Source: Yoon Yoon’s fb
ချစ်လှစွာသောပရိတ်သတ်ကြီးရေ ပြည်သူချစ် ရုပ်ရှင်သရုပ်ဆောင် မင်းသမီးလေ းတွေဖြစ်ကြတဲ့ ယွန်းယွန်းနဲ့ သဇင်ထူးမြင့်တို့ကတော့ အနုပညာလောကမှာ ပရိသတ်တွေအားပေးမှုကိုယ်စီနဲ့ ရပ်တည်နေကြသူလေးတွေပဲ ဖြစ်ပါတယ်။ရုပ်ရှင်သရုပ်ဆောင် ယွန်းယွန်းကလည်း ငယ်ငယ်ကတည်းက အောင်မြင်ပြီးသား အကယ်ဒမီဆုရှင်လေးဖြစ်သလို သဇင်ထူးမြင့်ကလည်း သူမရဲ့ ကြိုးစားမှုအတိုင်းအတာကြောင့် အောင်မြင်တဲ့နေရာတစ်နေရာကို ရောက်ရှိနေပြီပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း ယွန်းယွန်းနဲ့ သဇင်ထူးမြင့်တို့နှစ်ယောက်စလုံးကို ညီတူညီမျှနဲ့ အချစ်တွေခွဲဝေပြီး ချစ်ကြတာကို တွေ့ရ ပါတယ်..။
ရုပ်ရှင်သရုပ်ဆောင်မင်းသမီးချောလေးများြ ဖစ်ကြတဲ့ သဇင်ထူးမြင့်နဲ့ ယွန်းယွန်းကတော့ သူငယ်ချင်းတွေဆိုတာထက် တစ်ယောက်နဲ့တစ်ယောက် ညီအစ်မတွေလိုချစ်ကြတာ ပရိသတ်ကြီး သိပြီးသားဖြစ်မှာပါ။ ဒီတစ်ခေါက်မှာလည်း ယွန်းယွန်းက သူမအပေါ် အရမ်းချစ်ပြီး သံယောဇဉ်ကြီးရှာတဲ့ သဇင်ထူးမြင့်အကြောင်းကို “ ကိုယ်အိပ်ချင်တဲ့အချိန်အိပ် ထချင်တဲ့ အချိန်ထတာကို ပြောမယ့်သူ၊ စောင့်မယ်သူလည်းမရှိဘူးဆိုပြီး တစ်ရက်လေးနားရတုန်း လုံးဝမထပဲ အိပ်နေတာ.. သူအဲ့လိုလိုတွေ ပို့ထားမယ် မထင်လိုက်မိဘူး..Ahh အရမ်းချစ်နေပါပြီ ” ဟုဆိုပြီး ပြောလာတာပဲ ဖြစ်ပါတယ်..။
သရုပ်ဆောင်အကယ်ဒမီ ယွန်းယွန်းကတော့ သူမအိပ်နေတဲ့ အချိန်လေးမှာ စာတွေဆက်တိုက်ပို့ပြီး လွမ်းနေရှာတဲ့ သဇင်ထူးမြင့်ရဲ့ အပြုအမူလေးကြောင့် အရမ်းချစ်ပြီး အသည်းယားနေရတာပဲ ဖြစ်ပါတယ်။ချစ် ပရိသတ်ကြီးလည်း အချစ်ကြီးလွန်းပြီး သူငယ်ချင်းကို သံယောဇ ဉ်တွယ်လွန်းတဲ့ သဇင်ထူးမြင့်လေးကို ပိုလို့တောာင် ချစ်သွားကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆု
မွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်..။
Credit – Cele Connections