



ချစ်ပရိသတ်ကြီးရေ အဆိုတော်တစ်ယောက်လည်းဖြစ်သလို နောက်ပိုင်းမှာ ဟာသသရုပ်ဆောင်တစ်ယောက်အဖြစ်လည်း လှုပ်ရှားနေပြီဖြစ်တဲ့ ဂျိုကာကတော့ တစ်နိုင်ငံလုံး လူကြီး၊ လူငယ်တိုင်း သိပြီးသား အနုပညာရှင်တစ်ယောက်ပါ။ ဂျိုကာကတော့ အစ်ကိုဖြစ်သူ အဆိုတော် ရဲလေးရဲ့ လမ်းပြညွှန်ကြားမှုနဲ့ အနုပညာလောကထဲကို ဝင်ရောက်လာခဲ့တာမို့ အစ်ကိုဖြစ်သူနဲ့အတူတူ အလုပ်တွေ တွဲဖက်လုပ်ကိုင်သလို တစ်ဖက်မှာလည်း သူတစ်ယောက်တည်း အနုပညာလှုပ်ရှားမှုတွေကို လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကတော့ ချစ်စရာကောင်းပြီး ပျော်ပျော်နေတတ်တဲ့ ဂျိုကာကို အရမ်းချစ်ပြီး အမြဲတမ်း စောင့်ကြည့်အားပေးနေကြတာပဲ ဖြစ်ပါတယ်။

အဆိုတော် ဂျိုကာတစ်ယောက် အောင်မြင်ခြင်းရဲ့နောက်ကွယ်မှာတော့ သူ့ကို ပံ့ပိုးပေးတဲ့ အမေနဲ့ အစ်ကိုတို့ရှိသလို သူ့ရဲ့ချစ်သူမိန်းကလေးလည်းရှိတာ ပရိသတ်ကြီးအားလုံး သိပြီးသားနေမှာပါ။ ဒီကနေ့မှာလည်း ဂျိုကာက ရှုတင်တိုင်းကို မငြီးမငြူလိုက်ပေးပြီး လိုအပ်တာမှန်သမျှ ဖြည့်ဆည်းပေးတဲ့ချစ်သူကို “တခါတလေ လိုအပ်တဲ့အခါမျိုးကျရင် ဂျွီးရဲ့Personal Talent Managerလေးက တော်တော်အားကိုးရသား 😊🥰 အဲ့တော့ချစ်တယ် … ဝါးတုတ်လေးရေ 🤡💛👽” ဆိုပြီး အရမ်းချစ်တဲ့အကြောင်း ပြောလာတာပဲ ဖြစ်ပါတယ်။

ဂျိုကာတို့ ချစ်သူသမီးရည်းစားနှစ်ယောက်ကတော့ ချစ်သူသက်တမ်းတွေလည်း အတော်လေး ကြာမြင့်ခဲ့ပြီဖြစ်သလို တစ်ယောက်နဲ့တစ်ယောက် ဘယ်အရာက လိုအပ်နေလဲဆိုတာ ပြောစရာမလိုအောင် သိကြတာပဲ ဖြစ်ပါတယ်။ ဂျိုကာတို့ ချစ်သူနှစ်ယောက် အမြန်ဆုံး ရွှေလက်တွဲ လက်ထပ်နိုင်ကြဖို့ ပရိသတ်တွေက မျှော်လင့်နေကြတာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ချစ်ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုမွန်ကာင်းတောင်းပေးလိုက်ပါတယ်နော်….။

Source: Wai Yan Tun Min ‘s fb
Credit– Cele Connections