


Source: Htoo Khant’s fb

ချစ်ပရိသတ်တွေ ခံစားချက်နဲ့ တိုက်ဆိုင်တဲ့ သီချင်းလေးတွေကိုဆိုရင်း အောင်မြင်မှုရရှိလာတဲ့ ရွှေထူးကတော့ နိုင်ငံကျော် သရုပ်ဆောင် မင်းသမီး ရွှေမှုံရတီနဲ့အတူတူ အေးချမ်းတဲ့ အိမ်ထောင်သည်ဘဝလေးကို တည်ဆောက်ထားတာ ဖြစ်ပါတယ်။ ရွှေထူးကတော့ အိမ်ထောင်ရှင်တစ်ယောက်ဖြစ်သွားပြီဆိုပေမယ့် သူ့ရဲ့မိသားစုနဲ့ ညီ၊ ညီမတွေအပေါ်မှာတော့ တာဝန်ကျေတဲ့ သားကောင်း၊ အစ်ကိုကောင်းတစ်ယောက်ပဲ ဖြစ်ပါတယ်။ ရွှေထူးကလည်း သူ့ရဲမိသားစုလေးကို အရမ်းချစ်သလို ရွှေမှုံရတီကလည်း ခင်ပွန်းသည်ရဲ့ မိသားစုဝင်တွေကို သူမရဲ့ သွေးသားအရင်းမောင်နှမလိုချစ်ရှာတာပဲ ဖြစ်ပါတယ်။

အဆိုတော် သရုပ်ဆောင် ရွှေထူးကတော့ ညီမလေးတစ်ယောက် ညီတစ်ယောက်ကို ပိုင်ဆိုင်ထားတဲ့အစ်ကိုကြီးဖြစ်ကာ ညီမလေးကတော့ လေယာဉ်မယ်တစ်ယောက်ဖြစ်ကာ ညီငယ်လေးကတော့ ကျောင်းသားအရွယ်သာရှိသေးတဲ့ ကလေးလေးပဲ ဖြစ်ပါတယ်။ ရွှေထူးကတော့ သူနဲ့အနီးကပ်အနေများတဲ့ ညီအငယ်ဆုံးလေး ဇာတိမာန်ကို အရမ်းချစ်ပြီး အနုပညာဝါသနာပါတဲ့ ညီလေးကို ဂီတနဲ့ ပက်သတ်တာတွေကို သင်ကြားပေးသလို ရှုတင်တွေရှိရင်လည်း သွားလေရာခေါ်သွားပြီး အနီးကပ်ပညာတွေ သင်ကြားပေးနေတာပဲ ဖြစ်ပါတယ်။

ရွှေထူးကတော့ ညီလေးအပေါ် ဖခင်လို အစ်ကိုလို ဂရုစိုက်နေတဲ့ အစ်ကိုကြီးတစ်ယောက်ပဲ ဖြစ်ပါတယ်။ ရွှေထူးရဲ့ ညီလေး ဇာတိမာန်လည်း ကျောင်းပညာတွေဆုံးခန်းတိုင်ရင် အစ်ကို့လိုပဲ အောင်မြင်တဲ့ အနုပညာရှင်ကြီးတစ်ယောက်ဖြစ်လာပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ချစ်ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်…။


Source: Htoo Khant’s fb
Credit– Cele Connections