


Source: Nay Chi Oo’s fb

ချစ်စရာကောင်းပြီး သွက်သွက်လက် လက် ထက်ထ က်မြက်မြက်ရှိတဲ့ မိန်းကလေး သရုပ်ဆောင် နေခြည်ဦးကတော့ ချမ်းသာတဲ့ မိဘအသိုင်းအဝိုင်းက ဆင်းသက်သူလူ တစ်ယောက်ဖြစ်ပေမယ့် ကိုယ့်အားကိုယ်ကိုးပြီး ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နေသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ တစ်နေ့တစ်ခြား အောင်မြင်မှုတွေများစွာ ရရှိလာတဲ့ နေခြည်ဦးက သူမ ရရှိသမျှ ဝင်ငွေတွေကို အသုံးပြုပြီး အလှူအတန်းတွေများစွာကိုလည်း ရက်ရက်ရောရော ပြုလုပ်လေ့ရှိသလို ရလာတဲ့ ဘဝမှာလည်း စမတ်ကျကျနေထိုင်ဖြတ်သန်းတတ် သူတစ်ယောက် ဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း နေခြည်ဦးက မိန်းကလေးတိုင်း အားကျရတဲ့သူတစ်ယောက်ဖြစ်လို့နေတာ ထူးဆန်းမယ်မထင်ပါဘူး..။

ဒီကနေ့မှာလည်း သရုပ်ဆောင် နေခြည်ဦးက သူမရဲ့ မေမေနဲ့ ညီမလေး စိမ်းလဲ့ရတနာကိုခေါ်ပြီး ရန်ကုန်မြို့က အမိုက်စား 5 Stars Hotel ကြီးမှာ အနားယူနေတာကို တွေ့ရပါတယ်။ နေခြည်ဦးက သူမရောက်ရှိနေတဲ့ Hotel ကြီးရဲ့ အတွင်းခန်းတွေကို လှည့်လည်ပြသခဲ့ပြီး နေခြည့်ရဲ့ မေမေနဲ့ ညီမလေး စိမ်းလဲ့တို့ကလည်း သဘောကျကျေနပ်နေကြတာကို တွေ့ရပါတယ်။ ပရိသတ်ကြီးအတွက် နေခြည်ဦးတို့ မိသားစုတွေရဲ့ ဗီဒီယိုလေးကိုပြန်လည် မျှဝေပေးလိုက်ပါတယ်နော်..။

သရုပ်ဆောင်မင်းသမီးချောလေး နေခြည်ဦးကတော့ ခရစ္စမတ်အားလပ်ရက်ကို မေမေ၊ ညီမလေး စိမ်းလဲ့တို့နဲ့ ြ ဖတ်သန်းဖို့ အမိုက်စား Hotel ကြီးဆီ ရောက်ရှိလို့နေပြီပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း နေခြည်ဦးရဲ့ ဗီဒီယိုလေးကိုကြည့်ပြီး အားကျစိတ်တွေ တဖွားဖွားဖြစ်လာကြမယ် ထင်ပါတယ်နော် ။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်..။

Credit – Cele Connections