သီခ်င္းတစ္ပုဒ္ျဖစ္ျဖစ္၊ ရုပ္ရွင္ဇာတ္ကားျဖစ္ျဖစ္၊ ပြဲေတာ္တစ္ခုျဖစ္ျဖစ္ အသစ္အဆန္းရိွရင္ အနုပညာ ညီအစ္ကိုေမာင္နွမေတြက တစ္ေယာက္ကိုတစ္ေယာက္ အသီးသီးဝန္းရံအားေပးၾကတာ တကယ့္ကို ခ်စ္စရာေကာင္းတဲ့ အေလ့အထေလး တစ္ခုပါပဲ။ ရုပ္ရွင္ေလာကသားေတြကလည္း ရုပ္ရွင္ဇာတ္ကားေတြအတြက္ ဝန္းရံအားေပးၾကသလို ဂီတေလာကသားေတြကလည္း သီခ်င္းတစ္ပုဒ္၊ အယ္လ္ဘမ္တစ္ေခြ အတြက္ လိႈက္လိႈက္လွဲလွဲ ဝန္းရံေပးၾကတာ ပရိသတ္ၾကီးလည္း ျမင္ဖူးၾကံဳဖူးၾကမယ္ ထင္ပါတယ္..။

ယခုအခ်ိန္မွာေတာ့ ဂီတ၊ ရုပ္ရွင္၊ သဘင္ နယ္ပယ္အသီးသီးက အနုပညာရွင္ေတြက ပရိသတ္ေတြကို စိတ္ဝင္စားစရာတစ္ခုတိုးေအာင္ ျပဳလုပ္ခဲ့ျပန္တာကို ေတြ့ရပါတယ္။ ေနတိုး၊ မင္းေမာ္ကြန္း၊ ေက်ာ္ေက်ာ္ဗိုလ္၊ ရဲေလး၊ ထြန္းထြန္း၊ ျဖိဳးေလး၊ ဝါဆိုမိုးဦး၊ ကိုေပါက္၊ ဟန္ဇာမိုးဝင္း၊ တင္ေမာင္ဆန္းမင္းဝင္း၊ ေမႏြယ္ထြန္းစတဲ့ အနုပညာရွင္ေတြက သူတို့ရဲ့ ေဖ့စ္ဘုတ္စာမ်က္နွာ အသီးသီးမွာ “ လမ္းေဘးေကာ္ဖီ ေသာက္ခ်င္တယ္.. ” ဟုဆိုျပီး အသီးသီး Status ေတြ တင္ခဲ့ၾကတာေၾကာင့္ ျဖစ္ပါတယ္..။

ပရိသတ္ေတြကေတာ့ အနုပညာရွင္ေတြက ၾကီးၾကီးမားမား တစ္စံုတစ္ခုအတြက္ အရိပ္အျမြတ္ေပးေနတာလား ? တျခား ဘာကိုဆိုလိုခ်င္လဲ? ဆိုတာကို အသည္းအသန္ စိတ္ဝင္စားေနၾကတာ ျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း “ လမ္းေဘးေကာ္ဖီ ေသာက္ခ်င္တယ္.. ” ဆိုတာ ဘာမ်ားျဖစ္မလဲ ခန့္မွန္းေျပာျပခဲ့ပါဦးေနာ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ဆုမြန္ေကာင္းေတာင္းေပးလိုက္ပါတယ္ေနာ္..။

Source: Nay Toe & Kyaw Kyaw Bo’s fb

သီချင်းတစ်ပုဒ်ဖြစ်ဖြစ်၊ ရုပ်ရှင်ဇာတ်ကားဖြစ်ဖြစ်၊ ပွဲတော်တစ်ခုဖြစ်ဖြစ် အသစ်အဆန်းရှိရင် အနုပညာ ညီအစ်ကိုမောင်နှမတွေက တစ်ယောက်ကိုတစ်ယောက် အသီးသီးဝန်းရံအားပေးကြတာ တကယ့်ကို ချစ်စရာကောင်းတဲ့ အလေ့အထလေး တစ်ခုပါပဲ။ ရုပ်ရှင်လောကသားတွေကလည်း ရုပ်ရှင်ဇာတ်ကားတွေအတွက် ဝန်းရံအားပေးကြသလို ဂီတလောကသားတွေကလည်း သီချင်းတစ်ပုဒ်၊ အယ်လ်ဘမ်တစ်ခွေ အတွက် လှိုက်လှိုက်လှဲလှဲ ဝန်းရံပေးကြတာ ပရိသတ်ကြီးလည်း မြင်ဖူးကြုံဖူးကြမယ် ထင်ပါတယ်..။

ယခုအချိန်မှာတော့ ဂီတ၊ ရုပ်ရှင်၊ သဘင် နယ်ပယ်အသီးသီးက အနုပညာရှင်တွေက ပရိသတ်တွေကို စိတ်ဝင်စားစရာတစ်ခုတိုးအောင် ပြုလုပ်ခဲ့ပြန်တာကို တွေ့ရပါတယ်။ နေတိုး၊ မင်းမော်ကွန်း၊ ကျော်ကျော်ဗိုလ်၊ ရဲလေး၊ ထွန်းထွန်း၊ ဖြိုးလေး၊ ဝါဆိုမိုးဦး၊ ကိုပေါက်၊ ဟန်ဇာမိုးဝင်း၊ တင်မောင်ဆန်းမင်းဝင်း၊ မေနွယ်ထွန်းစတဲ့ အနုပညာရှင်တွေက သူတို့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာ အသီးသီးမှာ “ လမ်းဘေးကော်ဖီ သောက်ချင်တယ်.. ” ဟုဆိုပြီး အသီးသီး Status တွေ တင်ခဲ့ကြတာကြောင့် ဖြစ်ပါတယ်..။

ပရိသတ်တွေကတော့ အနုပညာရှင်တွေက ကြီးကြီးမားမား တစ်စုံတစ်ခုအတွက် အရိပ်အမြွတ်ပေးနေတာလား ? တခြား ဘာကိုဆိုလိုချင်လဲ? ဆိုတာကို အသည်းအသန် စိတ်ဝင်စားနေကြတာ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း “ လမ်းဘေးကော်ဖီ သောက်ချင်တယ်.. ” ဆိုတာ ဘာများဖြစ်မလဲ ခန့်မှန်းပြောပြခဲ့ပါဦးနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်..။

Bilie – Cele Connections