


unicode

နိုင်ငံကျော် အစီအစဉ်တင်ဆက်သူတစ်ယောက်ဖြစ်သလို မော်ဒယ်လ်တစ်ယောက်လည်းဖြစ်ခဲ့တဲ့ ဆရာမတင်မိုးလွင်ကတော့ နာမည်ကြီး ပွဲအခမ်းအနားတွေမှာ ပါဝင်တင်ဆက်ပေးသလို မော်ဒယ်လ်သင်တန်းတွေကိုလည်း ဦးစီးဖွင့်လှစ်ပေးနေသူတစ်ယောက်ပဲ ဖြစ်ပါတယ်။မော်ဒယ်လ် တင်မိုးလွင်ကတော့ အခုဆိုရင် အသက်အရွယ်တစ်ခုရောက်ရှိနေပြီဆိုပေမယ့် သူမရပ်တည်ရာ နယ်ပယ်မှာ အောင်မြင်နေဆဲ အမျိုးသမီးတစ်ယောက်ပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ တင်မိုးလွင်က သူမ လှူဒါန်းဖြစ်ခဲ့တဲ့ အလှူလေးတစ်ခုကို အခုလိုပဲ ပြောပြလာပါတယ်..။

“ COVID19 ယာယီကုသရေးဌာန ဧရာဝတီစင်တာကို အလှူငွေကျပ် သိန်း(၁၀၀) ပေးအပ်လှူဒါန်းခဲ့ပါတယ်ရှင်။ ကုသစောင့်ကြပ်ကြည့်ရှုခံမည့်သူများအားထားရှိပြီး ကုသရေး၊ စားသောက်ရေး၊ လုံခြုံမှုရှိရေးနဲ့ အထွေထွေ လိုအပ်ချက်များကို ကူညီဆောင်ရွက်ပေးနေတဲ့ ဧရာဝတီဖောင်ဒေးရှင်းကို အထူးကျေးဇူးတင်ရှိပါတယ်ရှင်။ ကမ္ဘာအဝှမ်း ကပ်ရောဂါများကင်းစင်ပါစေ။ (၇)ရက်သားသမီးအပေါင်း နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေရှင်.. ”ဆိုပြီး ပြောလာပါတယ်..။

မော်ဒယ်လ်ဆရာမ တင်မိုးလွင်ကတော့ လက်ရှိ တကမ္ဘာလုံးခံစားနေရတဲ့ ကိုဗစ်ရောဂါအတွက် တက်နိုင်တဲ့ဘက်ကနေ တတက်တအားကူညီပေးခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း တင်မိုးလွင်ရဲ့ ကုသိုလ်လေးကို ဝမ်းမြောက်စွာသာဓုခေါ်ဆိုပေးကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်..။

Source: Tin Moe Lwin ‘s fb
Bilie – Cele Connections