သူနဲ့ပုသိမ်အလှမယ်လေးနိုနိုမေတို့ရဲ့ပတ်သက်မှုကို ပရိသတ်တွေသိအောင် ပြန်လည်ဖြေရှင်းလာတဲ့ ကိုဂျွန်ဦး

Posted on

သူနဲ့ပုသိမ်အလှမယ်လေးနိုနိုမေတို့ရဲ့ပတ်သက်မှုကို ပရိသတ်တွေသိအောင် ပြန်လည်ဖြေရှင်းလာတဲ့ ကိုဂျွန်ဦး

ပရိသတ်ကြီးရေ… ပြီးခဲ့တဲ့ရက်ပိုင်း က ကျင်းပပြုလုပ်ခဲ့တဲ့ Miss Universe Myanmar ပြိုင်ပွဲကြီးကတော့ ကျင်းပပြုလုပ်ခဲ့ပြီး ဆုရရှိသူ အသီးသီးကိုလည်း ရွေးချယ်ပေးခဲ့ပြီပဲဖြစ်ပါတယ်။ Miss Universe Pathein ဆုရှင် နိုနိုမေဟာလည်း 4th Runner Up ဆုကို ရရှိပိုင်ဆိုင်ခဲ့တာပဲဖြစ်ပါတယ်။မနေ့က စက်တင်ဘာလ (၁၆) ရက်နေ့မှာတော့ နိုနိုမေရဲ့ လက်ရှိခင်ပွန်းဆိုတဲ့ ကိုဂျွန်ဦးရဲ့ ပထမမိန်းမကြီး ဒေါ် ဧကရီဝင်းက Miss Universe Pathein နိုနိုမေရဲ့ အကြောင်းကို ဖွင့်ဟလာခဲ့ပါတယ်။ နိုနိုမေဟာ အသက် (၁၆) နှစ်ကတည်းက အိမ်ထောင်ကျခဲ့တာဖြစ်ပြီး အိမ်ထောင်ကျခဲ့ပြီး ဒုတိယအိမ်ထောင်ကို မယားနဲ့ သားသမီးတွေရှိတဲ့ ကိုဂျွန်ဦး ဆိုတဲ့ အမျိုးသားနဲ့ ပတ်သက်ခဲ့ကာ သားသမီးတွေနဲ့လည်း လုံးဝပေးတွေ့ ခွင့်မပေးတဲ့အထိလုပ်ခဲ့တယ်လို့့ ဖွင့်ဟလာခဲ့ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ခင်ပွန်းဆိုသူ ကိုဂျွန်ဦးကအခုလက်ရှိမှာ နိုနိုမေနဲ့သူ့ရဲ့ဆက်ဆံရေးအကြောင်းကို မီဒီယာကနေတစ်ဆင့် ပရိသတ်ကြီးအားပြန်လည်ဖြေရှင်းလာပါတယ်။

ကိုဂျွန်ဦးက” 2018 နိုဝင်ဘာလက နော်ဝေနိုင်ငံမှာဇနီးဟောင်းဖြစ်သူဒေါ်ဧကရီဝင်းနဲ့ကွာရှင်းခဲ့တာပါ။ခုအောက်ဖဲတွေဘာလို့လှန်လဲလို့ ပြောကြမယ် ။ ကျွန်တော် လုံးဝအောက်ဖဲ မလှန်လို့မရအောင်ဖြစ်သွားပြီ။ မပြောရင် ကျွန်တော်ခွေးလုံးလုံးဖြစ်မယ်၊ နော်ဝေမှာကိုယ့်သားသမီး သုံးယောက်အတွက် ရှင်လျှက်သေနေတဲ့ ဘဝကိုသည်းခံဖြတ်သန်းခဲ့ပြီးပြီ။ ကွာရှင်းပြန်လာပြီးတော့ တစ်နှစ်ကျော်မှ နိုနိုမေ အမေနဲ့ အရင်တွေ့ပြီး အသိဟောင်းတွေမို့ အဆက်သွယ်ရခဲ့တယ်။ နိုနိုမေ .. အသက် ၁၁ လသား မှာ သူ့ဖခင်ဆုံး သွားခဲ့တာပါ။ သူ့အဖေကကိုယ့်ရဲ့ သူငယ်ချင်းပေါ့။ မိဘအုပ်ထိန်းမှုပိုင်း အရ လည်း ကူညီပေးခဲ့တယ်၊ လူကြီး တစ်ယောက်အနေနဲ့လည်း ဖေးမပေးတယ်၊ အနေ နီးစပ်မှု နဲ့ ချစ်ကြိုက်သွားတဲ့ အပိုင်းတွေရှိတယ် ဆိုတာဝန်ခံပါတယ်။

