အဆင္းေရာ အခ်င္းပါျပည့္စံုသူေလးတစ္ေယာက္ျဖစ္တဲ့ သ႐ုပ္ေဆာင္ မင္းသမီးေခ်ာ ခိုင္နွင္းေဝကေတာ့ ပရိသတ္ေတြက ပရဟိတမင္းသမီးတစ္ေယာက္လို့ေတာင္ သက္မွတ္ခံထားရသူတစ္ေယာက္ပဲ ျဖစ္ပါတယ္…။ ခိုင္နွင္းေဝကေတာ့ လက္ရိွ ကိုဗစ္ကာလမွာ အနုပညာအလုပ္ေတြကို ရပ္နားထားျပီး လူမႈေရးအလုပ္ေတြကိုသာ တစိုက္မတ္မတ္လုပ္ကိုင္ေနတာပဲ ျဖစ္ပါတယ္…။ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ မိဘနဲ့ ေဝးကြာေနတဲ့ ကေလးေတြကိုလည္း ေစာင့္ေရွာက္ေပးထားတဲ့ ခိုင္နွင္းေဝက ဒီကေန့မွာလည္း မနက္(၅) နာရီေလာက္မွာ ေမြးကင္းစသမီးေလးတစ္ေယာက္ကို ေဂဟာေရွ့မွာလာေရာက္စြန့္ပစ္သြားေၾကာင္းေျပာျပလာပါတယ္…။

“ဒီေန႔ မနက္ ၅ နာရီေလာက္မွာ ကြ်န္မရ႔ဲ ေဂဟာအေရွ႕မွာ ေမြးကာစ သမီးေလး တစ္ေယာက္ကို လာေရာက္ စြန္႔ပစ္သြားပါတယ္…။ ကေလးငိုသံၾကားလို႔ ထြက္ၾကည့္တ့ဲအခါ သမီးေလးကို ေအးစက္ျပီး ငိုေနတာေတြ႕ရပါတယ္…။ စိတ္လဲမေကာင္းျဖစ္ရသလို ေတာ္ေတာ္လဲ စိတ္တိုမိပါတယ္…။ ကြ်န္မေဂဟာေရွ ့လာပစ္တာ ကြ်န္မဆီေရာက္ေစခ်င္လို႔ဆိုလဲ ကေလးေတြကို ခုလိုမ်ဳိးေတြ မလုပ္ဖို့ ေတာင္းပန္ပါတယ္…။ ကေလးေတြက အရမ္းႏုေနတ့ဲ ခ်ိန္မွာ ေဆာင္းတြင္းျဖစ္တာရယ္ အိတ္ထဲမွာမို႔ အသက္႐ွဴက်ပ္တာေတြ ျဖစ္ပီး ကေလး အသက္ ဆံုးရွံူးႏိုင္ပါတယ္…။ စံုစမ္းေမးျမန္းစရာေတြ စံုစမ္းျပီး သမီးေလးကို ကြ်န္မတို႔ “ခိုင္ ” မိသားစု ေဂဟာရ႔ဲ (၃၉) ေယာက္ေျမာက္ သမီးေလးအျဖစ္ ေစာင့္ေရွာက္ထားလိုက္ပါတယ္ရွင္ …” ဆိုျပီး ေျပာလာပါတယ္…။

သ႐ုပ္ေဆာင္ ခိုင္နွင္းေဝကေတာ့ သူမဆီ ဆုိက္ဆိုက္ျမိဳက္ျမိဳက္ေရာက္ရိွလာတဲ့ ကေလးတစ္ေယာက္ကို ေခၚယူေမြးဖြားဖို့ ေစာင့္ေရွာက္ဖို့ ဝန္မေလးေပမယ့္ ရက္ရက္စက္စက္ အိတ္ထဲထည့္ စြန့္ပစ္တာကိုေတာ့ စိတ္တိုေၾကာင္း ေျပာလာတာပဲ ျဖစ္ပါတယ္…။ သမီးေလးလည္း ခိုင္နွင္းေဝရဲ့ လက္ထဲမွာ ေကာင္းေကာင္းမြန္မြန္ၾကီးျပင္းလာပါေစေနာ္…။ ဖတ္ရႈေပးၾကတဲ့ ခ်စ္ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ဆုမြန္ေကာင္းေတာင္းေပးလိုက္ပါတယ္…။

