ပရိသတ္တိုင္း သိျပီးသား အနုပညာရွင္ တစ္ေယာက္ျဖစ္တဲ့ သ႐ုပ္ေဆာင္ သားညီကေတာ့ ဦးေလးျဖစ္သူ အကယ္ဒမီေက်ာ္ဟိန္းနဲ့ အစ္ကုိရင္းျဖစ္သူ အကယ္ဒမီေဒြးတို့ရဲ့ ေဖးမမႈေတြနဲ့ အနုပညာလမ္းေၾကာင္းေပၚ ေရာက္ရိွလို့လာတာပဲ ျဖစ္ပါတယ္။ ဒါရိုက္တာတစ္ေယာက္ျဖစ္ခ်င္ခဲ့တဲ့ သားညီက သူ့ရဲ့ အနုပညာေျခလွမ္းအစမွာေတာ့ အစ္ကိုနဲ့အတူတူ ရုပ္ရွင္ဇာတ္ကားေတြ ရိုက္ကူးရင္း သရုပ္ေဆာင္တစ္ေယာက္ျဖစ္လာသလို တျဖည္းျဖည္းခ်င္း သင္ယူေလ့လာရင္း အခုဆိုရင္ နုိင္ငံေက်ာ္ ဒါရိုက္တာတစ္ေယာက္ ျဖစ္လို့ေနျပီပဲ ျဖစ္ပါတယ္။ သားညီကေတာ့ ဒါရိုက္တာတစ္ေယာက္အျဖစ္ ရုပ္ရွင္ဇာတ္ကားေတြ ဦးစီးရိုက္ကူးသလို သရုပ္ေဆာင္တစ္ေယာက္အျဖစ္လည္း အနုပညာေလာကထဲမွာ က်င္လည္ေနဆဲ ျဖစ္ပါတယ္။

အဆိုေတာ္ သ႐ုပ္ေဆာင္ေရႊထူး၊သ႐ုပ္ဗဆာင္ ေရႊမႈံရတီတို့နဲ့အတူတူ “ကမ္း” ရုပ္ရွင္ဇာတ္ကားၾကီးရိုက္ကူးျပီးတဲ့ေနာက္ ရုပ္ရွင္ဇာတ္ကားရိုက္ကူးမႈေတြရပ္နားထားတဲ့ သားညီက ေၾကာ္ျငာဗီဒီယိုေတြကိုေတာ့ ဆက္လက္ရိုက္ကူးေနဆဲ ျဖစ္ပါတယ္။ ဒီတစ္ေခါက္မွာလည္း သားညီက သူကိုယ္တိုင္ရိုက္ကူးထားတဲ့ ဓာတ္ေျမၾသဇာေၾကာ္ျငာကို နုိင္ငံေက်ာ္မင္းသား၊ ဒါရိုက္တာတစ္ေယာက္ျဖစ္တဲ့ အကယ္ဒမီလြင္မိုးက “လန္းတယ္.. ဆန္းတယ္” ဆိုျပီး ေကာင္းတဲ့ မွတ္ခ်က္ေလးနဲ့ ခ်ီးက်ဴးခဲ့တာေၾကာင့္ ေပ်ာ္ရႊင္ေနရတဲ့အေၾကာင္း မွ်ေဝလာပါတယ္။

သ႐ူပ္ေဆာင္ လြင္မိုးကေတာ့ ေဒြးသက္ရိွထင္ရွားရိွစဥ္ကတည္းက ေဒြးကြယ္လြန္သြားျပီးတဲ့အခ်ိန္ထိတိုင္ တစ္တန္းတည္းထားျပီး ေလးစားခ်စ္ခင္ရတဲ့ စီနီယာျဖစ္တာေၾကာင့္ သားညီက ေတာ္ေတာ္ေလး ဝမ္းသာေနတာပဲ ျဖစ္ပါတယ္။ လြင္မိုးခ်ီးက်ဴးမယ္ဆိုလည္း ခ်ီးက်ဴးရေလာက္ေအာင္ သားညီရဲ့ အနုပညာအရည္အခ်င္းကလည္း ေျပာင္ေျမာက္လွတာ ျငင္းဖြယ္ရာမရိွပါဘူးေနာ္။ ဖတ္ရႈေပးၾကတဲ့ ခ်စ္ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ဆုမြန္ေကာင္းေတာင္းေပးလိုက္ပါတယ္ေနာ္…။

