တစ္ေခတ္တစ္ခာက Emperor Music Band ရဲ့ ပဲ့ကိုင္ရွင္တစ္ေယာက္ျဖစ္သလို ျမန္မာနိုင္ငံရဲ့ King Of Rock လို့ တင္စားရမယ့္ အဆိုေတာ္ၾကီး ေဇာ္ဝင္းထြဋ္ကေတာ့ သူ့ရဲ့ အမိုက္စား Rock သီခ်င္းေတြနဲ့ ပရိသတ္ေတြကို နွစ္ေပါင္း (၃၀) ေက်ာ္ ေဖ်ာ္ေျဖတင္ဆက္ေပးခဲ့တာပဲ ျဖစ္ပါတယ္။ ေဇာ္ဝင္းထြဋ္က လက္ရိွမွာ အသက္အရြယ္တစ္ခုကို ေရာက္ရိွေနျပီး အရင္ကေလာက္ အနုပညာအလုပ္ေတြကို မလုပ္ကိုင္ျဖစ္ေတာ့ပဲ မိသားစုနဲ့အတူတူ အခ်ိန္ေတြ ကုန္ဆံုးျဖစ္ေနတာပဲ ျဖစ္ပါတယ္။ ပရိသတ္ေတြကေတာ့ တစ္နွစ္မွာ တစ္ခါေလာက္သာ ၾကည့္ရႈခြင့္ရေတာ့တဲ့ ဦးညီထြဋ္ရဲ့ အမိုက္စားေဖ်ာ္ေျဖပြဲေတြကို ဒီေန့ဒီအခ်ိန္ထိ မက္မက္ေမာေမာ ေစာင့္ေမွ်ာ္ေနၾကဆဲ ျဖစ္ပါတယ္..။

မိသားစုအေရးနဲ့ ပက္သတ္ျပီးလည္း သားသမီးေျမးေတြထြန္းကားေနျပီျဖစ္တဲ့ Rocker ၾကီး ေဇာ္ဝင္းထြဋ္က ဒီကေန့ ဒီဇင္ဘာလ (၇) ရက္ေန့မွာေတာ့ သူတို့ ဇနီးေမာင္နွံရဲ့ မဂၤလာသက္တမ္း (၃၅) နွစ္တိုင္တိုင္ ျပည့္ခဲ့ျပီလုိ့ သိရပါတယ္။Rocker ဦးညီထြဋ္တို့ ဇနီးေမာင္နွံကေတာ့ အိမ္ေထာင္သက္ (၃၅) နွစ္အတြင္းမွာ တစ္ေယာက္နဲ့တစ္ေယာက္ အခ်စ္မေလ်ာ့စတမ္း ေျမးေလးေတြနဲ့ ဒီေန့ဒီအခ်ိန္ထိ က်န္းက်န္းမာမာရိွေနၾကဆဲ ျဖစ္ပါတယ္..။

ပရိသတ္ေတြရဲ့ စိတ္အာရံုကို လႊမ္းမိုးနိုင္တဲ့ Rocker ၾကီး ေဇာ္ဝင္းထြဋ္ကေတာ့ အိမ္ေထာင္ဖက္နဲ့ မဂၤလာသက္တမ္း(၃၅) နွစ္တိတိျပည့္ခဲ့ျပီး ေက်ာက္စိမ္းရတုတိုင္ခဲ့ျပီျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း ေဇာ္ဝင္းထြဋ္တို့ ဇနီးေမာင္နွံအတြက္ ဂုဏ္ျပဳစကားေလးေတြ ေျပာခဲ့ၾကပါဦးေနာ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ဆုမြန္ေကာင္းေတာင္းေပးလိုက္ပါတယ္ေနာ္..။

unicode

တစ်ခေတ်တစ်ခာက Emperor Music Band ရဲ့ ပဲ့ကိုင်ရှင်တစ်ယောက်ဖြစ်သလို မြန်မာနိုင်ငံရဲ့ King Of Rock လို့ တင်စားရမယ့် အဆိုတော်ကြီး ဇော်ဝင်းထွဋ်ကတော့ သူ့ရဲ့ အမိုက်စား Rock သီချင်းတွေနဲ့ ပရိသတ်တွေကို နှစ်ပေါင်း (၃၀) ကျော် ဖျော်ဖြေတင်ဆက်ပေးခဲ့တာပဲ ဖြစ်ပါတယ်။ ဇော်ဝင်းထွဋ်က လက်ရှိမှာ အသက်အရွယ်တစ်ခုကို ရောက်ရှိနေပြီး အရင်ကလောက် အနုပညာအလုပ်တွေကို မလုပ်ကိုင်ဖြစ်တော့ပဲ မိသားစုနဲ့အတူတူ အချိန်တွေ ကုန်ဆုံးဖြစ်နေတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကတော့ တစ်နှစ်မှာ တစ်ခါလောက်သာ ကြည့်ရှုခွင့်ရတော့တဲ့ ဦးညီထွဋ်ရဲ့ အမိုက်စားဖျော်ဖြေပွဲတွေကို ဒီနေ့ဒီအချိန်ထိ မက်မက်မောမော စောင့်မျှော်နေကြဆဲ ဖြစ်ပါတယ်..။

မိသားစုအရေးနဲ့ ပက်သတ်ပြီးလည်း သားသမီးမြေးတွေထွန်းကားနေပြီဖြစ်တဲ့ Rocker ကြီး ဇော်ဝင်းထွဋ်က ဒီကနေ့ ဒီဇင်ဘာလ (၇) ရက်နေ့မှာတော့ သူတို့ ဇနီးမောင်နှံရဲ့ မင်္ဂလာသက်တမ်း (၃၅) နှစ်တိုင်တိုင် ပြည့်ခဲ့ပြီလို့ သိရပါတယ်။Rocker ဦးညီထွဋ်တို့ ဇနီးမောင်နှံကတော့ အိမ်ထောင်သက် (၃၅) နှစ်အတွင်းမှာ တစ်ယောက်နဲ့တစ်ယောက် အချစ်မလျော့စတမ်း မြေးလေးတွေနဲ့ ဒီနေ့ဒီအချိန်ထိ ကျန်းကျန်းမာမာရှိနေကြဆဲ ဖြစ်ပါတယ်..။

ပရိသတ်တွေရဲ့ စိတ်အာရုံကို လွှမ်းမိုးနိုင်တဲ့ Rocker ကြီး ဇော်ဝင်းထွဋ်ကတော့ အိမ်ထောင်ဖက်နဲ့ မင်္ဂလာသက်တမ်း(၃၅) နှစ်တိတိပြည့်ခဲ့ပြီး ကျောက်စိမ်းရတုတိုင်ခဲ့ပြီဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဇော်ဝင်းထွဋ်တို့ ဇနီးမောင်နှံအတွက် ဂုဏ်ပြုစကားလေးတွေ ပြောခဲ့ကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်..။

Source: May Khine Ohn’s fb
Bilie – Cele Connections