ပရိတ်သတ်တွေရဲ့ အချစ်တော် အသံပါဝါအားကောင်းလွန်းတဲ့ နီနီခင်ဇော်ဟာဆိုရင် ဂီတလမ်းကြေင်းပေါ်မှာ အောင်မြင်မှုတွေနဲ့လျှောက်လှမ်းလာပြီး ပရိတတ်သတ်အများအပြားရဲ့ အားပေးချစ်ခင်မှုတွေကို တစ်ခဲနက်ပိုင်ဆိုင်ထားတာပဲဖြစ်ပါတယ်နော်…။နီနီခင်ဇော်ဟာဆိုရင် ဆရာဝန်တစ်ယောက်ဖြစ်ပေမယ့်လည်း အနုပညာအလုပ်ကို ဝါသနာပါတာကြောင့် အဆိုလမ်းကြောင်းတစ်ခုတည်းကိုပဲရွေးချယ်လိုက်တာပဲဖြစ်ပါတယ်နော်။
နီနီခင်ဇော်က အခုလက်ရှိမှာဆိုရင်လည်း အနုပညာအလုပ်တွေကိုဖြည်းဖြည်းနဲ့မှန်မှန်လုပ်ဆောင်နေပြီး တတ်သစ်စအဆိုတော်လေးတွေကိုလည်း လက်တွဲခေါ်ယူကာ မြေတောင်မြှောက်ပေးနေတာလည်းဖြစ်ပါတယ်။ သူမရဲ့ သီချင်းတိုင်းကလည်း လူကြီးလူငယ်မရွေးကြိုက်နှစ်သက်ကြလို့ ထွက်သမျှသီချင်းအားလုံးက ပရိတ်သတ်အားပေးကြမ်းခဲ့တာပဲဖြစ်ပါတယ်….။
နီနီခင်ဇော်ဟာ မြန်မာဆန်တဲ့ အလှတွေနဲ့ အမိုက်စားခန္ဓာကိုယ်လေးကို ပိုင်ဆိုင်ထားလို့ ခေါင်းအစခြေအဆုံးအပြစ်ပြောစရာမရှိအောင် လှပလွန်းတဲ့ သူလေးပါနော်…။သူမရဲ့ ပြီးပြည့်စုံတဲ့ခန္ဓာကိုယ်အလှကြောင့် အထက်တန်းကျောင်းသူ ဘဝတုံးက ကာယအလှမယ်ဆုကိုတောင် ရရှိပိုင်ဆိုင်ခဲ့တာပဲဖြစ်ပါတယ်နော်…။
ဒီနေ့မှာဆိုရင်လည်း နီနီကတော့”သန်မာထွားကြိုင်းတယ် ယဉ်တကိုယ်မယ်~အစချီတဲ့သီချင်းလေးနဲ့ ၂၀၀၅-၂၀၀၆ ခုနှစ်က ပရိသတ်တွေမမြင်ဖူးသေးတဲ့ အထက်တန်းကျောင်းသူဘဝ အမှတ်တရပုံလေးတွေပါ …….ကျောင်းသူဘဝထဲက အားကစားလုပ်ဖို့ မေမေကတိုက်တွန်းပေးခဲ့ပါတယ်။ရေကူး ၊ ကိုယ်ကာယအလှတွေဆော့ခဲ့ရတယ်……၂၀၀၇ ဆယ်တန်းပြီးမှ Melody World အဆိုပြိုင်ပွဲစပြိုင်ဖြစ်တာပါ(ပြိုင်ပွဲတွေပြိုင်ဖူးသမျှ ရဖူးခဲ့တဲ့အမှတ်တရဆုတွေထဲမှာမှ တစ်ချိန်တစ်ခါက ကာယအလှမယ်ဆိုတဲ့ပြိုင်ပွဲလေးတွေလည်းအများကြီးပြိုင်ခဲ့ဖူးလေရဲ့) အခုတော့ သီချင်းအသစ်တွေအသံသွင်းနေတယ် ကျန်တာမသိတော့ဘူး”ဆိုပြီး အမှတ်တရပုံလေးတွေနဲ့အတူ သူမရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ မျှဝေပေးလာတာပဲဖြစ်ပါတယ်နော်…။
ပရိတ်သတ်ကြီးလည်း နီနီရဲ့ငယ်ဘဝပုံလေးတွေကို ကြည့်ပြီး ကျေနပ်လိမ့်မယ်လို့ထင်ပါတယ်နော်..။ ဖတ်ရှုပေးတဲ့ပရိတ်သတ်ကြီးကို အထူးပဲကျေးဇူးတင်ရှိပါတယ်နော်….။သာယာပျော်ရွှင်စရာကောင်းတဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေ…။
Source & Photo Credit ; Ni Ni Khin Zaw’s Facebook Page
Credit ; Celebrity Platforms ( S L P)