သူမတို့လင်မယားနှစ်ယောက်ပေါင်းမွေးနေ့ပွဲလေးကို ချစ်ရတဲ့မိသားစုတွေနဲ့ဖြတ်သန်းရတဲ့အပေါ် စကားတစ်ခွန်းပြောလိုက်တဲ့ ချမ်းချမ်း

Posted on

သူမတို့လင်မယားနှစ်ယောက်ပေါင်းမွေးနေ့ပွဲလေးကို ချစ်ရတဲ့မိသားစုတွေနဲ့ဖြတ်သန်းရတဲ့အပေါ် စကားတစ်ခွန်းပြောလိုက်တဲ့ ချမ်းချမ်း

ပရိသတ်ကြီးရေ…အဆိုတော် ချမ်း ချမ်း ကတော့ အသံပါဝါအားကောင်းကောင်း နဲ့ သီချင်း ကောင်းတွေကို သီဆိုတဲ့ တေးသံရှင် တစ်ယောက်ပါပဲ။ ချမ်းချမ်းက အခုဆိုရင်တော့ အနုပညာအလုပ်တွေကို ရပ်နားထားပြီး ခင်ပွန်းဖြစ်သူရဲ့ ဇာတိမြေ အီတလီနိုင်ငံ မှာနေထိုင်ရင်း မိသားစုတစ်ခုကို သာယာပျော်ရွှင်ဖွယ် ဖြစ်အောင် တည်ဆောက်ထားတာပဲ ဖြစ်ပါတယ်။

ချစ်စရာကောင်းတဲ့ ဒုတိယမိသားစုလေးကို ပိုင်ဆိုင်ထား တဲ့ ချမ်းချမ်းဟာ ဒီကနေ့မှာတော့ သူမရဲ့ မွေးနေ့က အမှတ်တရဓာတ်ပုံလေးကို မျှဝေလာပါတယ်။ ချမ်းချမ်း က မေမေနဲ့ဖေဖေ့ရဲ့နှစ်ယောက်ပေါင်းမွေးနေ့ကို seafood စားရင်းမိသားစု အချိန်ကုန် ဖြတ်သန်းခဲ့တယ် ”ချစ်ရတဲ့သူတွေနဲ့အတူနေခွင့်ရလို့ ဘုရားကို ကျေးဇူးအထူးတင်ပါတယ်”” ဆိုပြီး သူမရဲ့ ဒုတိယမိသားစုနဲ့အတူတူ ညစာစားဖြစ်ခဲ့တဲ့ အမှတ်တရ ဓာတ်ပုံကို မျှဝေလာပါတယ်။

ချမ်းချမ်းကတော့ မွေးနေ့မှာ ခင်ပွန်းဖြစ်သူရဲ့ မိသားစုတွေနဲ့အတူတူ ညစာစားရင်း ဖြတ်သန်းကုန်ဆုံးခဲ့တာပဲ ဖြစ်ပါတယ်။ ချမ်းချမ်းတို့ မိသားစုလေး အခုလိုပဲ ထာဝရပျော်ရွှင်ချမ်းမြေ့ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Credit;





Credit;