unicode
နိုင်ငံကျော် မော်ဒယ်လ်သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ဘေဘီမောင်ကတော့ သရုပ်ဆောင်ကောင်းသလို စိတ်သဘောထားလည်းလည်း ရိုးရှင်းပွင့်လင်းတာမို့ ပရိသတ်တွေက ချစ်ခင်နေရတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေက ဘေဘီမောင်ရဲ့ အနုပညာလှုပ်ရှားမှုတွေကိုသာမက အဆိုတော် သားဂန်းနဲ့ ကြည်နူးစရာ အချစ်ဇာတ်လမ်းလေးကြောင့် ပိုလို့တောင် စိတ်ဝင်တစားရှိကြတာပဲ ဖြစ်ပါတယ်။ လက်ရှိ အနုပညာအလုပ်တွေ ရပ်နားထားချိန်မှာတော့ ဘေဘီမောင်က Live Sale တွေ ရောင်းချပေးနေတာဖြစ်ပါတယ်..။
ဒီတစ်ခါမှတော့ ဘေဘီမောင်က ညသန်းခေါင်ကြီး လမ်းမှာ ရဲကားနဲ့ကြုံခဲ့ရတဲ့အကြောင်းကို အခုလိုပဲ ပြောပြလာပါတယ်။သရုပ်ဆောင် ဘေဘီမောင်က “ ကချင်ထည်တွေ ဝက်ဝက်ကွဲအောင်ရောင်းရတာ🥰 အိပ်ပြန်ချိန်နောက်ကျလို့😩 လမ်းမှာရဲကားနဲ့တွေ့ပြီး မုန့်လက်ကောက်မစားလိုက်ရတာကံကောင်း😃ဘေဘီကိုချစ်လို့ အားပေးတဲ့အတွက်ရော အထည်တွေကိုသဘောကျလို ့အားပေးတဲ့တွက်ရော အားလုံးကိုအထူးကျေးဇူးတင်ပါတယ်ရှင့်🙏🏻🙏🏻🙏🏻🥰 ” ဆိုပြီး ပြောလာပါတယ်..။
ဘေဘီမောင်က စျေးရောင်းကောင်းပြီး အိမ်ပြန်ချိန်ကိုမေ့နေလို့ ညသန်းခေါင်ကြီး လမ်းမှာ ရဲကားနဲ့ကြုံခဲ့ရပေမယ့် ကံကောင်းထောက်မစွာနဲ့ပဲ အိမ်ကို ချောချောမွေ့မွေ့ပြန်ရောက်ခဲ့တာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်..။
Source: Baby Maung – ဘေဘီမောင်’s fb
Bilie – Cele Connections