ခ်စ္လွစြာေသာပရိတ္သတ္ႀကီးေရ ကိုေပါက္ကေတာ့ အခုဆိုရင္ ခ်စ္ရတဲ့ မိသားစုနဲ႔ ခြဲေနရတာေၾကာင့္ လြမ္းဆြတ္သတိရေနတာလည္းျဖစ္ပါတယ္။ ဒီေန႔မွာေတာ့ အရင္က ခ်စ္ရတဲ့သာေလးေတြနဲ႔အတူ ေပ်ာ္ရႊင္စြာ ေဆာ့ကစားရင္းျဖတ္သန္းခဲ့တဲ့ အခ်ိန္ေလးေတြကို သတိရေၾကာင္း ေၾကကြဲဝမ္းနည္ းစရာေကာင္းတဲ့စာေလးေတြကိုေရးသားေဖာ္ျပခဲ့ပါတယ္..။

“ သားေရ ေဖေဖလြမ္းလို႔ ”ဒီအခ်ိန္ဆို သားေတြကို အိပ္ယာကႏွိုး မ်က္ႏွာသစ္ သြားတိုက္ သနပ္ခါးလူးေပးၿပီး မနက္စာ ပက္ဒီရႉးဝါး၂ခြက္ ေဖ်ာ္ေပးေနၾက။ ဒီအခ်ိန္ဆို သားငယ္ေလးရဲ့ILBC online class သင္တဲ့အခ်ိန္ သူ႔ေဘးမွာထိုင္ၿပီး သားငယ္နဲ႔အတူတူသူငယ္တန္းစာေတြကၽြန္ေတာ္ျပန္သင္ေနၾက။ ဒီအခ်ိန္ဆို YouTube အရမ္းၾကည့္တဲ့ ကိုႀကီးေသာ္ကို ေအာ္ရ ဟစ္ရနဲ႔သားအစ္ဖႏွစ္ေယာက္ ေရအတူတူခ်ိဳးေနၾက။ ဒီအခ်ိန္ဆို သားငယ္ေလးက သူေဆာ့ေနတဲ့ Lego အ႐ုပ္ကေလးေတြ ပူးေနလို႔ ဒါေလးခြါေပးပါလား ပါပါး”လို႔လာေျပာေနၾက။ ဒီအခ်ိန္ဆို သားသားတို႔ႀကိဳက္တဲ့ေပါင္မုန႔္ၾကက္ဥေၾကာ္စားတဲ့အခ်ိန္ စာပြဲမွာေအးေအးေဆးေဆး ထိုင္မစားပဲ ေဆာ့ရင္းကစားရင္းစားေနလို႔ ၿငိမ္ၿငိမ္စားဖို႔ ကၽြန္ေတာ့အသံႀကီးနဲ႔ ေအာ္ဟစ္ေနၾက..။

ဒီအခ်ိန္ဆို လမ္းမေပၚသားသားတို႔စက္ဘီးထြက္စီးရင္ ကၽြန္ေတာ္ကေဘးကေန ေျပးလိုက္ေပးေနၾက။ ဒီအခ်ိန္ဆို ကုတင္ေပၚမွာ သား၂ေယာက္နဲ႔အတူ စမက္ေဒါင္းခ်ေနၾက။ ဒီအခ်ိန္ဆို သားငယ္ေလးရဲ့ဗိုက္ကိုလွန္ၿပီး မုတ္ဆိတ္နဲ႔ပြတ္ရင္ သူအရမ္းအူတက္လို႔“ေတာ္ပါေတာ့ပါပါးရယ္ အရႈံးေပးပါတယ္ ”လို႔ေျပာေနၾက။ ဒီအခ်ိန္ဆို ညအိပ္ခါနီးတိုင္း ဒီေန႔ ပါပါးနဲ႔ဘယ္သူ အိပ္မွာလဲလို႔ေမးရင္ ညီအစ္ကို ၂ေယာက္ ဗိုလ္ က်ား ေသနတ္စြဲေနၾက။ ဒီအခ်ိန္ သားႏွစ္ေယာက္ကို ကၽြန္ေတာ္နမ္းေနၾက။ သားေရ ေဖေဖလြမ္းတယ္။ ကိုေပါက္(ေခတၱ ဝရမ္းေျပး) 20.2.2021 “ ဟုဆိုတဲ့စာေလးပဲျဖစ္ရာ ပရိသတ္ႀကီးအတြက္ ျပန္လည္ေဝမၽွေပးလိုက္ ပါတယ္။ဖတ္ရႉ့ေပးၾကတဲ့ပရိတ္သတ္ႀကီးအားလံုးလည္း သာယာေပ်ာ္ရႊင္တဲ့
ေန႔ေလးတစ္ေန႔ကိုပိုင္ဆိုင္ႏိုင္ပါေစလို႔ ဆုမြန္ေကာင္းေတာင္းေပးလိုက္ပါတယ္ေနာ္..။