unicode

အဆင်းရော အချင်းပါပြည့်စုံသူလေးတစ်ယောက်ဖြစ်တဲ့ သရုပ်ဆောင် မင်းသမီးချော ခိုင်နှင်းဝေကတော့ ပရိသတ်တွေက ပရဟိတမင်းသမီးတစ်ယောက်လို့တောင် သက်မှတ်ခံထားရသူတစ်ယောက်ပဲ ဖြစ်ပါတယ်…။ ခိုင်နှင်းဝေကတော့ လက်ရှိ ကိုဗစ်ကာလမှာ အနုပညာအလုပ်တွေကို ရပ်နားထားပြီး လူမှုရေးအလုပ်တွေကိုသာ တစိုက်မတ်မတ်လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်…။ အကြောင်းအမျိုးမျိုးကြောင့် မိဘနဲ့ ဝေးကွာနေတဲ့ ကလေးတွေကိုလည်း စောင့်ရှောက်ပေးထားတဲ့ ခိုင်နှင်းဝေက ဒီကနေ့မှာလည်း မနက်(၅) နာရီလောက်မှာ မွေးကင်းစသမီးလေးတစ်ယောက်ကို ဂေဟာရှေ့မှာလာရောက်စွန့်ပစ်သွားကြောင်းပြောပြလာပါတယ်…။

“ဒီနေ့ မနက် ၅ နာရီလောက်မှာ ကျွန်မရဲ့ ဂေဟာအရှေ့မှာ မွေးကာစ သမီးလေး တစ်ယောက်ကို လာရောက် စွန့်ပစ်သွားပါတယ်…။ ကလေးငိုသံကြားလို့ ထွက်ကြည့်တဲ့အခါ သမီးလေးကို အေးစက်ပြီး ငိုနေတာတွေ့ရပါတယ်…။ စိတ်လဲမကောင်းဖြစ်ရသလို တော်တော်လဲ စိတ်တိုမိပါတယ်…။ ကျွန်မဂေဟာရှေ ့လာပစ်တာ ကျွန်မဆီရောက်စေချင်လို့ဆိုလဲ ကလေးတွေကို ခုလိုမျိုးတွေ မလုပ်ဖို့ တောင်းပန်ပါတယ်…။ ကလေးတွေက အရမ်းနုနေတဲ့ ချိန်မှာ ဆောင်းတွင်းဖြစ်တာရယ် အိတ်ထဲမှာမို့ အသက်ရှူကျပ်တာတွေ ဖြစ်ပီး ကလေး အသက် ဆုံးရှံူးနိုင်ပါတယ်…။ စုံစမ်းမေးမြန်းစရာတွေ စုံစမ်းပြီး သမီးလေးကို ကျွန်မတို့ “ခိုင် ” မိသားစု ဂေဟာရဲ့ (၃၉) ယောက်မြောက် သမီးလေးအဖြစ် စောင့်ရှောက်ထားလိုက်ပါတယ်ရှင် …” ဆိုပြီး ပြောလာပါတယ်…။

သရုပ်ဆောင် ခိုင်နှင်းဝေကတော့ သူမဆီ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ရှိလာတဲ့ ကလေးတစ်ယောက်ကို ခေါ်ယူမွေးဖွားဖို့ စောင့်ရှောက်ဖို့ ဝန်မလေးပေမယ့် ရက်ရက်စက်စက် အိတ်ထဲထည့် စွန့်ပစ်တာကိုတော့ စိတ်တိုကြောင်း ပြောလာတာပဲ ဖြစ်ပါတယ်…။ သမီးလေးလည်း ခိုင်နှင်းဝေရဲ့ လက်ထဲမှာ ကောင်းကောင်းမွန်မွန်ကြီးပြင်းလာပါစေနော်…။ ဖတ်ရှုပေးကြတဲ့ ချစ်ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်…။

Source: Khine Hnin Wai’s fb
Bilie – Cele Connections