Source: Baby Maung’s Facebook
ချစ်လှစွာသော ပရိသတ်ကြီးရေ သရုပ်ဆောင် မင်းသမီးချောလေး ဘေဘီမောင်ကိုတော့ အထူးအထွေ မိတ်ဆက်ပေးစရာမလိုအောင် ချစ်ခင်ရင်းနှီးပြီးသားဖြစ် မယ် ထင်ပါတယ်.။ဘေဘီမောင်ကတော့ မြန်မာဆန်ပြီး ကျော့ရှင်းတဲ့ အလှတွေကိုပိုင်ဆိုင်ထားသူ သရုပ်ဆောင်တစ်ယောက်ပဲဖြစ်ပါတယ်နော်…။
ကိုယ်ပိုင်စီးပွားရေး ကိုလည်း သူမကိုယ်တိုင်ပဲ ဦးဆောင်ကာ လုပ်ဆောင်တတ်သူ အမျိုးသမီး တစ်ယောက်ဖြစ်ပေမယ့် အမြဲ ရဲဝံ့တက်ကြွကာ အလုပ်လုပ် တတ် သူ တစ်ယောက်ဆိုရင်လည်း မှားမယ် မထင်ပါဘူးနော်။. ကိုယ်တိုင်လည်း ကျရာဇာတ်ရုပ်တိုင်းကို ပီပြင်အောင် သရုပ်ဆောင်နိုင်သူ သရုပ်ဆောင်ကောင်း တစ် ယောက်ဖြစ်သလိုပဲ အဆိုတော်ကာ ရုပ်ချောပြီး ချစ်ခင်ကြင်နာ ဂရုစိုက်တတ်တဲ့ ချစ်သူ အဆိုတော် သားဂန်းနဲ့လည်း ပျော်ရွှင်ဖွယ် အချစ်ရေးလေးကို တည် ဆောက်ထား သူပါ…။
Online shop အလုပ်များနဲ့အတူ Live Sale လေးတွေကိုလည်း Live လွှင့်ပေးပြီး ရှုတင်များနဲ့ ရိုက်ရက်တွေပြည့် အလုပ်တွေကို မနားတမ်းလုပ်ကိုင်ခဲ့သူ မင်းသမီးချောလေး ဘေဘီမောင်ကတော့ သူမရှာသမျှက မိဘနှစ်ပါးနဲ့ ချစ်ရသူညီမနဲ့ မောင်ဖြစ်သူတို့အတွက်ပါပဲနော်.။ စုဆောင်းတတ်သူ ဘေဘီမောင်က
တော့ ဇန်နဝါရီလ (၁၁)ရက်နေ့မှာ သူမဝယ်ယူထားတဲ့ ပေ(၂၀၀) ရှိ ခြံလေးအကြောင်းကို “ ပေ ၂၀၀ ခြံမှာ ကျွန်မ ဘာလုပ်ငန်းလုပ်မလဲ ” ဟုဆိုပြီး သူမရဲ့ မိုင်ဒေးမှာ တင်လာခဲ့ပါတယ်…။
သရုပ်ဆောင်မင်းသမီးချောလေး ဘေဘီမောင်ကတော့ စုဆောင်းတတ်သလို စီးပွားရေးကိုလည်း ကောင်းကောင်း ရှာနိုင်ဖွေနိုင်သူပါပဲနော်..ပရိသတ်ကြီး.။ ဘေဘီမောင်ရိုက်ပြထားတဲ့ သူမရဲ့ ခြံဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်.။ ဖတ်ရှု့ပေးခဲ့ကြတဲ့ ပရိသတ်ကြီးလည်း ပျော်ရွှင်သာယာတဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိ်ုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်…။
Credit (Cele Active World)