


Source : Paing Phyo Thu

ချစ်လှစွာသော ပရိသတ်ကြီးရေ သရုပ်ဆောင်မင်းသမီးချောလေး ဒေါက်တာပိုင်ဖြိုးသုကတော့ ပရိသတ်အားပေးမှုအခိုင်အမာရရှိထားတဲ့မင်းသမီးတစ်ယောက်ဖြစ်ပြီး ဒါရိုက်တာ ဏကြီးရဲ့ ချစ်ဇနီးလေးလည်းဖြစ်ပါတယ် ။ လတ်တလောမှာတော့ အိမ်ထောင်သည်တစ်ယောက်အနေနဲ့ အိမ်ထောင်မကျသေးတဲ့ သူမရဲ့ မိန်းကလေး ပရိသတ်တွေကို သုသုက အခုလိုအကြံတစ်ခုပေးလာခဲ့ပါတယ်..။

လွန်ခဲ့သော (၆)နှစ်တုန်းက ကလော ပင်းတယ တဝိုက်တွင်သာယာခဲ့စဉ်က ပုံရိပ်လေးတွေနဲ့အတူ ညီမလေးတွေအားလုံး မမသုသု ကြိုပြောပြထားမယ်နော် ညီမလေးတို့ရည်းစားတွေကိုလေ ရည်းစားဘဝမှာ ဓါတ်ပုံများများသာရိုက်ခိုင်းထား အဲ့အချိန်ပဲသူတို့က ကိုယ်တွေကိုလှတယ်မြင်ပြီး ဓါတ်ပုံတွေလိုက်ရိုက်ပေးလို့ မဝနိုင်ဖြစ်နေတာ အိမ်ထောင်ကျပြီးလို့ကတော့ လမ်းဘေးကအမှိုက်ပုံနဲ့ ကိုယ်နဲ့ယှဉ်ရင်တောင် အမှိုက်ပုံကြီးကပိုပြီး ဓါတ်ပုံရိုက်ချင်စရာကောင်းနေတာမျိုး ဆိုတဲ့စာသားလေးနဲ့အတူ မိန်းကလေးပရိသတ်တွေအတွက် လူမှုကွန်ရက်စာမျက်နှာကနေတဆင့် အကြံပေးစကား ရေးသားခဲ့ပါတယ်.. ။

မယုံရင် ခင်ပွန်းဖြစ်သူ ဦးဏကြီး camera ထဲလာကြည့်လှည့် လမ်းဘေးကသံချေးတက်နေတဲ့ စက်ဘီးအစုတ်ကစ ပင့်ကူအိမ်ထိတွေ့ရမယ်….မမသုသုပုံ မပါစေရဘူးလို့ အရွှန်းဖောက်ရေး သားထားပါသေး တယ်။သရုပ်ဆောင်မင်းသမီးလေး သုသုနဲ့ အဖြစ်ချင်းတူနေတဲ့ ပရိသတ်တွေကတော့ သုသုလိုကြုံတွေ့ရကြောင်း မှတ်ချက်တွေ ရေးသားခဲ့ကြပါတယ် ။ ကဲ ပရိသတ်ကြီးရေ ချစ်သူကောင်လေးကို ရည်းစားဘဝမှာ ဓာတ်ပုံ အဝရိုက်ခိုင်းထားဖို့ မမေ့ကြနဲ့နော် ။ဖတ်ရှူ့ပေးကြတဲ့ ပရိတ်သတ်ကြီးအားလုံးလည်း သာယာတဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ် နော်..။

Credit (Cele Gabar)