နောက်ပိုင်းမှာ အမျိုးသမီးဟောင်းဖြစ်ခဲ့တဲ့ သူကတောက်လျှောက် ဆိုရှယ်မီဒီယာမှာ အဖက်ဖက်က တိုက်ခိုက်လာခဲ့တယ်။ “နင် အသက် လည်း ငယ်သေးတယ်၊ နင့်ဘဝ ရှေ့ရေးရှိတယ်။ နင်နဲ့ငါ ရပ်တန်းကရပ်ပြီး ဦးလေးလို၊မိဘလို သဘောထားပြီး စောင့်ရှောက်ပေးမယ်”ဆိုတာမျိုးနဲ့ ခရီးဆက်ခဲ့တာ အတော်ကြာပါပြီ ။ အကြောင်းအရာမ သိတဲ့မီဒီယာတွေ ဖြတ်ညှပ်ကပ်ပြီး မဟုတ်တာတွေ မတင်ကြဖို့လည်း ပြောချင်တယ်”ဆိုပြီးပြန်လည်ဖြေရှင်းလာခဲ့ပါတယ်။အခုချိန်မှာနိုနိုမေနဲ့သူဟာ ဖြူစင်တဲ့ဆက်ဆံရေးသာရှိတော့ကြောင်းနဲ့ သူတို့နှစ်ယောက်နဲ့ပတ်သက်ပြီး အထင်မလွဲကြဖို့ ပရိသတ်တွေကို တောင်ဆိုခဲ့တာပဲဖြစ်ပါတယ်နော်။

Credit;World Info

သူနဲ႔ပုသိမ္အလွမယ္ေလးနိုနိုေမတို႔ရဲ့ပတ္သက္မႈကို ပရိသတ္ေတြသိေအာင္ ျပန္လည္ေျဖရွင္းလာတဲ့ ကိုဂၽြန္ဦး

ပရိသတ္ႀကီးေရ… ၿပီးခဲ့တဲ့ရက္ပိုင္း က က်င္းပျပဳလုပ္ခဲ့တဲ့ Miss Universe Myanmar ၿပိဳင္ပြဲႀကီးကေတာ့ က်င္းပျပဳလုပ္ခဲ့ၿပီး ဆုရရွိသူ အသီးသီးကိုလည္း ေရြးခ်ယ္ေပးခဲ့ၿပီပဲျဖစ္ပါတယ္။ Miss Universe Pathein ဆုရွင္ နိုနိုေမဟာလည္း 4th Runner Up ဆုကို ရရွိပိုင္ဆိုင္ခဲ့တာပဲျဖစ္ပါတယ္။မေန႔က စက္တင္ဘာလ (၁၆) ရက္ေန႔မွာေတာ့ နိုနိုေမရဲ့ လက္ရွိခင္ပြန္းဆိုတဲ့ ကိုဂၽြန္ဦးရဲ့ ပထမမိန္းမႀကီး ေဒၚ ဧကရီဝင္းက Miss Universe Pathein နိုနိုေမရဲ့ အေၾကာင္းကို ဖြင့္ဟလာခဲ့ပါတယ္။ နိုနိုေမဟာ အသက္ (၁၆) ႏွစ္ကတည္းက အိမ္ေထာင္က်ခဲ့တာျဖစ္ၿပီး အိမ္ေထာင္က်ခဲ့ၿပီး ဒုတိယအိမ္ေထာင္ကို မယားနဲ႔ သားသမီးေတြရွိတဲ့ ကိုဂၽြန္ဦး ဆိုတဲ့ အမ်ိဳးသားနဲ႔ ပတ္သက္ခဲ့ကာ သားသမီးေတြနဲ႔လည္း လုံးဝေပးေတြ႕ ခြင့္မေပးတဲ့အထိလုပ္ခဲ့တယ္လို႔့ ဖြင့္ဟလာခဲ့ပါတယ္။ ဒီကိစၥနဲ႔ပတ္သက္ၿပီး ခင္ပြန္းဆိုသူ ကိုဂၽြန္ဦးကအခုလက္ရွိမွာ နိုနိုေမနဲ႔သူ႔ရဲ့ဆက္ဆံေရးအေၾကာင္းကို မီဒီယာကေနတစ္ဆင့္ ပရိသတ္ႀကီးအားျပန္လည္ေျဖရွင္းလာပါတယ္။

