


unicode

ကြော်ငြာ ဘုရင်မလေးဖြစ်တဲ့ အကယ်ဒမီ ထက်ထက်မိုးဦးက ဆယ်ကျော်သက်အဆိုရှင် တစ်ယောက်ဖြစ်တဲ့ အဆိုတော် အုပ်စိုးခန့်နဲ့အတူ MG Myanmar Car Showroom မှာ Live လွှင့်ပြီး ရောင်းချပေးခဲ့တာကြောင့် ကား (၆၂) စီးရောင်းထွက်သွားခဲ့ပါတယ်။ ဒီပမာဏဟာ တော်ရုံဆို မဖြစ်နိုင်လောက်တဲ့ပမာဏဖြစ်ပေမယ့် နှစ်ယောက်သားရဲ့ ပရိသတ်တွေကြောင့် အခုလို ရောင်းထွက်သွားနိုင်ခဲ့တာပါ။

အဆိုတော် အုပ်စိုးခန့် ဟာလည်း အသက် (၁၈) နှစ်ပြည့်တဲ့အချိန်မှာပဲ ကိုယ်ပိုင်ကားအဖြစ်နဲ့ MG ကား တစ်စီးကိုဝယ်ခဲ့တာလည်းဖြစ်ပါတယ်။ MG နဲ့လက်တွဲပြီးလည်းကြော်ငြာတွေရိုက်ကူးနေတာမို့ ထက်ထက်နဲ့ လက်တွဲပြီး အခုလိုအတူတူကြော်ငြာနဲ့အားတဲ့ ဒီလောက်အစီးရေ အများကြီး ရောင်းထွက်သွား နိုင်ခဲ့တာပါ။

ထက်ထက်ကို ချစ်လို့အားပေးကြတဲ့ပရိသတ်တွေကို ဝမ်းသာစေချင်တာကြောင့် ” MG Myanmar မှာ ကား (၆၂) စီး ရောင်းခဲ့ရပြီတဲ့ကွာ။ ထက်ကတော့ ချစ်ရသူတွေအပေါ် ပိုပိုပြီး ချစ်နေရပြီနော်။ ” ဆိုပြီး ထက်ထက်က ဝေမျှပေးခဲ့ပါတယ်။

Happy – Cele Zone
Photo – Htet Htet Moe Oo