နိုင္ငံေက်ာ္ စတူဒီယိုေတး သံရွင္ အဆိုေတာ္ ဂေရဟမ္ရဲ့ သမီးၾကီးျဖစ္သူ ပန္းေရာင္ျခယ္ကေတာ့ နိုက္တင္ေဂးငွက္ေလးလို သာယာၾကည္ေအးတဲ့ အသံေလးကို ပိုင္ဆိုင္ထားရံုသာမက ျမင္သူတိုင္း ခ်စ္ခင္ရတဲ့ မ်က္နွာလွလွေလးကိုပါ ပိုင္ဆိုင္ထားသူတစ္ေယာက္ပါ။ ပန္းေရာင္ျခယ္က သူမဖခင္ရဲ့ ေျခရာကိုနင္းျပီး အဆိုေတာ္တစ္ေယာက္အျဖစ္ အနုပညာေလာကထဲကို ဝင္ေရာက္လာခဲ့တယ္ဆိုေပမယ့္ အခုဆိုရင္ ေၾကာ္ျငာေတြကိုပါ ရိုက္ကူးေနျပီး “ လိပ္ျပာ ” ဇာတ္လမ္းတြဲမွာလည္း ေခါင္းေဆာင္မင္းသမီးတစ္ေယာက္အျဖစ္ ပါဝင္သရုပ္ေဆာင္ခဲ့တာ ကို ေတြ့ရပါတယ္..။

ေအာင္ျမင္ေက်ာ္ၾကားေနတဲ့ အနုပညာရွင္တစ္ေယာက္ပီပီ အနုပညာလႈပ္ရွားမႈေတြကို အဆက္မျပတ္လုပ္ကို္င္ေနရတဲ့ ပန္းေရာင္ျခယ္က ဒီကေန့မွာေတာ့ နုိင္ငံေက်ာ္ အကယ္ဒမီမင္းသမီးၾကီးေတြျဖစ္တဲ့ အိျႏၵာေက်ာ္ဇင္၊ ဝတ္မႈံေရႊရည္တို့နဲ့အတူတူ အလွကုန္ပစၥည္းေၾကာ္ျငာတစ္ခုကို ရိုက္ကူးခဲ့တာပဲ ျဖစ္ပါတယ္။ ပန္းေရာင္ျခယ္ကေတာ့ လွလည္းလွ၊ ၾကင္လည္းၾကင္နာျပီး ဂ်ဴနီယာေလးတစ္ေယာက္ကို ေႏြးေႏြးေထြးေထြးၾကိဳဆိုၾကတဲ့ စီနီယာမင္းသမီးေတြနဲ့ အလုပ္လုပ္ခြင့္ ရလို့ သူမကိုယ္သူမ ဂုဏ္ယူေနတာပဲ ျဖစ္ပါတယ္..။

အဆိုေတာ္ သ႐ုပ္ေဆာင္ပန္းေရာင္ျခယ္ကေတာ့ အိျႏၵာေက်ာ္ဇင္၊ ဝတ္မႈံေရႊရည္တို့နဲ့အတူတူ ရိုက္ကြင္းေပၚက အမွတ္တရေလး ကို မွ်ေဝရင္း သူမရဲ့ မေမ့နုိင္တဲ့ အမွတ္တရေလးကို ခ်ျပလာခဲ့တာပဲ ျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း ပန္းေရာင္ျခယ္၊ အိျႏၵာေက်ာ္ဇင္နဲ့ ဝတ္မႈံေရႊရည္တို့ရဲ့ ေၾကာ္ျငာေလး ထြက္ရိွလာရင္ အားေပးၾကဖို့ မေမ့ပါနဲ့ေနာ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ဆုေတာင္းေပး လိုက္ပါတယ္..။

unicode

နိုင်ငံကျော် စတူဒီယိုတေး သံရှင် အဆိုတော် ဂရေဟမ်ရဲ့ သမီးကြီးဖြစ်သူ ပန်းရောင်ခြယ်ကတော့ နိုက်တင်ဂေးငှက်လေးလို သာယာကြည်အေးတဲ့ အသံလေးကို ပိုင်ဆိုင်ထားရုံသာမက မြင်သူတိုင်း ချစ်ခင်ရတဲ့ မျက်နှာလှလှလေးကိုပါ ပိုင်ဆိုင်ထားသူတစ်ယောက်ပါ။ ပန်းရောင်ခြယ်က သူမဖခင်ရဲ့ ခြေရာကိုနင်းပြီး အဆိုတော်တစ်ယောက်အဖြစ် အနုပညာလောကထဲကို ဝင်ရောက်လာခဲ့တယ်ဆိုပေမယ့် အခုဆိုရင် ကြော်ငြာတွေကိုပါ ရိုက်ကူးနေပြီး “ လိပ်ပြာ ” ဇာတ်လမ်းတွဲမှာလည်း ခေါင်းဆောင်မင်းသမီးတစ်ယောက်အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့တာ ကို တွေ့ရပါတယ်..။

အောင်မြင်ကျော်ကြားနေတဲ့ အနုပညာရှင်တစ်ယောက်ပီပီ အနုပညာလှုပ်ရှားမှုတွေကို အဆက်မပြတ်လုပ်ကို်င်နေရတဲ့ ပန်းရောင်ခြယ်က ဒီကနေ့မှာတော့ နိုင်ငံကျော် အကယ်ဒမီမင်းသမီးကြီးတွေဖြစ်တဲ့ အိန္ဒြာကျော်ဇင်၊ ဝတ်မှုံရွှေရည်တို့နဲ့အတူတူ အလှကုန်ပစ္စည်းကြော်ငြာတစ်ခုကို ရိုက်ကူးခဲ့တာပဲ ဖြစ်ပါတယ်။ ပန်းရောင်ခြယ်ကတော့ လှလည်းလှ၊ ကြင်လည်းကြင်နာပြီး ဂျူနီယာလေးတစ်ယောက်ကို နွေးနွေးထွေးထွေးကြိုဆိုကြတဲ့ စီနီယာမင်းသမီးတွေနဲ့ အလုပ်လုပ်ခွင့် ရလို့ သူမကိုယ်သူမ ဂုဏ်ယူနေတာပဲ ဖြစ်ပါတယ်..။

အဆိုတော် သရုပ်ဆောင်ပန်းရောင်ခြယ်ကတော့ အိန္ဒြာကျော်ဇင်၊ ဝတ်မှုံရွှေရည်တို့နဲ့အတူတူ ရိုက်ကွင်းပေါ်က အမှတ်တရလေး ကို မျှဝေရင်း သူမရဲ့ မမေ့နိုင်တဲ့ အမှတ်တရလေးကို ချပြလာခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ပန်းရောင်ခြယ်၊ အိန္ဒြာကျော်ဇင်နဲ့ ဝတ်မှုံရွှေရည်တို့ရဲ့ ကြော်ငြာလေး ထွက်ရှိလာရင် အားပေးကြဖို့ မမေ့ပါနဲ့နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေး လိုက်ပါတယ်..။

Source: Pan Yaung Chel’s fb
Credit – Cele Connections