


Source: DAUNG – ဒေါင်း’s fb

ချစ်လှစွာသောပရိတ်သတ်ကြီးရေ ပျိုတိုင်းကြိုက်တဲ့ မင်းသားချောဒေါင် းကတော့ ပြီးခဲ့တဲ့ (၂၀၁၅) ခုနှစ်ရွေးကောက်ပွဲကတည်းက NLD ပါတီကို ဝန်းရံခဲ့သူတစ်ယောက်ဖြစ်သလို မဲဆွယ်စည်းရုံးရေးအတွက်လည်း တက်တက်ကြွကြွလှုပ်ရှားခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ လက်ရှိမှာတော့ ဒေါင်းက မြန်မာပြည်စစ်အာဏာသိမ်းမှုမတိုင်ခင်ကတည်းက ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို ရောက်ရှိနေတာကြောင့် အချို့သော ပရိသတ်တွေရဲ့ ဝေဖန်မှုကို ခံနေရတာပဲ ဖြစ်ပါတယ်။ အဆိုးဆုံးကတော့ ဒေါင်းက ဘန်ကောက်မြို့မှာ တိမ်းရှောင်နေတယ်ဆိုပြီး ကောလ ဟာလတွေ ထွက်ရှိနေတာပဲ ဖြစ်ပါတယ်..။

အဲ့ဒီလို အခြေအမြစ်မရှိတဲ့ ကောလဟာလတွေနဲ့ ပက်သတ်ပြီး ဒေါင်းက “ ဟုတ်ပြီဒါဆိုကျွန်တော်သူ့သမီးကို တကယ်သွားပက်သက်မယ် ပြီးရင်သူ့အဖေကိုသတ်ပြီးထောင်ထဲမှ ာဂုဏ်သိက္ခာရှိရှိနေသွားလိုက်မယ်။ ရိုင်းသွားရင်တောင်းပန်ပါတယ်။ တိုင်းပြည်အခြေအနေဒီလောက်ဆိုးနေတဲ့အချိန် ကျွန်တော့်သတင်းအမှားတွေကြောင့် ပြည်သူတွေလမ်းလွဲသွားမှာစိုးလို့ပါ။ အားလုံးအရှိန်အဟုန်မြင့် ဒီမိုကရေစီအတွက် လုပ်ဆောင်ကြမယ် ” ဟုဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ပြောလာ ပါတယ်..။

ဒေါင်းကတော့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ လူမျိုးခြားတွေနဲ့ အလုပ်လုပ်ကိုင်နေရတာဖြစ်သလို မြန်မာ့ပြည်တွင်းရေးအတွက်လည်း မျက်ခြေမပျက်စောင့်ကြည့်နေပြီး ပြည်သူတွေအတွက် အားပေးလှုံ့ဆော်မှုတွေ ပြုလုပ်ပေးနေတာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက္ပါတယ်နော်..။

Credit– Cele Connections