကပ်ကပ်ဆုံတွေ့ခွင့်ရတဲ့အခါမှာ ရင်ခုန်သံတွေမြန်ဆန်လာပြီး မနေတတ်မထိုင်တတ်အောင်ဖြစ်နေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း မိန်းမလှလေးတွေနဲ့ ဆုံတွေ့ခွင့်ရခဲ့တဲ့ ဖြိုးမြတ်အောင်ကို အားကျနေကြပြီ ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက် ပါတယ်နော်..။

Credit – Cele Connections