





unicode

ချစ်လှစွာသောပရိသတ်ကြီးရေ.. အနုပညာလောကမှာပရိတ် သတ်တွေရဲ့တစ်ခဲနက်အချစ်တွေကို အခိုင်အမာရရှိထားပြီး ပရဟိတအလုပ်တွေနဲ့ မွန်မြတ်တဲ့စိတ်ထားလေးတွေကြောင့် ပရိတ်သတ်ကို ပိုပြီးသတိထားမိလာစေတဲ့ အဆိုတော် G ကိုတော့ ပရိသတ်တွေနဲ့အထူးတလည် မိတ်ဆက်ပေးစရာ မလိုတော့ပါဘူးနော်..။

G ကတော့ The Voice Myanmar မှာဝင်ပြိုင်ပြီးတော့ အဆိုပိုင်းမှာ ပရိသတ်အချစ်တွေကို ရရှိထားသလို လွတ်လပ်ပေါ့ပါးပြီး ပကာသနကင်းတဲ့ သူမရဲ့နေထိုင်မှုပုံရိပ်လေးတွေကလည်း တကယ်ကို သဘောကျချစ်ခင် စရာကောင်းပါ တယ်နော်..။

ပရဟိတအလုပ်တွေကို စိတ်ပါလက်ပါနဲံ တက်အားသရွေ့လုပ်ဆောင်နေတဲ့ G ကတော့ အခုတစ်ခါမှာလည်း လူနာတင်ကားကို ကိုယ်တိုင်မောင်းပြီး စေတနာ့ဝန်ထမ်းလုပ်ဆောင်နေတဲ့ ပုံရိပ်လေးတွေကို ဝေမျှလာပါ တယ်နော်..။

PPE ဝတ်စုံဝတ်ကာ လူနာတင်ကားကိုယ်တိုင်မောင်းပြီး စေတနာဝန်ထမ်းလုပ်နေတဲ့ G ရဲ့ ချီးကျူးစရာ ပုံရိပ်လေးတွေကလည်း မြင်သူတိုင်းကို နှစ်သက်အားရသဘောကျစေမှာပါနော် ..။

“အခုတလော လမ်းကြောင်းတွေ လုထွက်နေရတယ်..” ဟုဆိုပြီး စေတနာဝန်ထမ်းလုပ်ခဲ့တဲ့ ပုံရိပ်လေးတွေကို ဝေမျှထားတာဖြစ်ပြီး ပရိသတ်တွေကလည်း ချီးကျူးအားပေးစကားလေးတွေ ဆိုထားကြပါ တယ်နော်..။

ဖြူစင်ပြီးချစ်စရာကောင်းသလို စိတ်ထားလေးလည်း မွန်မြတ်တဲ့ G ရဲ့ စေတနာဝန်ထမ်းအဖြစ် လုပ်ဆောင်နေတဲ့ လှုပ်ရှားမှုလေ းတွေကို ချစ်ပရိသတ်တွေအတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော် ..။

credit – Myanmarload