အဆိုေတာ္ စည္သူလြင္ကေတာ့ ဇနီးေခ်ာေလး ႏြယ္မာေက်ာ္နဲ႔ ၂၀၁၀ ခုႏွစ္ ဒီဇင္ဘာလ (၃) ရက္ေန႔မွာ လက္ထပ္ခဲ့တာျဖစ္ၿပီး အခုဆိုရင္ အိမ္ေထာင္သက္တမ္း (၁၀) ႏွစ္တာ ကာလကို ေရာက္ရွိလာၿပီျဖစ္ပါတယ္။ ဒီလို အမွတ္တရေန႔ေလးမွာ ဇနီးအတြက္ သူ႔ရင္ထဲက စကားေတြကို အခုလို ေျပာလာခဲ့ပါတယ္။

” Happy 10th Anniversary ပါခ်စ္တဲ့မိန္းမေရ။ ေကာင္းအတူ၊ ဆိုးအတူအျမဲေဘးနားမွာ ရွိေနေပးလို႔လဲေက်းဇူးပါ။ အရမ္းစိတ္ဓာတ္ေတြက်ေနတဲ့ အခ်ိန္မွာကိုယ့္ဘဝထဲကို ဝင္လာၿပီး လက္တြဲခဲ့တဲ့သူမို႔ အျမဲတန္ဖိုးထားပါတယ္။ အခက္အခဲေတြအတူ ေက်ာ္ျဖတ္ခဲ့ရတဲ့အခ်ိန္ေတြကို သတိရတယ္။ ေပ်ာ္ခဲ့ရတဲ့ အခ်ိန္ေတြကို သတိရတယ္။ေရွ႕ဆက္ရမယ့္အခ်ိန္ေတြအတြက္လည္း ဒီထက္ပိုခ်စ္၊ ဒီထက္ပိုေပ်ာ္ရႊင္၊ဒီ ထက္ပိုၿပီးစိတ္ခ်မ္းသာေစရပါမယ္။ Love you♥!!!!!!!” ဆိုၿပီးေတာ့ ဒီဇင္ဘာလ (၃) ရက္ေန႔ မနက္ ၁၂ နာရီက သူ႔ရဲ့ ေဖ့စ္ဘြတ္မွာ ေရးသားခဲ့တာပါ။

အခုဆိုရင္ေတာ့ စည္သူလြင္နဲ႔ ႏြယ္မာေက်ာ္တို႔ရဲ့ အိမ္ေထာင္ေရးမွာ (၈) ႏွစ္အရြယ္ တစ္ဦးတည္းေသာ သားေလးကို ပိုင္ဆိုင္ထားတာ ျဖစ္ၿပီး ေပ်ာ္စရာေကာင္းတဲ့ မိသားစုဘဝေလးကို တည္ေဆာက္ထားတာပါ။ စည္သူလြင္ရဲ့ ဇနီး ႏြယ္မာေက်ာ္ဟာ တစ္ခ်ိန္က အႏုပညာေလာကမွာ “ Miss Beautyful Revolon” ဆုကိုလည္း ရရွိထားတဲ့ အလွမယ္ တစ္ဦးျဖစ္ၿပီး ေၾကာ္ျငာေတြလည္း ရိုက္ကူးခဲ့ဖူးတဲ့ Model တစ္ေယာက္ျဖစ္ပါတယ္။


အဆိုေတာ္ စည္သူလြင္ကိုေတာ့ အခ်စ္သီခ်င္းေအးေအးေလးေတြ ဆိုရင္း ပရိသတ္ေတြ သိခဲ့တာပါ။ ဒါ့အျပင္ တစ္ကိုယ္ေတာ္ အေခြေတြလည္း ထြက္ခဲ့ဖူးသူျဖစ္ပါတယ္။ ၂၀၁၅ခုႏွစ္တုန္းက သူငယ္ခ်င္းျဖစ္သူ အဆိုေတာ္ တင္ဇာေမာ္နဲ႔ တြဲၿပီး ေဖ်ာ္ေျဖပြဲေတြ သီဆိုခဲ့သလို ၂၀၁၆ခုႏွစ္ကလည္း အဆိုေတာ္ ေအးခ်မ္းေမနဲ႔ တြဲဖက္ၿပီး ေဖ်ာ္ေျဖပြဲေတြ ျပဳလုပ္ခဲ့ပါေသးတယ္။

