ပရိတ္သတ္ႀကီးေရလတ္တေလာ ျမန္မာနိုင္ငံ ရဲ့ ဒီမီုကေရစီ အေရးမွာ အမွန္တရားကို လိုလားၾကတဲ့ ျပည္သူေတြနဲ႔အတူ အႏုပညာရွင္မ်ားစြာ ကလည္း ပူးေပါင္းပါဝင္ခဲ့ၾကပါတယ္။ ဒီလိုျပည္သူေတြနဲ႔အတူတစ္သားတည္း ပါဝင္လႈပ္ရွားတဲ့ အႏုပညာရွင္ေတြထဲမွာ သ႐ုပ္ေဆာင္မင္းေမာ္ကြန္း လည္းအပါအဝင္ပါပဲေနာ္ ။ မင္းေမာ္ကြန္းက လူထုလႈပ္ရွားမႈေတြမွာ ေအာင္ျမင္မႈေတြကို ေဘးခ်ိတ္ၿပီး လူငယ္ေတြရဲ့ အနာဂတ္ အိမ္မက္ေတြ မေပ်ာက္ေအာင္ တာဝန္သိ ျပည္သူတစ္ေယာက္အနဲ႔ စိတ္အားထက္သန္စြာပါဝင္ခဲ့ပါတယ္။

မင္းေမာ္ကြန္း ကေတာ့ ကိုယ္တိုင္လည္း လမ္းမထြက္ကာ လႈပ္ရွားမႈေတြမွာ စိတ္ေရာကိုယ္ပါႏွစ္ၿပီး ပါဝင္သလို ၿဖိဳခြင္းမႈေတြေၾကာင့္ ထိခိုက္နစ္နာသူေတြကိုလည္း စာနာ နားလည္မႈေလးေတြနဲ႔ အတူ ေဖးမကူညီမႈေလးေတြကိုလည္း ေဆာင္ရြက္ခဲ့ပါတယ္။ဒါေၾကာင့္လည္း သူ႔အေနနဲ႔ ၿခိမ္းေျခာက္ခံရမႈေတြ ရွိေနတာေၾကာင့္ ခုဆို မိသားစုနဲ႔ ခြဲခြာကာ တိမ္းေရွာင္ေနရတာလည္းျဖစ္ပါတယ္။ ဒီလို တိမ္းေရွာင္ေနရတဲ့ အခ်ိန္ေတြမွာေတာင္ သူ႔ရဲ့လူမႈကြန္ယက္ကေနၿပီး သတင္းအခ်က္အလက္ေတြနဲ႔အတူ ျပည္သူေတြ ခြန္အားျဖစ္ေစမယ့္ စာေလးေတြကို ေဝမၽွေပးေနဆဲပါ။

အခု လည္း သူ႔ကိုသတ္ဖို႔လိုအပ္ရင္ အခ်ိန္မေရြးလာ သတ္နိုင္ေၾကာင္းနဲ႔ ျပည္သူေတြအားလုံး ခ်စ္တဲ့ တိုင္းျပည္ႀကီးကိုေတာ့ နစ္နာေအာင္ မလုပ္ဖို႔ ခုလို စာေလးေရးကာေဝမၽွလာပါတယ္။ ” ငါ့ကိုသတ္ဖို႔လိုအပ္ရင္ အခ်ိန္မေရြးသာလာခဲ့သူငယ္ျခင္း ဒါေပမယ့္ ငါတို႔ခ်စ္တဲ့တိုင္းျပည္ကို နစ္နာရေအာင္မင္းျပန္မသတ္ပါနဲ႔ေတာ့” ဆိုၿပီး ေရးသားေဖာ္ျပထားရာ ပရိသတ္ႀကီးအတြက္ ျပန္လည္ေဖာ္ျပေပးရင္း မင္းေမာ္ကြန္းလည္း ေဘးအႏၲရာယ္ ကင္းရွင္းပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Credit

ပရိတ်သတ်ကြီးရေလတ်တလော မြန်မာနိုင်ငံ ရဲ့ ဒီမီုကရေစီ အရေးမှာ အမှန်တရားကို လိုလားကြတဲ့ ပြည်သူတွေနဲ့အတူ အနုပညာရှင်များစွာ ကလည်း ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။ ဒီလိုပြည်သူတွေနဲ့အတူတစ်သားတည်း ပါဝင်လှုပ်ရှားတဲ့ အနုပညာရှင်တွေထဲမှာ သရုပ်ဆောင်မင်းမော်ကွန်း လည်းအပါအဝင်ပါပဲနော် ။ မင်းမော်ကွန်းက လူထုလှုပ်ရှားမှုတွေမှာ အောင်မြင်မှုတွေကို ဘေးချိတ်ပြီး လူငယ်တွေရဲ့ အနာဂတ် အိမ်မက်တွေ မပျောက်အောင် တာဝန်သိ ပြည်သူတစ်ယောက်အနဲ့ စိတ်အားထက်သန်စွာပါဝင်ခဲ့ပါတယ်။

မင်းမော်ကွန်း ကတော့ ကိုယ်တိုင်လည်း လမ်းမထွက်ကာ လှုပ်ရှားမှုတွေမှာ စိတ်ရောကိုယ်ပါနှစ်ပြီး ပါဝင်သလို ဖြိုခွင်းမှုတွေကြောင့် ထိခိုက်နစ်နာသူတွေကိုလည်း စာနာ နားလည်မှုလေးတွေနဲ့ အတူ ဖေးမကူညီမှုလေးတွေကိုလည်း ဆောင်ရွက်ခဲ့ပါတယ်။ဒါကြောင့်လည်း သူ့အနေနဲ့ ခြိမ်းခြောက်ခံရမှုတွေ ရှိနေတာကြောင့် ခုဆို မိသားစုနဲ့ ခွဲခွာကာ တိမ်းရှောင်နေရတာလည်းဖြစ်ပါတယ်။ ဒီလို တိမ်းရှောင်နေရတဲ့ အချိန်တွေမှာတောင် သူ့ရဲ့လူမှုကွန်ယက်ကနေပြီး သတင်းအချက်အလက်တွေနဲ့အတူ ပြည်သူတွေ ခွန်အားဖြစ်စေမယ့် စာလေးတွေကို ဝေမျှပေးနေဆဲပါ။

အခု လည်း သူ့ကိုသတ်ဖို့လိုအပ်ရင် အချိန်မရွေးလာ သတ်နိုင်ကြောင်းနဲ့ ပြည်သူတွေအားလုံး ချစ်တဲ့ တိုင်းပြည်ကြီးကိုတော့ နစ်နာအောင် မလုပ်ဖို့ ခုလို စာလေးရေးကာဝေမျှလာပါတယ်။ ” ငါ့ကိုသတ်ဖို့လိုအပ်ရင် အချိန်မရွေးသာလာခဲ့သူငယ်ခြင်း ဒါပေမယ့် ငါတို့ချစ်တဲ့တိုင်းပြည်ကို နစ်နာရအောင်မင်းပြန်မသတ်ပါနဲ့တော့” ဆိုပြီး ရေးသားဖော်ပြထားရာ ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးရင်း မင်းမော်ကွန်းလည်း ဘေးအန္တရာယ် ကင်းရှင်းပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Credit