unicode
ရုပ်ရှင်ကြည့် ပရိသတ်တွေနဲ့ နေ့စဉ်ထိတွေ့မှုရှိတဲ့ ရုပ်သံဇာတ်လမ်းတွဲတွေမှာ မတူညီတဲ့ ကာရိုက်တာတွေနဲ့ သရုပ်ဆောင်ခဲ့တဲ့ မင်းသမီးချောလေး ခေးဆက်သွင်ကတော့ တစ်နိုင်ငံလုံးက လူကြီး၊ လူငယ် ရုပ်ရှင်ကြည့် ပရိသတ်တိုင်း ကြိုက်နှစ်သက်အားပေးကြမယ် ထင်ပါတယ်။ လူငယ်သဘာာဝအတိုင်း လွတ်လွတ်လပ်လပ်နဲ့ ပျော်ရွှင်စွာနေတတ်တဲ့ ခေးဆက်သွင်ကတော့ အနုပညာအလုပ်တွေကိုလည်း လုပ်ကိုင်သလို အားတဲ့အချိန်မှာလည်း ပရိသတ်တွေ ရယ်မောပျော်ရွှင်စေဖို့ ဟာသဗီဒီယိုတွေများစွာကို ကြိုးစားတင်ဆက်ပေးနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း ချစ်စရာကောင်းပြီး ဟန်ဆောင်မှုမရှိတဲ့ ခေးဆက်သွင်ရဲ့ ပုံစံလေးကြောင့် ပိုလို့တောင် အချစ်တွေတိုးလို့ချစ်နေရတာပဲ ဖြစ်ပါတယ်..။
တစ်နေ့ထက်တစ်နေ့ အောင်မြင်မှူ ့ရလာတာနဲ့အမျှ အနုပညာလှုပ်ရှားမှုတွေ ဆက်တိုက်ဆိုသလို လုပ်ကိုင်နေရတဲ့ ခေးဆက်သွင်က ကိုဗစ်ကာလမှာ ဇာတ်လမ်းတွဲရိုက်ကူးမှုတွေကို ရပ်နားထားပေမယ့် လူနည်းစုနဲ့ ရိုက်ကူးရတဲ့ ကြော်ငြာတွေကိုတော့ဆက်လက် ရိုက်ကူးဖြစ်နေတာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ခေးဆက်သွင်က သူမရဲ့ အလုပ်ကိစ္စတစ်ခုနဲ့ ဆေးစစ်ရင်း Covid-19 Negative ဖြစ်ကြောင်းကို ပရိသတ်တွေကို ထပ်တူဝမ်းသာရအောင် မျှဝေပေးလာပါတယ်..။
ခေးဆက်သွင်ကတော့မဖြစ််မနေ အလုပ်တွေလုပ်နေရတယ်ဆိုပေမယ့် ကျန်းမာရေးလမ်းညွှန်ချက်တွေအတိုင်း စနစ်တကျလိုက်နာတာကြောင့် အခုလို ရလဒ်ကောင်းတွေရရှိခဲ့တာ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ခေးဆက်သွင်ရဲ့ သတင်းကောင်းလေးကို ထပ်တူဝမ်းသာနေကြမယ် ထင်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ချစ်လှစွာသောပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်..။
Source: Khay Sett Thwin’s fb
Bilie – Cele Connections