Photo – Aung Min Naing

ချစ်လှစွာသောပရိတ်သတ်ကြီးရေ ကိုပေါက်ကတော့ အခုဆိုရင် ချစ်ရတဲ့ မိသားစုနဲ့ ခွဲနေရတာကြောင့် လွမ်းဆွတ်သတိရနေတာလည်းဖြစ်ပါတယ်။ ဒီနေ့မှာတော့ အရင်က ချစ်ရတဲ့သာလေးတွေနဲ့အတူ ပျော်ရွှင်စွာ ဆော့ကစားရင်းဖြတ်သန်းခဲ့တဲ့ အချိန်လေးတွေကို သတိရကြောင်း ကြေကွဲဝမ်းနည် းစရာကောင်းတဲ့စာလေးတွေကိုရေးသားဖော်ပြခဲ့ပါတယ်..။

“ သားရေ ဖေဖေလွမ်းလို့ ”ဒီအချိန်ဆို သားတွေကို အိပ်ယာကနှိုး မျက်နှာသစ် သွားတိုက် သနပ်ခါးလူးပေးပြီး မနက်စာ ပက်ဒီရှူးဝါး၂ခွက် ဖျော်ပေးနေကြ။ ဒီအချိန်ဆို သားငယ်လေးရဲ့ILBC online class သင်တဲ့အချိန် သူ့ဘေးမှာထိုင်ပြီး သားငယ်နဲ့အတူတူသူငယ်တန်းစာတွေကျွန်တော်ပြန်သင်နေကြ။ ဒီအချိန်ဆို YouTube အရမ်းကြည့်တဲ့ ကိုကြီးသော်ကို အော်ရ ဟစ်ရနဲ့သားအစ်ဖနှစ်ယောက် ရေအတူတူချိုးနေကြ။ ဒီအချိန်ဆို သားငယ်လေးက သူဆော့နေတဲ့ Lego အရုပ်ကလေးတွေ ပူးနေလို့ ဒါလေးခွါပေးပါလား ပါပါး”လို့လာပြောနေကြ။ ဒီအချိန်ဆို သားသားတို့ကြိုက်တဲ့ပေါင်မုန့်ကြက်ဥကြော်စားတဲ့အချိန် စာပွဲမှာအေးအေးဆေးဆေး ထိုင်မစားပဲ ဆော့ရင်းကစားရင်းစားနေလို့ ငြိမ်ငြိမ်စားဖို့ ကျွန်တော့အသံကြီးနဲ့ အော်ဟစ်နေကြ..။

ဒီအချိန်ဆို လမ်းမပေါ်သားသားတို့စက်ဘီးထွက်စီးရင် ကျွန်တော်ကဘေးကနေ ပြေးလိုက်ပေးနေကြ။ ဒီအချိန်ဆို ကုတင်ပေါ်မှာ သား၂ယောက်နဲ့အတူ စမက်ဒေါင်းချနေကြ။ ဒီအချိန်ဆို သားငယ်လေးရဲ့ဗိုက်ကိုလှန်ပြီး မုတ်ဆိတ်နဲ့ပွတ်ရင် သူအရမ်းအူတက်လို့“တော်ပါတော့ပါပါးရယ် အရှုံးပေးပါတယ် ”လို့ပြောနေကြ။ ဒီအချိန်ဆို ညအိပ်ခါနီးတိုင်း ဒီနေ့ ပါပါးနဲ့ဘယ်သူ အိပ်မှာလဲလို့မေးရင် ညီအစ်ကို ၂ယောက် ဗိုလ် ကျား သေနတ်စွဲနေကြ။ ဒီအချိန် သားနှစ်ယောက်ကို ကျွန်တော်နမ်းနေကြ။ သားရေ ဖေဖေလွမ်းတယ်။ ကိုပေါက်(ခေတ္တ ဝရမ်းပြေး) 20.2.2021 “ ဟုဆိုတဲ့စာလေးပဲဖြစ်ရာ ပရိသတ်ကြီးအတွက် ပြန်လည်ဝေမျှပေးလိုက် ပါတယ်။ဖတ်ရှူ့ပေးကြတဲ့ပရိတ်သတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့
နေ့လေးတစ်နေ့ကိုပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်..။

Credit– Cele Zone