Source: Thar Nyi’s fb
Credit– Cele Connections

ပရိသတ်တိုင်း သိပြီးသား အနုပညာရှင် တစ်ယောက်ဖြစ်တဲ့ သရုပ်ဆောင် သားညီကတော့ ဦးလေးဖြစ်သူ အကယ်ဒမီကျော်ဟိန်းနဲ့ အစ်ကိုရင်းဖြစ်သူ အကယ်ဒမီဒွေးတို့ရဲ့ ဖေးမမှုတွေနဲ့ အနုပညာလမ်းကြောင်းပေါ် ရောက်ရှိလို့လာတာပဲ ဖြစ်ပါတယ်။ ဒါရိုက်တာတစ်ယောက်ဖြစ်ချင်ခဲ့တဲ့ သားညီက သူ့ရဲ့ အနုပညာခြေလှမ်းအစမှာတော့ အစ်ကိုနဲ့အတူတူ ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူးရင်း သရုပ်ဆောင်တစ်ယောက်ဖြစ်လာသလို တဖြည်းဖြည်းချင်း သင်ယူလေ့လာရင်း အခုဆိုရင် နိုင်ငံကျော် ဒါရိုက်တာတစ်ယောက် ဖြစ်လို့နေပြီပဲ ဖြစ်ပါတယ်။ သားညီကတော့ ဒါရိုက်တာတစ်ယောက်အဖြစ် ရုပ်ရှင်ဇာတ်ကားတွေ ဦးစီးရိုက်ကူးသလို သရုပ်ဆောင်တစ်ယောက်အဖြစ်လည်း အနုပညာလောကထဲမှာ ကျင်လည်နေဆဲ ဖြစ်ပါတယ်။

အဆိုတော် သရုပ်ဆောင်ရွှေထူး၊သရုပ်ဗဆာင် ရွှေမှုံရတီတို့နဲ့အတူတူ “ကမ်း” ရုပ်ရှင်ဇာတ်ကားကြီးရိုက်ကူးပြီးတဲ့နောက် ရုပ်ရှင်ဇာတ်ကားရိုက်ကူးမှုတွေရပ်နားထားတဲ့ သားညီက ကြော်ငြာဗီဒီယိုတွေကိုတော့ ဆက်လက်ရိုက်ကူးနေဆဲ ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာလည်း သားညီက သူကိုယ်တိုင်ရိုက်ကူးထားတဲ့ ဓာတ်မြေသြဇာကြော်ငြာကို နိုင်ငံကျော်မင်းသား၊ ဒါရိုက်တာတစ်ယောက်ဖြစ်တဲ့ အကယ်ဒမီလွင်မိုးက “လန်းတယ်.. ဆန်းတယ်” ဆိုပြီး ကောင်းတဲ့ မှတ်ချက်လေးနဲ့ ချီးကျူးခဲ့တာကြောင့် ပျော်ရွှင်နေရတဲ့အကြောင်း မျှဝေလာပါတယ်။

သရူပ်ဆောင် လွင်မိုးကတော့ ဒွေးသက်ရှိထင်ရှားရှိစဉ်ကတည်းက ဒွေးကွယ်လွန်သွားပြီးတဲ့အချိန်ထိတိုင် တစ်တန်းတည်းထားပြီး လေးစားချစ်ခင်ရတဲ့ စီနီယာဖြစ်တာကြောင့် သားညီက တော်တော်လေး ဝမ်းသာနေတာပဲ ဖြစ်ပါတယ်။ လွင်မိုးချီးကျူးမယ်ဆိုလည်း ချီးကျူးရလောက်အောင် သားညီရဲ့ အနုပညာအရည်အချင်းကလည်း ပြောင်မြောက်လှတာ ငြင်းဖွယ်ရာမရှိပါဘူးနော်။ ဖတ်ရှုပေးကြတဲ့ ချစ်ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်…။

Source: Thar Nyi’s fb
Credit– Cele Connections