


Photo – Zay Ye Htet

ချစ်လှစွာသောပရိတ်သတ်ကြီးရေ အနုပညာလောကမှာ အားလုံးရဲ့အသိ အမှတ်ပြုချစ်ခင်အားပေးခြင်းခံနေရတဲ့ နှုတ်ခမ်းနီမလေးတွေရဲအသည်းကျော် ဇေရဲထက်ကို ပရိသတ်ကြီးလည်းသိပြီးသားပါနော်။ သူဟာ အချစ် အမုန်း အလွမ်း ဘယ်လိုဇာတ်ရုပ်ပဲလာလာ ပီပြင်အောင်သရုပ်ဆောင်နိုင်တဲ့ လူငယ် အနုပညာရှင် တစ်ယောက်လည်းဖြစ်ပါတယ်..။

ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ ဗီဒီယိုဇာတ်ကားအများအပြားကို ရိုက်ကူးအောင်မြင်ခဲ့တဲ့ မင်းသားတစ်ယောက်လည်းဖြစ်ပြီးတော့ လက်ရှိမှာလည်း ကြော်ငြာတွေ ဖျော်ဖြေရေးတွေနဲ့ မအားမလပ်ရအောင် ရိုက်ကူးနေရတာလည်းဖြစ်ပါတယ်။ ကျရာဇာတ်ရုပ်ကိုပီပြင်အောင် သရုပ်ဆောင်နိုင်ပြီးတော့ ယောက်ျားပီသတဲ့ ခန္ဓာကိုယ်နဲ့တည်ကြည်တဲ့ မျက်နှာပိုင်ရှင် လည်းဖြစ်တဲ့အတွက် မိန်းကလေးပရိသတ်တွေရဲ့ အသည်းကျော်လေးဆိုလည်း မမှားပါဘူးနော်..။

သူရဲ့လှုပ်ရှားမှုအရာလေးတွေကိုလည်း အမြဲဖော်ပြလေ့ရှိသူတစ်ယောက်ဖြစ်ပါတယ်။ အခုမှာတော့ သူအား ထောက်ပံ့ စာယူတယ်လို့ ပြောဆိုစွတ်စွဲသူတွေရှိနေတာကြောင့် ခုလိုပြတ်ပြတ်သားသားပြောကာ သူရဲ့ဖေ့ဘွတ်စာမျက်နှာလေးမှာ ပြန်လည်ဖြေရှင်းခဲ့တာတွေ့ရပါတယ်။ “ ကျနော် ဇေရဲထက် ထောက်ပံ့စာ ယူခဲ့ဖူးသူရှိသူများ တတ်လာခဲ့ပါခင်မျာ အခုအရွယ်ထိ တစိမ်းမပြောနဲ့ မိဘဆီကတောင်ထောက်ပံ့စာမယူဘူး ” ဟုဆိုတဲ့စာလေးကိုရေးသားဖြေရှင်းခဲ့ရာ ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေး လိုက်ပါတယ်။ဖတ်ရှူ့ပေးကြတဲ့ပရိတ်သတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်..။

Credit – Cele Zone