



unicode

ရုပ်ရှင်နဲ့ ဇာတ်လမ်းတွဲတွေထဲမှာ သရုပ်ဆောင်ရင်း လူသိများကျော်ကြားလာတဲ့ မင်းသမီးချော မြနှင်းရည်လွင်ကို လူကြီး၊ လူငယ်ပရိသတ်တိုင်း ကြိုက်နှစ်သက်ကြမယ် ထင်ပါတယ်။ မြနှင်းရည်လွင်ကတော့ သရုပ်ဆောင်ကောင်းတစ်ယောက်ပီသစွာနဲ့ ကျရာဇာတ်ရုပ်အတိုင်း စိတ်ရောလူပါ ပြောင်းလဲပြီး သရုပ်ဆောင်တတ်တာကြောင့် ပရိသတ်တွေက မချီးကျူးပဲနဲ့ကို မနေနိုင်ကြတာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ မြနှင်းရည်လွင်က အနုပညာရှင်တစ်ယောက်ဖြစ်တိုင်း အဆင့်အတန်းမရှိတဲ့ ကောမန့်တွေကို သည်းခံဖို့မရှိဖို့ကြောင်း ပြောလာတာကို အခုလိုပဲတွေ့ရပါတယ်..။

သရုပ်ဆောင် မြနှင်းရည်လွင်က “ အဆင့်အတန်းမရှိတဲ့ comment တွေလာမရေးပါနဲ့နော်။ မသိရင်မကြိုက်ရင် ဝင်မကြည့်ပါနဲ့ ဘယ်သူမှဓားထောက်ပြီးအတင်းဝင်မကြည့်ခိုင်းထားပါဘူး။ ဆဲဖို့ ကျွန်မ အကောင့်ဖွင့်ထားတာမဟုတ်သလို အားတိုင်း အောက်တန်းကျကျအသုံးအနှုန်းနဲ့ဝင်ဝင်ရေးသွားဖို့မဟုတ်ပါဘူး။ ခါတိုင်းအပျော်တွေရီစရာတွေရေး ကျွန်မစိတ်ကူးသူများနဲ့မတူနဲ့အတွေးလေးတွေရေးလေ့ရှိပါတယ်။ ဒါပေမဲ့ ဘုမသိဘမသိတော်တော်လေးမိုက်ရိုင်းကြလို့ မရေးတော့ပါဘူး။အကောင့်အစစ်နဲ့လာရေးသလို အတုနဲ့လဲရှိပါတယ်။ တစ်ချို့ ကောင်မလေး ကောင်လေးတွေ ကိုယ့်အလုပ် ကိုယ့်ကျောင်း တက္ကသိုလ်မှမထောက် ဝင်ဆဲ ဝင်မိုက်ရိုင်းတာမြင်မကောင်းပါဘူး ”

“ ကျွန်မအကောင့်ကလဲ မထော်မနန်းတင်နေတဲ့အကောင့်လဲမဟုတ်ပါဘူး။ အနုပညာရှင်ဖြစ်ပြီး လိုက်ခံစားနေသလားဆိုရင်တော့ လိုက်ခံစားတာမဟုတ်ပါဘူး။ ဒီတိုင်းထားလိုက်ရင်လဲဖြစ်ချင်တိုင်းဖြစ်နေမှာမြင်မကောင်းလို့ ကျမထဲမှာလူကြီးလူကောင်းတွေအများကြီးရှိပါတယ်။ အဆင့်အတန်းရှိရှိသုံးနေတာနှစ်ချီနေပါပြီ အားပေးတဲ့သူတွေရှိလို့ public ဖွင့်ပေးထားတာ အခွင့်ကောင်းယူပြီးဘုမသိဘမသိအောက်တန်းကျတာတော့ ငြိမ်ခံမနေနိုင်ပါဘူး ကျေးဇူးတင်ပါတယ် ” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ မျှဝေပေးလာတာပဲဖြစ်ပါတယ်..။

သရုပ်ဆောင်မင်းသမီး မြနှင်းရည်လွင်ကတော့ သူမကိုယ်တိုင်လည်း ပုထုဇဉ် လူသားတစ်ယောက်ဖြစ်တာကြောင့် အကြောင်းမရှိ ဆဲရေးတိုင်းထွာတာကို လက်မခံနိုင်ကြောင်း ပြောလာတာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်..။

Source: Mya Hnin Yee Lwin’s fb
Credt– Cele Connections