unicode
ချစ်လှစွာသော ပရိသတ်ကြီးရေ မေ့ဂရေ့စ်ကတော့ ကပြားမလေး တစ်ဦးဖြစ်ပြီး ယောကျာ်းလေးတိုင်း သဘောကျအားပေးရတဲ့ မော်ဒယ်လ်မင်းသမီးတစ်လက်ပဲ ဖြစ်ပါတယ် ။သူမကတော့ စကားပြောရင်လည်း အေးအေးလေးနဲ့ ချစ်စရာကောင်းသူတစ်ဦးဖြစ်တဲ့အပြင် ပညာရေးဘက်မှာလည်း ထူးချွန်တဲ့သူတစ်ယောက်ပါ။
လက်ရှိမှာလည်း ကြော်ငြာများစွာ ရိုက်ကူးနေပြီး သရုပ်ဆောင်လည်း လုပ်နေပြီပဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ Covid 19ဖြစ်ပွားနေတာကြောင့် သူမအိမ်မှာပဲ Stay Homeနေကာ ကိတ်မုန့်ဖုတ်တာတွေအပြင် TikTok တွေလည်း ဆော့ကာ အလှပုံရိပ်လေးတွေ ကိုလည်းည သူမရဲ့ လူမှုကွန်ရက်စာမျက်နှာ မှာ ဝေမျှလေ့ရှိပါတယ်။
ဒီနေ့မှာ မေဂရေစ်တင်လာတဲ့ပုံလေးမှာ နှမသားချင်းမစာမနာ မန့်ခဲ့တဲ့ပရိသတ် တစ်ယောက်ကို”အခုမေရဲ့ကော်မန့်ကမေ့ရဲ့post တခုတင်တိုင်းအကောင့်တခုနှစ်ခုက မေရဲ့ရင်နဲ့ဖင်ပြားကပ်ကြောင်းပုံမှန်ကော်မန့်ပေးတတ်တဲ့သူအချိုတို့အတွက်ဖတ်စေချင်လို့ရေးတာပါ။”မေ့ရဲ့Page လေးကိုအချိန်ပေးပီးဂရုတစိုက်ကော်မန့်လေးတွေပေးတာ မေတကယ်ဝမ်းသာပါတယ်၊ကျေးဇူးလည်းတင်ပါတယ်။ဒီ reply လေးက ကိုဝင်းသန်းတယောက်ထဲအတွက်ပဲလို့မရည်ရွယ်ပါဘူး။ကိုဝင်းသန်းလိုအခြားဆင်တူကော်မန့်ပေးသူတွေကိုလည်းဖတ်စေချင်တယ်ကွယ်။ မေ့ရဲ့Page မှာ ရှိတဲ့ မေချစ်ရတဲ့သူ follower ရဲ့တဝက်ကမိန်းခလေးအပျိုလေးတွေအများဆုံးနဲ့၊အမျိုးသမီးတွေပါ။မေ့တို့မိန်းခလေးအားလုံးကလှချင်ကြတာသဘာဝပါ၊ဘယ်သူမှတားလို့မရ ပါဘူး။
လူတိုင်းလူတိုင်းမှာအားနည်းချက်အားသာချက်တွေကိုယ်စီရှိကြမှာပါ။ပြုပြင်ချင်ရင်ပြုပြင်၊မပြုပြင်ချင်ရင်လည်းကိုယ့်သဘောပဲလေ၊ အခုလိုမိန်းခလေးတယောက်ရဲ့ရင်ဘတ်နဲ့တင်နဲ့သေးနေတာဟာ၊အခြားအပြင်လူတွေအတွက် ရီစရာနောက်စရာဟာသတခုအဖြစ်နဲ့နောက်စရာလှောင်စရာဖြစ်သင့်လားပေါ့ ? စဉ်းစားစေချင်တယ်ပြီးတော့ I want to be proud of my each fan who loves me as a real me. မေ့လိုပဲအခြားမိန်းခလေးတွေကိုအဲ့လိုမလှောင်စေချင်ဘူးကွာ။အခုဆိုရင်ဘတ်ကြီးအောင်လုပ်ရတာလည်းလွယ်ပါတယ် ၊ရင်ဘတ်သေးနေလို့လည်းစိတ်မကောင်းမဖြစ်ပါဘူး။ကိုယ်ဖြစ်တည်မှုကိုကိုယ်ချစ်တတ်အောင်နေ့စဉ်ကြိုးစားနေတယ်။ပိုလည်းချစ်တတ်လာတယ်လိုထင်တယ်။အခုလိုစာအရှည်ကြီးရေးပီးရှင်းပြတာလည်းချစ်လို့ဆိုတာသိစေချင်တယ်လို့” 😍မေရဲ့Page နေရာ လေးကမေ့တယောက်ထဲအတွက်မဟုတ်ပဲအားလုံးအတွက်အချစ်များနဲ့ပြည့်လျှံနေမဲ့ဆုံဆည်းရာPage နေရာလေးဖြစ်ချင်တယ်😍🥰😘”ဆိုကာ လိမ္မာပါးနပ်ယဉ်ကျေးစွာတုန့်ပြန်ပြောဆိုခဲ့တာပါ။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်နော်။
Source: May Grace Parry
Credit -Myanmar Cele-Cafe