unicode

အဆိုတော် စည်သူလွင်ကတော့ ဇနီးချောလေး နွယ်မာကျော်နဲ့ ၂၀၁၀ ခုနှစ် ဒီဇင်ဘာလ (၃) ရက်နေ့မှာ လက်ထပ်ခဲ့တာဖြစ်ပြီး အခုဆိုရင် အိမ်ထောင်သက်တမ်း (၁၀) နှစ်တာ ကာလကို ရောက်ရှိလာပြီဖြစ်ပါတယ်။ ဒီလို အမှတ်တရနေ့လေးမှာ ဇနီးအတွက် သူ့ရင်ထဲက စကားတွေကို အခုလို ပြောလာခဲ့ပါတယ်။

” Happy 10th Anniversary ပါချစ်တဲ့မိန်းမရေ။ ကောင်းအတူ၊ ဆိုးအတူအမြဲဘေးနားမှာ ရှိနေပေးလို့လဲကျေးဇူးပါ။ အရမ်းစိတ်ဓာတ်တွေကျနေတဲ့ အချိန်မှာကိုယ့်ဘဝထဲကို ဝင်လာပြီး လက်တွဲခဲ့တဲ့သူမို့ အမြဲတန်ဖိုးထားပါတယ်။ အခက်အခဲတွေအတူ ကျော်ဖြတ်ခဲ့ရတဲ့အချိန်တွေကို သတိရတယ်။ ပျော်ခဲ့ရတဲ့ အချိန်တွေကို သတိရတယ်။ရှေ့ဆက်ရမယ့်အချိန်တွေအတွက်လည်း ဒီထက်ပိုချစ်၊ ဒီထက်ပိုပျော်ရွှင်၊ဒီ ထက်ပိုပြီးစိတ်ချမ်းသာစေရပါမယ်။ Love you♥!!!!!!!” ဆိုပြီးတော့ ဒီဇင်ဘာလ (၃) ရက်နေ့ မနက် ၁၂ နာရီက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့တာပါ။

အခုဆိုရင်တော့ စည်သူလွင်နဲ့ နွယ်မာကျော်တို့ရဲ့ အိမ်ထောင်ရေးမှာ (၈) နှစ်အရွယ် တစ်ဦးတည်းသော သားလေးကို ပိုင်ဆိုင်ထားတာ ဖြစ်ပြီး ပျော်စရာကောင်းတဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားတာပါ။ စည်သူလွင်ရဲ့ ဇနီး နွယ်မာကျော်ဟာ တစ်ချိန်က အနုပညာလောကမှာ “ Miss Beautyful Revolon” ဆုကိုလည်း ရရှိထားတဲ့ အလှမယ် တစ်ဦးဖြစ်ပြီး ကြော်ငြာတွေလည်း ရိုက်ကူးခဲ့ဖူးတဲ့ Model တစ်ယောက်ဖြစ်ပါတယ်။


အဆိုတော် စည်သူလွင်ကိုတော့ အချစ်သီချင်းအေးအေးလေးတွေ ဆိုရင်း ပရိသတ်တွေ သိခဲ့တာပါ။ ဒါ့အပြင် တစ်ကိုယ်တော် အခွေတွေလည်း ထွက်ခဲ့ဖူးသူဖြစ်ပါတယ်။ ၂၀၁၅ခုနှစ်တုန်းက သူငယ်ချင်းဖြစ်သူ အဆိုတော် တင်ဇာမော်နဲ့ တွဲပြီး ဖျော်ဖြေပွဲတွေ သီဆိုခဲ့သလို ၂၀၁၆ခုနှစ်ကလည်း အဆိုတော် အေးချမ်းမေနဲ့ တွဲဖက်ပြီး ဖျော်ဖြေပွဲတွေ ပြုလုပ်ခဲ့ပါသေးတယ်။

Photo: Si Thu Lwin