


Source: Nay Win’s fb

နိုင်ငံကျော် အဆိုတော်တစ်ယောက်ဖြစ်တဲ့ နေဝင်းကတော့ အမိုက်စားသီချင်းတွေကို သီဆိုရင်း လူငယ်ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိထားသူတစ်ယောက် ဖြစ်ပါတယ်။ အဆိုတော် နေဝင်းကတော့ အခုဆိုရင် ကိုဗစ်ကာလအတွင်း ရှိုးပွဲသီဆိုမှုတွေကို ရပ်နားထားပြီး အိမ်မှာပဲ ချစ်ဇနီးနဲ့အတူတူ ကြင်စဦးဇနီးမောင်နှံဘဝလေးကို ဖြတ်သန်းနေတာပဲဖြစ်ပါတယ်…။ ပရိသတ်တွေကလည်း နေဝင်းရဲ့ အနုပညာလှုပ်ရှားမှုတွေသာမက ချစ်စရာကောင်းတဲ့ ခရီးသွား ဘလော်ဂါလေးနဲ့ အိမ်ထောင်ရေးကိုလည်း စိတ်ဝင်တစားရှိကြတာပဲဖြစ်ပါတယ်….။

ပရိသတ်တွေထင်ထားတာထက် ပိုချစ်တတ်ပြီး ချစ်ဇနီးကို ဂရုစိုက်တတ်တဲ့ နေဝင်းက ဒီကနေ့မှာလည်း ပရိသတ်တွေအားကျသွားစေမယ့် အပြုအမူလေးတစ်ခုကို ပြုလုပ်ခဲ့တာ တွေ့ရပါတယ်…။ နေဝင်းက ချစ်ဇနီးအဆင်သင့်စားနိုင်ဖို့အတွက် ဟင်းတွေကို ကိုယ်တိုင်ချက်ပြုတ်နေခဲ့တာဖြစ်ပြီး ချစ်တဲ့အကြောင်းတွေကို ပြ သနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကတော့ နေဝင်းရဲ့ ချစ်တတ်ပြီး ချစ်ဇနီးကို လိုလေသေးမရှိ ဂရုစိုက်တာကို အားကျနေကြမယ်ထင်ပါတယ်…။

နေဝင်းရဲ့ အမိုက်စားသီချင်းတွေရေးတဲ့လက်တစ်စုံက အိမ်ထောင်ကျပြီးမှ ချစ်ဇနီးစားဖို့ ယောင်းမကိုင်ပြီး ဟင်းတွေချက်နေတာ တကယ့်ကိုချစ်စရာကောင်းလှပါတယ်။ နေဝင်းတို့ ဇနီးမောင်နှံနှစ်ယောက် အခုလိုပဲ အမြဲထာဝရချစ်နိုင်ကြပါစေနော်။ ဖတ်ရှုပေးကြတဲ့ ချစ်ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်…။

Source: Nay Win’s fb
Credit– Cele Connections