


Photo – Khay Sett Twin

ချစ်လှစွာသောပရိတ်သတ်ကြီးရေ ပရိသတ်တွေချစ်ခင်အားပေးမှုတွေ ကိုအခိုင်အမာရရှိထားတဲ့ခေးဆက်သွင်ကတော့ ပြည်သူထဲက ပြည်သူတစ်ယောက်ဖြစ်တာ ကြောင့်လတ်တလောမှာဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး ဖေဖော်ဝါရီထဲကနေဒီနေ့ဒီချိန်ထိ အင်တိုက်အားတိုက်ရရာနေရာကနေ တတ်နိုင်သလောက် ပါဝင်ကာ လှုပ်ရှားမ ှုတွေပြုလုပ်လျက်ရှိပါတယ်..။

တော်လှန်ရေးတိုက်ပွဲကြီးကလည်း တစ်ရက်ထက်တစ်ရက်အရှိန်ကောင်းလာကာ ခုဆိုရင်ပြည်သူတွေက အန္တရာယ်တွေကြားထဲက ဆန္ဒထုတ်ဖော်မှုတွေပြုလုပ်နေရ တာကြောင့် အသက်ဆုံးရှုံးခဲ့ရသူတွေလည်း တစ်ဆတစ်ဆများလာခဲ့တာကိုကြေကွဲဝမ်နည်းစွာတွေ့မြင့် ရပါတယ်..။

ခုလည်းခေးဆက်သွင်တစ်ယောက် အန္တရာယ်တွေကြားမှာ ကြောက်ရွံခြင်းမရှိဘဲရဲရင့်စွာ ဆန္ဒထုတ်ဖော်လျက်ရှိပါတယ်။အခုလည်း ဆန္ဒထုတ်ဖော်ရင်း အပစ်အခတ် တွေနဲ့ဖြိုခွင်းခံနေရကြောင်းကို ဗီဒီယိုလေးရိုက်ကာသူရဲ့အကောင့်မှာဖော်ပြခဲ့ရာ ပရိသတ်ကြီးအတွက် ပြန်လည်ဝေမျှပေး လိုက်ပါရစေ။ဖတ်ရှူ့ပေးကြတဲ့ပရိတ်သတ်
ကြီးအားလုံးလည်းသာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်..။

Credit– Cele Zone