ခ်င္းတိုင္းရင္းသူေလး တစ္ေယာက္ျဖစ္တဲ့ အဆိုေတာ္နီလန္းကေတာ့ Myanmar Idol season 3 ကေနစတင္ၿပီး ပရိသတ္ေတြရဲ့ခ်စ္ခင္အားေပးမႈကိုရရွိခဲ့တာျဖစ္ပါတယ္…။ သူမဟာၿပိဳင္ပြဲၿပီးကတည္းက အႏုပညာအလုပ္ေတြကိုဆက္တိုက္လုပ္ကိုင္ေနၿပီး အသဲကြဲသီခ်င္းသစ္ေလးေတြနဲ႔ပရိသတ္ေတြရဲ့အခ်စ္ကို ဆက္လက္သိမ္းပိုက္ထားနိုင္ခဲ့ပါတယ္…။

မၾကာေသးခင္ကလည္း”ငါမွားတယ္”ဆိုတဲ့သီခ်င္းအသစ္ေလးကိုထြက္ရွိထားခဲ့ပါေသး တယ္။

က္ိုဗစ္ကာလအတြင္း လတ္တေလာမွာေတာ့ အႏုပညာအလုပ္ေတြကိုရပ္နားၿပီး Live Saleေရာင္းခ်မႈေတြကိုျပဳလုပ္ေနတာပဲျဖစ္ပါတယ္..။ မေန႔ကေတာ့နီလန္းဟာ ၾကက္ေတာင္ရိုက္ရင္းမ်က္လုံးထိခိုက္သြားတာေၾကာင့္ အလုပ္ေတြအားလုံးကိုရက္ေရႊ႕ဆိုင္းလိုက္ရၿပီး လာမည့္တနဂၤေႏြေန႔မွာေတာ့ မ်က္စိခြဲစိတ္မႈ႔ျပဳလုပ္သြားရမယ္လို ႔သိရပါတယ္….။ အဲဒီအေၾကာင္းကိုေတာ့နီလန္းက သူမရဲ့လူမႈကြန္ရက္စာမ်က္ႏွာကေန ယခုလိုပဲေျပာျပလာခဲ့ပါတယ္…။

“ဒီေန႔တစ္ခါမွမရိုက္စဖူး ၾကက္ေတာင္သြားရိုက္ရင္း မ်က္လုံးထိခိုက္မိတာေၾကာင့္ လက္ခံထားေသာ Live Sale မ်ားအားလုံးကို ရက္ေရႊ႕ဆိုင္းျခင္းမ်ားျပဳလုပ္သြားမည္ျဖစ္ပါတယ္… တနဂၤေႏြေန႔တြင္ မ်က္စိခြဲစိတ္မႈ႔ျပဳလုပ္မည္ျဖစ္ပါေသာေၾကာင့္ အလုပ္ကိစၥႏွင့္ပတ္သတ္သည္မ်ားအား လတ္တေလာတြင္ ေခတၱခဏဆိုင္းငံ့ထား မည္ျဖစ္ပါေၾကာင္း ေလးစားစြာျဖင့္အသိေပးအပ္ပါသည္ “ဆိုၿပီးေရးသားကာ ပုံရိပ္ေလးနဲ႔အတူမၽွေဝေပးထားခဲ့တာ ပဲျဖစ္ပါတယ္…။

Source:Nilen – နီလန္း

ချင်းတိုင်းရင်းသူလေး တစ်ယောက်ဖြစ်တဲ့ အဆိုတော်နီလန်းကတော့ Myanmar Idol season 3 ကနေစတင်ပြီး ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကိုရရှိခဲ့တာဖြစ်ပါတယ်…။ သူမဟာပြိုင်ပွဲပြီးကတည်းက အနုပညာအလုပ်တွေကိုဆက်တိုက်လုပ်ကိုင်နေပြီး အသဲကွဲသီချင်းသစ်လေးတွေနဲ့ပရိသတ်တွေရဲ့အချစ်ကို ဆက်လက်သိမ်းပိုက်ထားနိုင်ခဲ့ပါတယ်…။

မကြာသေးခင်ကလည်း”ငါမှားတယ်”ဆိုတဲ့သီချင်းအသစ်လေးကိုထွက်ရှိထားခဲ့ပါသေး တယ်။

က်ိုဗစ်ကာလအတွင်း လတ်တလောမှာတော့ အနုပညာအလုပ်တွေကိုရပ်နားပြီး Live Saleရောင်းချမှုတွေကိုပြုလုပ်နေတာပဲဖြစ်ပါတယ်..။ မနေ့ကတော့နီလန်းဟာ ကြက်တောင်ရိုက်ရင်းမျက်လုံးထိခိုက်သွားတာကြောင့် အလုပ်တွေအားလုံးကိုရက်ရွှေ့ဆိုင်းလိုက်ရပြီး လာမည့်တနင်္ဂနွေနေ့မှာတော့ မျက်စိခွဲစိတ်မှု့ပြုလုပ်သွားရမယ်လို ့သိရပါတယ်….။ အဲဒီအကြောင်းကိုတော့နီလန်းက သူမရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ယခုလိုပဲပြောပြလာခဲ့ပါတယ်…။

“ဒီနေ့တစ်ခါမှမရိုက်စဖူး ကြက်တောင်သွားရိုက်ရင်း မျက်လုံးထိခိုက်မိတာကြောင့် လက်ခံထားသော Live Sale များအားလုံးကို ရက်ရွှေ့ဆိုင်းခြင်းများပြုလုပ်သွားမည်ဖြစ်ပါတယ်… တနင်္ဂနွေနေ့တွင် မျက်စိခွဲစိတ်မှု့ပြုလုပ်မည်ဖြစ်ပါသောကြောင့် အလုပ်ကိစ္စနှင့်ပတ်သတ်သည်များအား လတ်တလောတွင် ခေတ္တခဏဆိုင်းငံ့ထား မည်ဖြစ်ပါကြောင်း လေးစားစွာဖြင့်အသိပေးအပ်ပါသည် “ဆိုပြီးရေးသားကာ ပုံရိပ်လေးနဲ့အတူမျှဝေပေးထားခဲ့တာ ပဲဖြစ်ပါတယ်…။

Source:Nilen – နီလန်း