ကိုဂၽြန္ဦးက” 2018 နိုဝင္ဘာလက ေနာ္ေဝနိုင္ငံမွာဇနီးေဟာင္းျဖစ္သူေဒၚဧကရီဝင္းနဲ႔ကြာရွင္းခဲ့တာပါ။ခုေအာက္ဖဲေတြဘာလို႔လွန္လဲလို႔ ေျပာၾကမယ္ ။ ကၽြန္ေတာ္ လုံးဝေအာက္ဖဲ မလွန္လို႔မရေအာင္ျဖစ္သြားၿပီ။ မေျပာရင္ ကၽြန္ေတာ္ေခြးလုံးလုံးျဖစ္မယ္၊ ေနာ္ေဝမွာကိုယ့္သားသမီး သုံးေယာက္အတြက္ ရွင္လၽွက္ေသေနတဲ့ ဘဝကိုသည္းခံျဖတ္သန္းခဲ့ၿပီးၿပီ။ ကြာရွင္းျပန္လာၿပီးေတာ့ တစ္ႏွစ္ေက်ာ္မွ နိုနိုေမ အေမနဲ႔ အရင္ေတြ႕ၿပီး အသိေဟာင္းေတြမို႔ အဆက္သြယ္ရခဲ့တယ္။ နိုနိုေမ .. အသက္ ၁၁ လသား မွာ သူ႔ဖခင္ဆုံး သြားခဲ့တာပါ။ သူ႔အေဖကကိုယ့္ရဲ့ သူငယ္ခ်င္းေပါ့။ မိဘအုပ္ထိန္းမႈပိုင္း အရ လည္း ကူညီေပးခဲ့တယ္၊ လူႀကီး တစ္ေယာက္အေနနဲ႔လည္း ေဖးမေပးတယ္၊ အေန နီးစပ္မႈ နဲ႔ ခ်စ္ႀကိဳက္သြားတဲ့ အပိုင္းေတြရွိတယ္ ဆိုတာဝန္ခံပါတယ္။

ေနာက္ပိုင္းမွာ အမ်ိဳးသမီးေဟာင္းျဖစ္ခဲ့တဲ့ သူကေတာက္ေလၽွာက္ ဆိုရွယ္မီဒီယာမွာ အဖက္ဖက္က တိုက္ခိုက္လာခဲ့တယ္။ “နင္ အသက္ လည္း ငယ္ေသးတယ္၊ နင့္ဘဝ ေရွ႕ေရးရွိတယ္။ နင္နဲ႔ငါ ရပ္တန္းကရပ္ၿပီး ဦးေလးလို၊မိဘလို သေဘာထားၿပီး ေစာင့္ေရွာက္ေပးမယ္”ဆိုတာမ်ိဳးနဲ႔ ခရီးဆက္ခဲ့တာ အေတာ္ၾကာပါၿပီ ။ အေၾကာင္းအရာမ သိတဲ့မီဒီယာေတြ ျဖတ္ညႇပ္ကပ္ၿပီး မဟုတ္တာေတြ မတင္ၾကဖို႔လည္း ေျပာခ်င္တယ္”ဆိုၿပီးျပန္လည္ေျဖရွင္းလာခဲ့ပါတယ္။အခုခ်ိန္မွာနိုနိုေမနဲ႔သူဟာ ျဖဴစင္တဲ့ဆက္ဆံေရးသာရွိေတာ့ေၾကာင္းနဲ႔ သူတို႔ႏွစ္ေယာက္နဲ႔ပတ္သက္ၿပီး အထင္မလြဲၾကဖို႔ ပရိသတ္ေတြကို ေတာင္ဆိုခဲ့တာပဲျဖစ္ပါတယ္ေနာ္။

Credit;World Info