ခ်စ္ပရိသတ္ႀကီးေရ အဆိုေတာ္ Ar-T ကေတာ့ ပရိသတ္ေတြရင္ထဲကို ထိရွေစတဲ့ စာသားေတြနဲ႔ သီခ်င္းေတြကို အၿမဲသီဆိုေလ့ရွိတဲ့သူတစ္ဦးပဲျဖစ္ပါတယ္…။သူ႔ရဲ႕ သီခ်င္းေတြကို ပရိသတ္ေတြသာမက အႏုပညာရွင္ေတြပါ သေဘာက်ႏွစ္သက္အားေပးျခင္းခံရတဲ့ အဆိုေတာ္တစ္ေယာက္ဆိုလည္းမမွားပါဘူးေနာ္…။

Covidကာလမွာလည္း သီခ်င္းသစ္ေတြဆက္တိုက္ထြက္ရွိခဲ့ၿပီး သူ႔ရဲ႕ သီခ်င္းMTVေတြဟာဆိုရင္လည္း လူငယ္ေတြၾကားမွာအေျပာမ်ားေရပန္းစားေနတာပဲျဖစ္ပါတယ္…။ လူငယ္ေတြခံစားခ်က္နဲ႔တိုက္ဆိုင္တဲ့သီခ်င္းေတြကိုေရသားေဖာ္ၾကဴးႏိုင္တဲ့အျပင္ Mtvေတြကိုလည္း သူမ်ားနဲ႔မတူ ဆန္းသစ္တဲ့အိုင္ဒီယာေတြကို အၿမဲခ်ျပေလ့ရွိတဲ့သူျဖစ္တာေၾကာင့္ လူငယ္ပရိသတ္ေတြရဲ႕ အားေပးမႈအခိုင္အမာရရွိထားသူပါ…။

လတ္တေလာမွာေတာ့ ဒီဇင္ဘာလ၁၃ရက္ေန႔ညက ၾကယ္ေတြေႂကြတာနဲ႔ပတ္သက္ၿပီး”အျပင္မွာၾကယ္​ေတြ​ေႂကြ​ေနတယ္ 💫🌠💫 ယုံၾကည္မလား​ေတာ့မသိဘူး ! လြန္ခဲ့တဲ့ ၁၆ ႏွစ္ 2004 မႏၲ​ေလး UFL မွာည​ေက်ာင္းတက္​​ေနတဲ့အခ်ိန္ အိမ္အျပန္လမ္းမွာ ဆိုင္ကယ္​ေမာင္းရင္း ၾကယ္ေႂကြတာကို ထင္ထင္ရွားရွားႀကီး ျမင္လို႔ ဆု​ေတာင္းခဲ့ဖူးတယ္… ။ ဆိုင္ကယ္​ေမာင္း​ေနရင္း ၾကယ္​ေႂကြတာျမင္​ေတာ့ ​ေမာင္း​ေနတဲ့ လက္ႏွစ္ဖက္ကိုလႊတ္ , လက္အုပ္ခ်ီၿပီး ​ေတာင္းခဲ့တဲ့ ဆုက ဘာဆုလည္းသိလား ? ” က်​ေနာ္ အဆို​ေတာ္ျဖစ္ပါ​ေစ ” တဲ့ ….က်​ေနာ့္အိပ္မက္​ေတြက ​ေစ်းႀကီးတယ္.. ။ နတ္ႀကီးတယ္ ။ ကိုယ္​ေတာင္းခဲ့တဲ့ ဆု အတြက္ အခုထိ ႐ုန္းကန္​ေနရတုန္း …. Feeling 36 🌠” ဆိုတဲ့စာေလးနဲ႔ ရင္ဖြင့္ေျပာျပခဲ့တာပါ…။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံး သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုမြန္ေကာင္းေတာင္းေပးလိုက္ပါတယ္ေနာ္…။

Source: Ar-T
credit– Myanmar Cele-Cafe

ချစ်ပရိသတ်ကြီးရေ အဆိုတော် Ar-T ကတော့ ပရိသတ်တွေရင်ထဲကို ထိရှစေတဲ့ စာသားတွေနဲ့ သီချင်းတွေကို အမြဲသီဆိုလေ့ရှိတဲ့သူတစ်ဦးပဲဖြစ်ပါတယ်…။သူ့ရဲ့ သီချင်းတွေကို ပရိသတ်တွေသာမက အနုပညာရှင်တွေပါ သဘောကျနှစ်သက်အားပေးခြင်းခံရတဲ့ အဆိုတော်တစ်ယောက်ဆိုလည်းမမှားပါဘူးနော်…။

Covidကာလမှာလည်း သီချင်းသစ်တွေဆက်တိုက်ထွက်ရှိခဲ့ပြီး သူ့ရဲ့ သီချင်းMTVတွေဟာဆိုရင်လည်း လူငယ်တွေကြားမှာအပြောများရေပန်းစားနေတာပဲဖြစ်ပါတယ်…။ လူငယ်တွေခံစားချက်နဲ့တိုက်ဆိုင်တဲ့သီချင်းတွေကိုရေသားဖော်ကြူးနိုင်တဲ့အပြင် Mtvတွေကိုလည်း သူများနဲ့မတူ ဆန်းသစ်တဲ့အိုင်ဒီယာတွေကို အမြဲချပြလေ့ရှိတဲ့သူဖြစ်တာကြောင့် လူငယ်ပရိသတ်တွေရဲ့ အားပေးမှုအခိုင်အမာရရှိထားသူပါ…။

လတ်တလောမှာတော့ ဒီဇင်ဘာလ၁၃ရက်နေ့ညက ကြယ်တွေကြွေတာနဲ့ပတ်သက်ပြီး”အပြင်မှာကြယ်​တွေ​ကြွေ​နေတယ် 💫🌠💫 ယုံကြည်မလား​တော့မသိဘူး ! လွန်ခဲ့တဲ့ ၁၆ နှစ် 2004 မန္တ​လေး UFL မှာည​ကျောင်းတက်​​နေတဲ့အချိန် အိမ်အပြန်လမ်းမှာ ဆိုင်ကယ်​မောင်းရင်း ကြယ်ကြွေတာကို ထင်ထင်ရှားရှားကြီး မြင်လို့ ဆု​တောင်းခဲ့ဖူးတယ်… ။ ဆိုင်ကယ်​မောင်း​နေရင်း ကြယ်​ကြွေတာမြင်​တော့ ​မောင်း​နေတဲ့ လက်နှစ်ဖက်ကိုလွှတ် , လက်အုပ်ချီပြီး ​တောင်းခဲ့တဲ့ ဆုက ဘာဆုလည်းသိလား ? ” ကျ​နော် အဆို​တော်ဖြစ်ပါ​စေ ” တဲ့ ….ကျ​နော့်အိပ်မက်​တွေက ​စျေးကြီးတယ်.. ။ နတ်ကြီးတယ် ။ ကိုယ်​တောင်းခဲ့တဲ့ ဆု အတွက် အခုထိ ရုန်းကန်​နေရတုန်း …. Feeling 36 🌠” ဆိုတဲ့စာလေးနဲ့ ရင်ဖွင့်ပြောပြခဲ့တာပါ…။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်…။

Source: Ar-T
credit– Myanmar Cele-Cafe