



စပိန်လူမျိုးအဆိုတော်တစ်ယောက်ဖြစ်တဲ့ Enrique Iglesias ရဲ့ သီချင်းတွေကို အများဆုံးပြန်လည်သီဆိုတတ်တဲ့ နေရွှေသွေးအောင်ကတော့ ပရိသတ်ကြီးအားလုံးသိပြီးသားဖြစ်မှာပါ။ နေရွှေသွေးအောင်က Cover song တွေကို အမိုက်စားသီဆိုပြီး သီချင်း MV တွေကိုလည်း နိုင်ငံတကာအဆင့်မှီဖန်တီးတတ်တာကြောင့် ဂီတလောကမှာ ပရိသတ် စိတ်ဝင်စားမှုကို ရရှိသူတစ်ယောက်ဆိုလည်း မမှားပါဘူး။ နေရွှေသွေးအောင်ကတော့ အနုပညာမျိုးရိုးကဆင်းသက်လာသူတစ်ယောက်မဟုတ်ပေမယ့် အနုပညာကိုတော်တော်လေး ဝါသနာပါပြီး စီးပွားရေးလုပ်ငန်းတွေတစ်ဖက်နဲ့ အချိန်ပေးလုပ်ကိုင်လေ့ရှိသူတစ်ယောက် ဖြစ်ပါတယ်။

အနုပညာကိုချစ်သလို အနုပညာရှင်တွေကိုလည်း လေးစားတဲ့ နေရွှေသွေးအောင်က မနေ့က ဒီဇင်ဘာလ (၁၉) ရက်နေ့မှာကွယ်လွန်သွားတဲ့ ဟာသသရုပ်ဆောင် ဦးဧရာအတွက် စိတ်ထိခိုက်ဝမ်နည်းနေတာပဲ ဖြစ်ပါတယ်။ နေရွှေသွေးအောင်က ဦးဧရာအတွက် နာရေးအကူငွေလှူဒါန်းခဲ့ကြောင်းကို “ပြည်သူချစ်သော ဟာသသရုပ်ဆောင်ဦးဧရာ Covid ရောဂါဖြင့်ကွယ်လွန်သွားသည့်အတွက် မိသားစုနှင်ထပ်တူဝမ်းနည်းရပါသည်။ ကိုဖြိုးငွေစိုးထံမှတစ်ဆင့်လည်း ကျစ်ရစ်သူမိသားစုထံကူညီထောက်ပံ့ခဲ့ပါသည်။ အန်ကယ်ဦးဧရာ ကောင်းရာသုဂတိလားပါစေ 💔🙏🏻” ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ မျှဝေပေးလာပါတယ်။

နေရွှေသွေးအောင်ကတော့ သူငယ်ငယ်ကတည်းက ချစ်ခင်အားပေးခဲ့ရတဲ့ သရုပ်ဆောင် ဦးဧရာရဲ့ နောက်ဆုံးခရီးအတွက် တတ်နိုင်သလောက် ကူညီဖေးမပေးခဲ့တာ ဖြစ်ပါတယ်။ ဦးဧရာလည်း အခုဆိုရင် ကောင်းရာဘုံဘဝမှာ အေးချမ်းစွာအနားယူနေမှာ သေချာပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ချစ်ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်…..။

Source: Nay Shwe Thway Aung’s fb
Credit– Cele Connections