မဂၤလာပါ ပရိသတ္ႀကီးေရ အဆိုေတာ္ Ah Boy နဲ႔ သ႐ုပ္ေဆာင္ ျမတ္ရတနာေက်ာ္ကေတာ့ ၿပီးခဲ့တဲ့ (၂၀၁၈)ခုႏွစ္အတြင္းကပဲ လက္ထပ္ခဲ့ၾကၿပီး သာယာေပ်ာ္႐ႊင္တဲ့ မိသားစုဘဝေလးကို တည္ေဆာက္ထားတာ ျဖစ္ပါတယ္။ Ah Boy ကေတာ့ စီးပြားေရးလုပ္ငန္းေတြ လုပ္ကိုင္ေနၿပီး သူ႔ရဲ႕ သမီးသုံးေယာက္နဲ႔ မိသားစုေလးကို ျပည့္ျပည့္စုံစုံထားႏိုင္ဖို႔ ႀကိဳးစားေနသူ အိမ္ေထာင္ဦးစီးေကာင္းတစ္ေယာက္ပဲ ျဖစ္ပါတယ္။ ျမတ္ရတနာေက်ာ္ကလည္း အိမ္ေထာင္က်ၿပီးေနာက္ပိုင္း အႏုပညာလႈပ္ရွားမႈေတြကိုလည္း အခ်ိန္ေပးလုပ္ကိုင္ေနကာ မိသားစုဝင္ေတြအတြက္ အခ်ိန္ေပးျဖစ္ေနတဲ့ အိမ္ေထာင္ရွင္မႀကီးတစ္ေယာက္ ျဖစ္လို႔ေနၿပီပဲ ျဖစ္ပါတယ္။

ေနာက္ထပ္ရင္ေသြးေလးတစ္ေယာက္ကို ထပ္မံရရွိေနၿပီျဖစ္တဲ့ Ah Boy နဲ႔ ျမတ္ရတနာေက်ာ္တို႔က သားေလးလား သမီးေလးလားမသိရေသးတဲ့ ရင္ေသြးေလးအတြက္ ဝမ္းသာေနၾကသလို တစ္အိမ္လုံးရဲ႕ အငယ္ဆုံးေလး Scarlett ကလည္း ေမာင္ေလး၊ ညီမေလးရေတာ့မွာမို႔ ဝမ္းသာေနတယ္လို႔ သိရပါတယ္။ Ah Boy က “အသဲေလးကေန အသဲႀကီးရာထူးတိုးေတာ့မွာမို႔ အလြန္တရာေပ်ာ္ေနေသာ မမScarlett ♥️😘” ဆိုျပီး အငယ္ဆံုးကေန ရာထူးတက္မွာမို့ ေပ်ာ္ရႊင္ေနတဲ့ သမီးေလးရဲ့ ပံုရိပ္ကို မွ်ေဝေပးလာပါတယ္။

Ah Boy ကေတာ့ သမီးသံုးေယာက္ရိွေနျပီမို့ ေနာက္ထပ္ သားေလးတစ္ေယာက္ကိုသာ ပိုင္ဆိုင္ခ်င္ေနတာပဲ ျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း Ah Boy နဲ့ ျမတ္ရတနာေက်ာ္တို့ ရင္ေသြးေလးက သားေယာက်ာ္းေလးျဖစ္ေစဖို့ ဆုေတာင္းေပးၾကပါဦးေနာ္။ ဖတ္ရႈေပးၾကတဲ့ ခ်စ္ပရိသတ္ႀကီးအားလုံး သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုမြန္ေကာင္းေတာင္းေပးလိုက္ပါတယ္ေနာ္….။

Source: Scarlett Phyo Tun’s fb
Credit – Cele Connections

မင်္ဂလာပါ ပရိသတ်ကြီးရေ အဆိုတော် Ah Boy နဲ့ သရုပ်ဆောင် မြတ်ရတနာကျော်ကတော့ ပြီးခဲ့တဲ့ (၂၀၁၈)ခုနှစ်အတွင်းကပဲ လက်ထပ်ခဲ့ကြပြီး သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားတာ ဖြစ်ပါတယ်။ Ah Boy ကတော့ စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်နေပြီး သူ့ရဲ့ သမီးသုံးယောက်နဲ့ မိသားစုလေးကို ပြည့်ပြည့်စုံစုံထားနိုင်ဖို့ ကြိုးစားနေသူ အိမ်ထောင်ဦးစီးကောင်းတစ်ယောက်ပဲ ဖြစ်ပါတယ်။ မြတ်ရတနာကျော်ကလည်း အိမ်ထောင်ကျပြီးနောက်ပိုင်း အနုပညာလှုပ်ရှားမှုတွေကိုလည်း အချိန်ပေးလုပ်ကိုင်နေကာ မိသားစုဝင်တွေအတွက် အချိန်ပေးဖြစ်နေတဲ့ အိမ်ထောင်ရှင်မကြီးတစ်ယောက် ဖြစ်လို့နေပြီပဲ ဖြစ်ပါတယ်။

နောက်ထပ်ရင်သွေးလေးတစ်ယောက်ကို ထပ်မံရရှိနေပြီဖြစ်တဲ့ Ah Boy နဲ့ မြတ်ရတနာကျော်တို့က သားလေးလား သမီးလေးလားမသိရသေးတဲ့ ရင်သွေးလေးအတွက် ဝမ်းသာနေကြသလို တစ်အိမ်လုံးရဲ့ အငယ်ဆုံးလေး Scarlett ကလည်း မောင်လေး၊ ညီမလေးရတော့မှာမို့ ဝမ်းသာနေတယ်လို့ သိရပါတယ်။ Ah Boy က “အသဲလေးကနေ အသဲကြီးရာထူးတိုးတော့မှာမို့ အလွန်တရာပျော်နေသော မမScarlett ♥️😘” ဆိုပြီး အငယ်ဆုံးကနေ ရာထူးတက်မှာမို့ ပျော်ရွှင်နေတဲ့ သမီးလေးရဲ့ ပုံရိပ်ကို မျှဝေပေးလာပါတယ်။

Ah Boy ကတော့ သမီးသုံးယောက်ရှိနေပြီမို့ နောက်ထပ် သားလေးတစ်ယောက်ကိုသာ ပိုင်ဆိုင်ချင်နေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း Ah Boy နဲ့ မြတ်ရတနာကျော်တို့ ရင်သွေးလေးက သားယောကျာ်းလေးဖြစ်စေဖို့ ဆုတောင်းပေးကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ ချစ်ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်….။

Source: Scarlett Phyo Tun’s fb
Credit – Cele Connections