ျမန္မာ့ဇာတ္ သဘင္ေလာကရဲ႕ အေအာင္ျမင္ဆုံးထိပ္တန္း ဇာတ္မင္းသားေတြထဲက တစ္ဦးအျဖစ္နဲ႔ ကျပေဖ်ာ္ေျဖရင္း အႏုပညာေလာကထဲကို စတင္ဝင္ေရာက္လာခဲ့သူ စြမ္းဇာနည္ဟာ ႐ုပ္ရွင္ႏွင့္သ႐ုပ္ေဆာင္ ေလာကမွာလဲ ဗီဒီယိုဇာတ္ကားေပါင္းမ်ားစြာမွာ ေခါင္းေဆာင္မင္းသားအျဖစ္နဲ႔ ႐ိုက္ကူးေအာင္ျမင္ထားပါတယ္။ ​ေနာက္ပိုင္းသ႐ုပ္ေဆာင္မင္းသားအျဖစ္ကေန ခဏရပ္နားလိုက္ၿပီး ဇာတ္သဘင္ေလာကထဲ မွာျပန္လည္ အားထည့္ၿပီး ျမန္မာ့ဇာတ္သဘင္စြမ္းရည္ကို ျပသလာခဲ့တာ ယေန႔အထိပါပဲ..။

မိန္းကေလး ပရိသတ္မ်ားစြာရဲ႕အခ်စ္ကို ရယူပိုင္ဆိုင္ထားႏိုင္ၿပီး ႐ုပ္ရွင္ သ႐ုပ္ေဆာင္မင္းသားဘဝျဖစ္ေစ ဇာတ္သဘင္မင္းသားဘဝျဖစ္ေစ အၿမဲတမ္းလိုက္လံအားေပးတဲ့ ခိုင္မာတဲ့ ပရိသတ္ထုႀကီး အၿမဲရွိေနတာဟာ စြမ္းဇာနည္ရဲ႕ အားသာခ်က္တစ္ခုပါပဲေနာ္။လတ္တေလာမွာ က်န္းမာေရးျဖစ္တဲ့ အာ႐ုံေၾကာအားနည္းမႈေၾကာင့္ ခနခနေမ့တတ္တဲ့ ေဝဒနာခံစားေနရလို႔ အခ်ိန္ယူကုသမႈခံယူရင္း စိတ္ကို အနားေပးခဲ့ၿပီးေနာက္ အႏုပညာေျခလွမ္းေတြျပန္စဖို႔ျပင္ဆင္ေနခဲ့တာပဲျဖစ္ပါတယ္..။

ဒီေန႔မွာေတာ့ “ Today အျပင္ထြက္ Tomorrow ႐ိုက္ကူးေရးစပါၿပီးခင္ဗ်ာ ပရိတ္သတ္မ်ားၾကည့္ရပါေတာ့မည္ 😊 ” ဟုဆိုတဲ့စာေလးနဲ႔ သူ႔ရဲ႕ အႏုပညာလႈပ္ရွားမႈေတြကို ​ျမင္ေတြ႕ ရေတာ့မယ့္သတင္း ေကာင္းကို ေျပာျပခဲ့တာပါ။ ပရိသတ္ေတြေမွ်ာ္လင့္ေတာင့္တေနတဲ့ အရင္စြမ္းဇာနည္ျပန္လည္ အသက္ဝင္ၿပီလို႔ဆိုရမွာပါပဲေနာ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံး သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုမြန္ေကာင္းေ တာင္းေပးလိုက္ပါတယ္ေနာ္..။

Source :Swam Zarni

မြန်မာ့ဇာတ် သဘင်လောကရဲ့ အအောင်မြင်ဆုံးထိပ်တန်း ဇာတ်မင်းသားတွေထဲက တစ်ဦးအဖြစ်နဲ့ ကပြဖျော်ဖြေရင်း အနုပညာလောကထဲကို စတင်ဝင်ရောက်လာခဲ့သူ စွမ်းဇာနည်ဟာ ရုပ်ရှင်နှင့်သရုပ်ဆောင် လောကမှာလဲ ဗီဒီယိုဇာတ်ကားပေါင်းများစွာမှာ ခေါင်းဆောင်မင်းသားအဖြစ်နဲ့ ရိုက်ကူးအောင်မြင်ထားပါတယ်။ ​နောက်ပိုင်းသရုပ်ဆောင်မင်းသားအဖြစ်ကနေ ခဏရပ်နားလိုက်ပြီး ဇာတ်သဘင်လောကထဲ မှာပြန်လည် အားထည့်ပြီး မြန်မာ့ဇာတ်သဘင်စွမ်းရည်ကို ပြသလာခဲ့တာ ယနေ့အထိပါပဲ..။

မိန်းကလေး ပရိသတ်များစွာရဲ့အချစ်ကို ရယူပိုင်ဆိုင်ထားနိုင်ပြီး ရုပ်ရှင် သရုပ်ဆောင်မင်းသားဘဝဖြစ်စေ ဇာတ်သဘင်မင်းသားဘဝဖြစ်စေ အမြဲတမ်းလိုက်လံအားပေးတဲ့ ခိုင်မာတဲ့ ပရိသတ်ထုကြီး အမြဲရှိနေတာဟာ စွမ်းဇာနည်ရဲ့ အားသာချက်တစ်ခုပါပဲနော်။လတ်တလောမှာ ကျန်းမာရေးဖြစ်တဲ့ အာရုံကြောအားနည်းမှုကြောင့် ခနခနမေ့တတ်တဲ့ ဝေဒနာခံစားနေရလို့ အချိန်ယူကုသမှုခံယူရင်း စိတ်ကို အနားပေးခဲ့ပြီးနောက် အနုပညာခြေလှမ်းတွေပြန်စဖို့ပြင်ဆင်နေခဲ့တာပဲဖြစ်ပါတယ်..။

ဒီနေ့မှာတော့ “ Today အပြင်ထွက် Tomorrow ရိုက်ကူးရေးစပါပြီးခင်ဗျာ ပရိတ်သတ်များကြည့်ရပါတော့မည် 😊 ” ဟုဆိုတဲ့စာလေးနဲ့ သူ့ရဲ့ အနုပညာလှုပ်ရှားမှုတွေကို ​မြင်တွေ့ ရတော့မယ့်သတင်း ကောင်းကို ပြောပြခဲ့တာပါ။ ပရိသတ်တွေမျှော်လင့်တောင့်တနေတဲ့ အရင်စွမ်းဇာနည်ပြန်လည် အသက်ဝင်ပြီလို့ဆိုရမှာပါပဲနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်းေ တာင်းပေးလိုက်ပါတယ်နော်..။

Credit – CeleKhitThit