



Source: Aye Thaung’s Facebook

ချစ်လှစွာသော ပရိသတ်ကြီးရေ သရုပ်ဆောင် မင်းသမီးချော အေးဝတ်ရည်သောင်း ကိုတော့ အထူးအထွေ မိတ်ဆက်ပေးစရာမလိုအောင် ချစ်ခင်ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်.။ အေးဝတ်ရည်သောင်းကတော့ အထက်တန်းကျောင်းသူ အရွယ်တည်းက စတင်ကာ မော်ဒယ်တစ်ယောက်အနေနဲ့ အနုပညာအလုပ်တွေကို လုပ်ကိုင်ခဲ့ သူပဲဖြစ်ပါတယ်နော်..။

အသက်အရွယ် တစ်ခုရောက်လာတာနဲ့အမျှ ပိုမို ရင့်ကျက်တည်ငြိမ်ကာ လှပတဲ့ သရုပ်ဆောင် အေးဝတ်ရည်သောင်းရဲ့ မြန်မာဆန်ဆန် ဝတ်စုံလေးတွေနဲ့ လှပလွန်းတာကြောင့် မအေးသောင်း ဝတ်စုံဆိုတဲ့ အမည်စွဲပြီး ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေကို အမိအရ ရရှိပိုင်ဆိုင်ထားသူပဲဖြစ်ပါ တယ်နော်..။

ဘယ်အရာကိုမဆို အေးဆေးတည်ငြိမ်စွာနဲ့ သေချာ လုပ်ဆောင်တတ်သူ မင်းသမီးချောလေး မအေးသောင်းက ကိုယ်တိုင် ခရစ်စမတ် သစ်ပင်လေးကို တန်ဆာဆင်နေတဲ့ ဗီဒီယိုဖိုင်လေးကို “ မွေးကတည်းကလုပ်လာတာ မျက်စိမှိတ်ပြီး ထလုပ်ရင်တောင် မမှားဘူးကွ 🌲🌲🌲🎉🎉🎉🎁🎁🎁 ” ဟုဆိုပြီး သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်..။

ကိုယ်တိုင် ခရစ်စမတ်သစ်ပင်လေးကို သေချာလေး အလှဆင်ကာ လုပ်ဆောင်နေတဲ့ မအေးသောင်းရဲ့ ဗီဒီယိုဖိုင်လေးကို ပရိသတ်ကြီးအတွက်လည်း မျှဝေပေးလိုက်ပါတယ်နော်.။ ဖတ်ရှု့ပေးခဲ့ကြတဲ့ ပရိသတ်ကြီးလည်း ပျော်ရွှင်သာယာတဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်..။

Credit ;(Cele Active World)