ပရိသတ်ကြီးရေ သံသာမိုးသိမ့်ကတော့ ပရိသတ်တွေ တခဲနက်အားပေးခဲ့တဲ့ ကျွန်မကမဟေသီဇာတ်လမ်းတွဲမှာ မိန်းမချောအဖြစ်ပါဝင်သရုပ်ဆောင်ပြီးနောက် အားပေးတဲ့ပရိသတ်တွေပိုမို​များပြားလာခဲ့တာပါနော်။ ပရိသတ်တွေအထူးစိတ်ဝင်စားခဲ့တဲ့ ဇာတ်လမ်းတွဲဖြစ်တဲ့ ”အချစ်ဖွဲ​့လေညင်း” ဇာတ်လမ်းတွဲမှာလည်း ခေါင်းဆောင်မင်းသမီးမေပျိုဖြူအဖြစ်ပါဝင်ခဲ့ တာပါ။
သံသာမိုးသိမ့်ကတော့ အခုလို Covid ကာလမှာ သူမရဲ့ ချစ်တဲ့ပရိသတ်ေ တွနဲ့ အတူ အလှူငွေ​ကောက်ခံကာ လိုအပ်နေတဲ့ ဆေးဘက်ဆိုင်ရာပစ္စည်းတွေနဲ့ အလှူငွေတွေကို အရေးတကြီးလိုအပ်နေတဲ့ ဆေးရုံတစ်ချို့နဲ့ ဧရာဝတီ Quarantine စင်တာကို သွားရောက်ကာကိုယ်တိုင် လှူဒါန်းပေးခဲ့တာဖြစ်ပါတယ်။ သံသာမိုးသိမ့်ကတော့အခုချိန်မှာ ပရိသတ်အားပေးမှုတွေအခိုင်အမာရရှိနေပြီပဲ ဖြစ်ပြီး အနုပညာအလုပ်တွေလည်း မအားလပ်နိုင်အောင် လုပ်ကိုင်နေရသူတစ်ဦးပါ။
ဒီနေ့မှာတော့ ” သံသာပရိတ်သတ်တွေရှင်းစေချင်လို့ရှင်းပေးလိုက်ပါတယ်နော် .. သံသာကတော့ ရှင်းဖို့စိတ်ကူ းလည်းမရှိလို့မရှင်းဘူးလုပ်ပေမယ့်အိမ်ကိုဖုန်းတွေဆက်ငိုကြတော့ သံသာလည်းစိတ်မကောင်းပါဘူးနော်။အားလုံးထင်နေသလိုလည်းမဟုတ်တဲ့အပြင်ဖုံးကွယ်ထားစရာလည်းမရှိတာမို့လို့ ရဲရဲဝင့်ဝင့်ကိုရှင်းပေးတာပါနော်။သံသာကအပြင်စီးပွားရေးလည်းလုပ်တာမို့ သံသာမာမိတ်ဆွေအပေါင်းသင်းများပါတယ်။တူတူထိုင်နေတာနဲ့ ကြိုက်နေပါတယ်ဆိုရင်တော့ သက်သေဆိုတာမလုံလောက်ရင်ငပေါဖြစ်တက်ပါတယ်လို့🤩engagement တွေနဲနဲကျနေတဲ့အချိန် ပရိသတ်စိတ်ဝင်စားအောင်လုပ်ပေးတာအတွက်ကတော့ ကျေးဇူးတအားတင်ပါတယ်။”ဆိူတဲ့စာလေးနဲ့ သူမအားချစ်သူရရှိနေပြီဆိုတဲ့ ဟန်ငြိမ်းဦးရဲ့ ပြောဆိုမှုကို ချက်ချင်းတုံ့ပြန်ဖြေရှင်းခဲ့တာပါ။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေး လိုက်ပါတယ်နော်။
Source : ThanThar Moe Theint
Credit – Myanmar Cele-Cafe