



Source: San Yati Moe Myint’s Facebook

ချစ်လှစွာသောစာဖတ် ပရိသတ်ကြီးရေ ရိုးရိုးလေးမိတ်ကပ်မပါ ရင်တောင်မှ လှပသူလေးဖြစ်တဲ့ မင်းသမီး စံရတီမိုးမြင့်ကိုတော့ အထူးအထွေ မိတ်ဆက်ပေးစရာမလိုအောင် ချစ်ခင်ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်.။ စံရတီမိုးမြင့်ကတော့ ကျရာဇာတ်ရုပ်တိုင်းကို ပီပြင်အောင်သရုပ်ဆောင်နိုင်သူ မင်းသမီးတစ်လက်ပဲဖြစ်ပါတယ်နော်…။

သရုပ်ဆောင် မင်းသမီးချောလေး စံရတီမိုးမြင့်ကတော့ အချစ်ရေးနဲ့ပတ်သက်ပြီး အနေတည်ကာ အနုပညာ အလုပ်များနဲ့အတူ ကျန်းမာရေးအတွက် Fitness လေ့ကျင့်ခန်းတွေလုပ်ကာ သူမရဲ့ နေ့ရက်တွေကို ပျော်ရွှင်စွာ ဖြတ်သန်းနေသူပါ.။ မကြာသေးခင်ကမှ သူမရဲ့ အချစ်ရေးမှာ တစ်စုံတစ်ဦးနဲ့ ချစ်စရာကောင်းတဲ့ ချစ်သူဆက်ဆံရေးလေး ပိုင်ဆိုင်နေတဲ့ အကြောင်းလေးကို ရရှိတဲ့ လက်ဆောင်လေးတွေနဲ့အတူ အရိပ်အမြွတ်လေး ချပြခဲ့သူပါ…။

ဒီနေ့ မင်းသမီးချောလေး စံရတီမိုးမြင့်က သူမရဲ့ ချစ်သူဆီကနေ ရရှိတဲ့ လက်ဆောင်လေးကို “ Face Mask တွေ တစ်နှစ်စာဝယ်ထားတာ ကုန်တော့မှာကို အချိန်မှီပဲ ကျေးဇူး ရှောင်ကောကော အဝေးကြီးကနေ ပို့ပေးတာ ကျေးဇူးပါ. ” ဟုဆိုပြီး သူမရဲ့ မိုင်ဒေးမှာ တင်လာခဲ့ ပါတယ်…။

အဝေးမှာ ရှိနေပေမယ့် ချစ်ရသူ သူမအတွက် သေချာလေး ဂရုတစိုက်နဲ့ ပို့ပေးတဲ့ လက်ဆောင်လေးကြောင့် သရုပ်ဆောင်မင်းသမီးချောလေး စံရတီမိုးမြင့်လေးတစ်ယောက် ပျော်ရွှင်မဆုံးဖြစ် နေတဲ့ပုံပါပဲနော်.။ ဖတ်ရှု့ပေးခဲ့ကြတဲ့ ပရိသတ်ကြီးလည်း ပျော်ရွှင်သာယာတဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်…။

Credit ; (Cele Active World)