Source : Phyu Phyu Kyaw Thein
အလွမ်းအဆွေးသီချင်းတွေကို အသံပါဝါ အားကောင်းကောင်းနဲ့ အမိုက်စား သီချင်းတွေကိုပါဖောမန့်အပြည့်နဲ့ ဖျော်ဖြေတင်ဆက်လေ့ရှိတဲ့ နိ်ုင်ငံကျော် အဆိုတော် ဖြူဖြူကျော်သိန်းကတော့ ပရိသတ်တွေကို အမြဲ အထူးအဆန်းတွေလုပ်ပြလေ့ရှိတဲ့ အနုပညာရှင်တစ်ယောက်ဆိုတာကိုတော့ အထူးတလည် ပြောစရာမလိုတော့ဘူး ထင်ပါတယ်နော် ။ သူမရဲ့ အမိုက်စား နဲ့ အလန်းစား ဖက်ရှင်တွေကတော့ ပရိသတ်တွေကြားမှာ အမြဲရေပန်းစား လေ့ရှိပြီး ပရိသတ်တွေကို အံ့အားသင့်စေတဲ့အနုပညာရှင်တစ်ယောက်ပါ.. ။
မကြာခဏဆိုသလို အစီစဉ်တင်ဆက်သူ သရုပ်ဆောင် ကျော်ထက်အောင် နဲ့ စုံတွဲပုံရိပ်လေးတွေကို လူမှုကွန်ရက်စာမျက်နှာမှာ မျှဝေပြီး ပရိသတ်တွေကို ဆေးထိုးလေ့ရှိတဲ့ အဆိုတော် ဖြူဖြူနဲ့ သရုပ်ဆောင် ကျော်ထက်အောင်ကို ပရိသတ်တွေက တွဲနေကြပြီလားဆိုတဲ့ မေးခွန်းတွေထုတ်ခဲ့ပေမယ့် ဒီနေ့မှာတော့ ဖြူဖြူဟာ သူမ စင်ဂယ်ဖြစ်ကြောင်း အခုလို ဖော်ပြခဲ့ပါတယ် ။ ဖက်စရာဆိုလို့လည်း ခရစ်စမတ် သစ်ပင်ကြီးပဲရှိတယ်လေ ဆိုတဲ့စာသားလေးနဲ့အတူ တစ်ကိုယ်တော် ဖြတ်သန်းနေတဲ့ ပျော်ရွှင်စရာ ခရစ္စမတ်ပုံရိပ်လေးတွေကို ပရိသတ်တွေကို မျှဝေပေးခဲ့တာပဲဖြစ်ပါတယ် ။
ပရိသတ်တွေကတော့ သူမကို တစ်ကိုယ်တော် အပျိုကြီးဆိုတာကို ယုံတဝက် မယုံတဝက်နဲ့မေးခွန်းတွေ ထုတ်ခဲ့ကြပြီး တကယ်တစ်ယောက်ထဲဖြတ်သန်းနေတာ ဟုတ်ရဲ့လား ဆိုတဲ့မှတ်ချက်တွေ ပေးခဲ့ကြပါတယ် ။ ပရိသတ်ကြီးထင်သလို အစီစဉ်တင်ဆက်သူ သရုပ်ဆောင် ကျော်ထက်အောင်နဲ့က အနုပညာ မောင်နှမတွေသာဖြစ်ပြီး သူမကတော့ တစ်ကိုယ်တော် စင်ဂယ်ပါပဲ တဲ့ပရိသတ်ကြီးရေ။ဖတ်
ရှူ့ပေးကြတဲ့ ချစ်ပရိတ်သတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်..။
Credit (Cele Gabar)