



Source: Thazin Htoo Myint ‘s fb

ချစ်လှစွာသောပရိတ်သတ်ကြီးရေ တစ်ယောက်တစ်မျိုးစီ လှပပြီး ချစ်စရာေ ကာင်းလွန်းတဲ့ မင်းသမီးလေးတွေဖြစ်ကြတဲ့ သဇင်ထူးမြင့်နဲ့ ယွန်းယွန်းတို့ကတော့ တူညီတဲ့ အနုပညာနယ်ပယ်မှာ ကျင်လည်နေကြသူများ ဖြစ်ကြပါတယ်။ သဇင်ထူးမြင့်ကတော့ သရုပ်ဆောင် ခင်လှိုင်ရဲ့ သမီးဖြစ်ပြီး အကယ်ဒမီရွှေကြို မယ်တစ် ယောက်အဖြစ် အနုပညာနယ်ပယ်ထဲကို ရောက်ရှိလာခဲ့သလို ယွန်းယွန်းကတော့ ငယ်ငယ်ကတည်းက ကလေးသရုပ်ဆောင်အဖြစ် အောင်မြင်ခဲ့သူတစ်ယောက် ဖြစ်ပါတယ်။ အခုလက်ရှိမှာလည်း ယွန်းယွန်းနဲ့ သဇင်ထူးမြင့်တို့က အနုပညာ အလုပ်တွေကို အတူတူလုပ်ကိုင်ကြသလို ခင်မင်တဲ့ အချစ်ဆုံးသူငယ်ချင်းတွေ အဖြစ်ရှိနေတာပဲ ဖြစ်ပါတယ်..။

ဒီကနေ့ ဇန်နဝါရီလ (၁၉) ရက်နေ့ကတော့ ယွန်းယွန်းရဲ့ မွေးနေ့လေးပဲဖြစ်ပြီး အချစ်ဆုံးသူငယ်ချင်းဖြစ်တဲ့ သဇင်ထူးမြင့်က ယွန်းယွန်းရဲ့ မွေးနေ့အတွက် အမှတ်တရတွေဖန် တီးနိုင်ခဲ့ကြောင်း “ Happy Birthday Yoon💖ယော်ကွန်း..မွေးနေ့မနက်မှာ အောင်အောင်မြင်မြင်နဲ့ surprise လုပ်နိုင်ခဲ့ပြီ😅 အရမ်းချစ်တယ်ဆိုတာတော့ သိတယ်ဟုတ်…အသက်က ၁၉ ရက်ပဲကွာတဲ့အပြင် မွေးနေ့ရာသီခွင်တူ အရပ်တူ ပေါင်ချိန်တူ ဖိနပ်ဆိုဒ်တူ အကြိုက်တူ အကုန်တူတဲ့အမြွာညီမလေး😘 ဒီထပ်အောင်မြင်ပျော်ရွှင်တဲ့ဘဝ ကိုပိုင်ဆိုင်ပါစေ။ နောက်နှစ်တွေအများကြီးထိ တူတူရှိကြမယ်နော် ”

“ နင့်ကိုမပစ်ထားပါဘူးဟာ။ ပျော်စေချင်လွန်းလို့ ၁၇ ရက်နေ့တည်းက ကြိုစီစဉ်နေကြတာ။ program ထွက်လာမှကြည့်နော်။ နိုးတာနဲ့ဖုန်းဆက်စကား တွေပြော တတ်တော့ နင်မသိအောင်လစ်ထွက်ရတာ လွယ်မနေဘူးဟယ်။ တနေကုန်လုံးပျောက်နေတာ နဲ့စာတွေပို့ အိပ်နေတာလား နင်နေကောင်းရဲ့လားနဲ့ ပူနေတာမြင်လေ ငါကမနေနိုင်တွေဖြစ်လေ မနည်းကိုဟန်ဆောင်နေရတယ် ဝွန်းးး……ဖုန်း၂ရက်လုံးသေချာမပြောဘူး ငါလိမ်တိုင်းနင်မိလို့ ကြောက်လို့ လိုင်း ပေါ်တောင် မတက်ဘူး😂ညကလည်း seen မပြဘူး BD wish လည် းမလုပ်ပဲကို log out ထားတာ ငါကွ!!!! ” ဟုဆိုပြီး ယွန်းယွန်းအတွက် မွေးနေ့ဆုတောင်းပေးလာခဲ့ပါတယ်..။

သဇင်ထူးမြင့်ကတော့ ယွန်းယွန်းကို မွေးနေ့မှာ Surprise ဖြစ်ပြီး ပျော်စေချင်လွန်းလို့ စိတ်ကိုမနည်းချုပ်တည်းပြီး အသေးစိတ် စီစဉ်ခဲ့ရကြောင်း ပြောပြလာတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း သူငယ်ချင်းအပေါ် အရမ်းချစ်ပြီး ဂရုစိုက်လွန်းတဲ့ သဇင်ထူးမြင့်ကိုကြည့်ပြီး သဘောကျနေကြမယ် ထင်ပါ တယ်နော်။ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင် နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါ တယ်နော်..။

Credit – Cele Connections