


Source: Dain Daung’s fb

နိုင်ငံကျော် ဟာသသရုပ်ဆောင် လူရွှင်တော်ကြီး ဦးဧရာကတော့ ဒီကနေ့ ဒီဇင်ဘာလ (၁၉) ရက်နေ့မှာပဲ သူချစ်တဲ့ ပရိသတ်တွေကို အပြီးတိုင် နှုတ်ဆက်ထွက်ခွာသွားခဲ့ပြီ ဖြစ်ပါတယ်။ စိတ်ထားကောင်းပြီး ပျော်ပျော်နေတတ်တဲ့ ဦးဧရာအတွက် ပရိသတ်တွေက စိတ်မကောင်းဖြစ်ကြသလို အနုပညာအသိုင်းအဝိုင်းတစ်ခုလုံးကလည်း ယူကြုံးမရဖြစ်နေတာပဲ ဖြစ်ပါတယ်။ လူရွှင်တော်အသင်းရဲ့ ဥက္ကဌတစ်ယောက်လည်းဖြစ်သလို ဧရာရဲ့သားတပည့်တစ်ယောက်ဖြစ်တဲ့ လူရွှင်တော် ဒိန်းဒေါင်ကလည်း စိတ်မကောင်းဝမ်းနည်းဖြစ်နေတာကို အခုလိုပဲ တွေ့ရပါတယ်။

ဒိန်းဒေါင်က “သို့ ဦးဧရာ.. ဒီစာကိုမဖတ်နိုင်မှန်းသိပေမဲ့ကျွန်တော်ရေးလိုက်ပါတယ်😭 လူရွှင်တော်တွေလူတန်းစေ့နေနိုင်အောင် တိုက်နဲ့ကားနဲ့နေနိုင်အောင် လူရွှင်တော်တွေနေရာရအောင် ကိုယ်ကြိုးမဖက်အနစ်နာခံပြီးတိုက်ပွဲဝင်ပေးခဲ့တဲ့အတွက်လူရွှင်တော်တစ်ချို့ကိုယ်စား ကျေးဇူးအထူးတင်ပါတယ်🙏လူရွှင်တော်တစ်ချို့လို့သုံးလိုက်လို့ ဦးဧရာတမျိုးမထင်ပါနဲ့နော်?တစ်ချို့ကတစ်ချို့မို့လို့ပါ? ဘာပဲဖြစ်ဖြစ်ပါကျွန်တော်အပါအဝင်လူရွှင်တော်တစ်ချို့ကတော့ဦးဧရာကိုလူရွှင်တော်လောကရဲ့ဘုရင်အဖြစ်ဂုဏ်ပြုသတ်မှတ်လိုက်ပါတယ်🙏 ကျွန်တော်သေတမ်းစာမဖတ်ဘူး?ဘာလို့လဲသိလားလူရွှင်တော်အသင်းတည်တံ့သ၍ဦးဧရာနံမည်ကိုမမေ့ချင်လို့ပါ😭😭😭😭😭🙏🙏🙏🙏🙏 ဒိန်းဒေါင်လူရွှင်တော်အသင်း(ဥက္ကဌ)ရန်ကုန်” ဆိုပြီး သူ့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာကနေ ဝမ်းနည်းကြေကွဲစွာရေးသားထားပါတယ်။

ဒိန်းဒေါင်ကတော့ လူရွှင်တော်အသင်းရဲ့ ဥက္ကဌတစ်ယောက်အနေနဲ့ ဦးဧရာရဲ့ နောက်ဆုံးခရီးမှာ ဦးဧရာရဲ့နာမည်ကိုမမေ့ချင်တဲ့အတွက် အသင်းနဲ့မသက်ဆိုင်တော့ကြောင်း သေတမ်းစာမဖတ်ဘူးလို့ ဆိုထားတာပဲ ဖြစ်ပါတယ်။ ဒိန်းဒေါင်နဲ့တကွ အနုပညာအသိုင်းအဝိုင်းအားလုံး ပရိသတ်တွေအားလုံး ဦးဧရာကို အမြဲတမ်းအမှတ်ရနေကြမှာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: Dain Daung’s fb
Credit – Cele Connections