သရုပ်ဆောင်မင်းသမီးအသစ် ဖြစ်တဲ့ဖြူဖြူထွေးကတော့ အွန်လိုင်းပေါ်က ဗီဒီယိုလေးကနေတဆင့် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လူသိများ ကျော်ကြားလာခဲ့သူတစ်ယောက် ဖြစ်ပါတယ်။ အခုဆိုရင် အောင်မြင်တဲ့နေရာတစ်နေရာမှာ အခိုင်အမာရပ်တည်နေပြီဖြစ်တဲ့ ဖြူဖြူထွေးက အွန်လိုင်းကြော်ငြာတွေများစွာကို နေ့စဉ်ရက်ဆက်လက်မလည်အောင် ရိုက်ကူးပေးနေတာပဲ ဖြစ်ပါတယ်။ အရင်ကထက် အများကြီး အဆင်ပြေချောင်လည်လာပြီး ပိုလျှံတဲ့အထိဖြစ်လာခဲ့တဲ့ သရုပ်ဆောင် မင်းသမီး ဖြူဖြူထွေးက အလှူအတန်းတွေများစွာကိုလည်း ပြုလုပ်သလို သူမရဲ့ မိသားစုကိုလည်း အများကြီး အထောက်အကူဖြစ်စေခဲ့တာပဲ ဖြစ်ပါတယ်..။

အွန်လိုင်းကြော်ငြာတွေမှာ မိခင်ဖြစ်သူကို မကြာခဏ ထည့်သွင်းရိုက်ကူးပေးတတ်တဲ့ သရုပ်ဆောင်မင်းသမီးလေး ဖြူဖြူထွေးက သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေတဆင့်လည်း မိခင်နဲ့ Live ဗီဒီယိုလေးတွေ ပြုလုပ်ပေးလေ့ရှိပါတယ်။ ဒီတစ်ခေါက်မှာတော့ သမီးထက်တောင် အမူအယာအိုက်တင်ကောင်းတဲ့ ဖြူဖြူထွေးမေမေရဲ့ ဗီဒီယိုက ပရိသတ်တွေကြားမှာ အများကြီးရေပန်းစားနေခဲ့ပြီး လူကြိုက်များ အောင်မြင်နေတာကြောင့် ဖြူဖြူထွေးက သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာပေါ်ကနေကနေတဆင့် အခုလိုပဲ ပြန်လည်မျှဝေပေးလာပါတယ်..။

နိုင်ငံကျော်သရုပ်ဆောင် ဖြူဖြူထွေးတို့ သားအမိနှစ်ယောက်ကတော့ တောသူတောင်သားတွေပီပီ အရမ်းရိုးသားပြီး ချစ်စရာကောင်းတာပဲနော်။ ပရိသတ်ကြီးလည်း ဖြူဖြူထွေးတို့ သားအမိနှစ်ယောက်ရဲ့ ဗီဒီယိုကို သဘောကျကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်..။

Source: Phyu Phyu Htwe’s fb

Credit – Cele Connections