


Source: Lay Kyi Phyu’s fb

ချစ်လှစွာသောပရိတ်သတ်ကြီးရေ နိုင်ငံကျော် အမျိုးသမီး ဒါရိုက်တာ တစ်ယောက်ဖြစ်တဲ့ ကြည်ဖြူသျှင်ကတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည် ဦးဆောင်တဲ့ NLD ပါတီကို လေးစားယုံကြည်သူတစ်ယောက်ဖြစ်ပြီး လက်ရှိမှာတော့ စစ်အာဏာရှင်အစိုးရကို ပြည်သူတွေနဲ့အတူတူ ပြင်းထန်စွာ ရှုံ့ချနေသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာလည်း ဒါရိုက်တာကြည်ဖြူသျှင်က သမ္မတကြီးဦးဝင်းမြင့်လက်ထက်က ရိုက်ကူးခဲ့တဲ့ ဇာတ်လမ်းတွဲရိုက် ကွင်းသ တင်းကို ပြန်လည်ထုတ်လွှင့်နေတဲ့ နိုင်ငံပိုင်ရုပ်သံလိုင်းကို ရှုံ့ချကြောင်း သူမရဲ့ ဖေ့စ်ဘုတ် စာမျက်နှာမှာ အခုလိုပဲ ပြတ်သားစွာ ပြောလာပါတယ်..။

ဒါရိုက်တာ ကြည်ဖြူသျှင်က “ ( ​မြန်မာနိုင်ငံတော် “ သမ္မတကြီး ဦးဝင်းမြင့် ” လက်ထက် ရိုက်ကွင်းကသတင်းဟောင်းကြီးပါ ) NLD အစိုးရ၊ “ သမ္မတကြီးဦး ဝင်းမြင့် ” လက်ထက်က MRTV နဲ့အတူရိုက်ခဲ့တဲ့ ဇာတ်လမ်းတွဲရိုက်ကွင်းသတင်းကို၊အခုလိုကာလမှာ MRTV ကနေထုတ်လွှင့်နေမှုကို ကန့်ကွက်ရှုံ့ချပါသည် ၊ကျွန် မ တို့ဇာတ်လမ်းတွဲသည်၊ ရိုက်လက်စဖြစ်ပါ သည်၊မပြီးသေးပါ။ ၁ – ၂ – ၂၀၂၁ ရက်နေ့မှစ၍ ကျွန်မ ဒါရိုက်တာ ကြည်ဖြူသျှင် ၊ သရုပ်ဆောင် – အလင်း ရောင်၊ နော်ဖောအယ်ထားတို့သည် ထိုဇာတ်လမ်းတွဲရိုက်ကူးခြင်း ကိုနားထားပါသည်။ NLD အစိုးရလက်အောက် MRTV ပြန်မရောက်မချင်း၊ ကျွန်မ ဒါရိုက်တာ – ကြည်ဖြူသျှင် အနေဖြင့်ထိုဇာတ်လမ်းတွဲကို ဆက်လက်ရိုက်ကူးခြင်းမပြုတော့ပါ။ MRTV နှင့်မည်သည့်အလုပ်ကိစ္စမှဆက်လက် လုပ်ဆောင်ခြင်း ပြုမည်မဟုတ်ပါ။ ဒါရိုက်တာ ကြည်ဖြူသျှင် ၁၃ – ၂ – ၂၀၂၁ ” ဟုဆိုပြီး ပြောလာပါတယ်..။

ဒါရိုက်တာ ကြည်ဖြူသျှင်ကတော့ NLD အစိုးရလက်အောက် MRTV ပြန်မရောက်မချင်း သူမရိုက်ကူးနေဆဲဖြစ်တဲ့ ဇာတ်လမ်းတွဲကို ဆက်လက်ပြီး ရိုက်ကူးမှာမ ဟုတ်သလို MRTV နှင့်မည်သည့်အလုပ်ကိစ္စမှဆက်လက်လုပ်ဆောင်ခြင်း ပြုမည်မဟုတ်ဘူးလို့ ပြတ်သားစွာပြောလာတာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိ သတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက္ပါတယ်နော်..။

Credit – Cele Connections