



unicode

အွန်လိုင်းဆယ်လီ တစ်ဦးဖြစ်တဲ့ အဆိုတော်ခြိမ့်ကေကို ကတော့ လူမှုကွန်ယက်(Fb) စာမျက်နှာမှာ လူစိတ်ဝင်စား ခံရမှုများပြားသူတစ်ဦးဖြစ်ပြီး မုန်းသူရောချစ်သူပါ ရှိတဲ့ဆယ်လီတစ်ဦးဖြစ်ပါတယ်

လက်ရှိကိုဗစ်ကာလမှာတော့ မန္တလေးတိုင်းဒေသကြီး အစိုးရက ကိုဗစ်ရောဂါကူးစက်မှု ကို ဟန့်တားလျှော့ချနိုင်ဖို့အတွက် အထူးကြပ်မတ်ဆောင်ရွက်နေတာဖြစ်ပြီး လူစုလူဝေးပြုလုပ်မှုတွေကို အရေးယူလျှက်ရှိနေ တာပါ

ယနေ့မှာတော့ အဆိုတော်ခြိမ့်ကေကိုဟာ မြစ်သားမြို့နယ်မှာ ကျင်းပခဲ့တဲ့ မွေးနေ့ဖျော်ဖြေပွဲ မှာ ဝင်ရောက်ဖျော်ဖြေခဲ့တာကြောင့် တရားစွဲဆိုခံခဲ့ရတာဖြစ်ပါတယ် မြစ်သားမြို့နယ် မင်းဝန်ကျေးရွာ မှာ ဒီဇင်ဘာ ၃ ရက် နေ့က ကျင်းပခဲ့တဲ့ အသက် (၁၁) နှစ်အရွယ် သမီးငယ်ရဲ့မွေးနေ့ပွဲမှာ ညနေ ၆ နာရီမှ ၉ နာရီအထိ ဖျော်ဖြေခဲ့ပေးတာဖြစ်ပြီး အဆိုတော်ခြိမ့်ကေကို ကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေနဲ့ အရေးယူခဲ့ တယ်လို့ သိရပါတယ်

အဆိုတော်ခြိမ့်ကေကိုကတော့ ကိုဗစ်ကာလ စည်းကမ်းချက်များကို ကျော်လွန် ဖျော်ဖြေပေးခဲ့တာကြောင့် တရားစွဲဆိုခံခဲ့ရတာပဲဖြစ်ပါတယ်နော် ခြိမ့်ကေကိုတစ်ယောက် အမြန်ဆုံး အဆင်ပြေနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါ တယ်နော်

Credit ; (Shwe Yaung Myanmar)