


Source: Soe Yan Aung’s fb

သရုပ်ဆောင် မင်းသားချော စိုးရန်အောင်ကတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ ဗီဒီယိုဇာတ်ကားတွေမှာ သရုပ်ဆောင်ရင်း ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိထားသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ စိုးရန်အောင်ရဲ့ ဘဝလက်တွဲဖော် သက်သခင်ကလည်း သရုပ်ဆောင်ကောင်း တစ်ယောက်ဖြစ်ပြီး ပရိသတ်သိရှိပြီးသား မင်းသမီးတစ်လက်ပါပဲ။ စိုးရန်အောင်နဲ့ သက်သခင်တို့ကတော့ စိတ်တူကိုယ်တူဝါသနာတူ အေးချမ်းပြီး မြင်သူတိုင်း အားကျရတဲ့ အိမ်ထောင်တစ်ခုကို အတူတူတည်ဆောက်ထားကြတာ ဖြစ်ပါတယ်..။

အခုဆိုရင် သရုပ်ဆောင် စိုးရန်အောင်နဲ့ သရုပ်ဆောင် သက်သခင်တို့ရဲ့ ဘဝထဲကို ချစ်စရာကောင်းတဲ့ သားသားလေးတစ်ယောက်ကလည်း ဝင်ရောက်လို့လာခဲ့ပြီ ဖြစ်ပါတယ်။ သက်သခင်ကလည်း သူမကိုယ်တိုင် ဝမ်းနဲ့လွယ်မွေးခဲ့ရတဲ့သားလေးကို အရမ်းချစ်သလို စိုးရန်အောင်ကလည်း သူ့ရဲ့ သွေးသားဖြစ်တဲ့ သားလေးကို လက်ကနေမချနိုင်အောင် အရိပ်တကြည့်ကြည့်နဲ့ အချစ်ပိုနေတာကို တွေ့ရပါတယ်။ ပရိသတ်ကြီးအတွက် စိုးရန်အောင်တို့ သားအဖတွေရဲ့ ကြည်နူးစရာ အပျော်တွေကို မျှဝေပေးလိုက်ပါတယ်နော်..။

သရုပ်ဆောင်များဖြစ်ကြတဲ့ စိုးရန်အောင်နဲ့ သက်သခင်တို့ရဲ့ သားလေးကတော့ အခုမှရက်သားအရွယ်သာရှိသေးပေမယ့် ဖေဖေ၊ မေမေ ချစ်လို့မဝနိုင်အောင် အရမ်းချစ်စရာကောင်းတာပဲနော်။ ပရိသတ်ကြီးလည်း ပျော်စရာကောင်းတဲ့ စိုးရန်အောင်တို့ မိသားစုလေးကိုကြည့်ပြီး အပျော်တွေကူးစက်သွားမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်..။

Bilie – Cele Connections