ခ်စ္ပရိသတ္ႀကီးေရ ႐ုပ္သံဇာတ္လမ္းတြဲေတြကတဆင့္ ေအာင္ျမင္လာခဲ့တဲ့ သ႐ုပ္ေဆာင္ မင္းသားေခ်ာ ေအာင္မင္းခန႔္ကေတာ့ လူႀကီး၊ လူငယ္ပရိသတ္ေတြအားလုံး ႀကိဳက္ႏွစ္သက္အားေပးၿပီးသားျဖစ္မွာပါ။ တည္ၾကည္တဲ့ ႐ုပ္ရည္အျပင္ ႏိုင္ငံျခားမင္းသားတစ္ေယာက္လို ခႏၶာကိုယ္အခ်ိဳးအစားကို ပိုင္ဆိုင္ထားတဲ့ ေအာင္မင္းခန႔္ကေတာ့ မိန္းကေလးေတြၾကားထဲမွာ ပိုၿပီး ေရပန္းစားေအာင္ျမင္သူတစ္ေယာက္ဆိုလည္း မမွားပါဘူး။ ေအာင္မင္းခန႔္ကေတာ့ သူ႔ကိုခ်စ္ၾကတဲ့ ပရိသတ္ေတြတစ္ေယာက္ခ်င္းစီတိုင္းအတြက္ မ႐ိုးႏိုင္တဲ့ အႏုပညာလႈပ္ရွားမႈေတြကိုခ်ျပရင္း အၿမဲတမ္းႀကိဳးစားေနသူတစ္ေယာက္ပါပဲ။

အႏုပညာေလာကမွာ က်င္လည္လာတာ ႏွစ္ေတြအေတာ္ၾကာလာခဲ့ၿပီဆိုေပမယ့္ ေလးစားရတဲ့ အႏုပညာရွင္ေတြရွိတဲ့ ေအာင္မင္းခန႔္က ဒီတစ္ေခါက္မွာလည္း ႏိုင္ငံေက်ာ္ ဟာသသ႐ုပ္ေဆာင္ႀကီး ခင္လႈိင္နဲ႔ ပက္သတ္ၿပီး ေျပာလာပါတယ္။ ေအာင္မင္းခန႔္က ခင္လႈိင္နဲ႔အတူတူ ႐ိုက္ကူးတဲ့ အမွတ္တရ ဓာတ္ပုံေလးကို သူ႔ရဲ႕ ေဖ့စ္ဘုတ္စာမ်က္ႏွာမွာ မွ်ေဝရင္း “ကြ်န္ေတာ္ အရမ္းခ်စ္ရတဲ့ အႏုပညာရွင္ထဲကတစ္ေယာက္”ဆိုျပီး ပရိသတ္ေတြအားလံုးကို ေျပာျပလာခဲ့တာပဲ ျဖစ္ပါတယ္။

ေအာင္မင္းခန့္ကေတာ့ ဦးခင္လႈိင္က သူေလးစားခ်စ္ခင္ရတဲ့ အႏုပညာရွင္ေတြထဲက တစ္ေယာက္အပါအဝင္ျဖစ္ေၾကာင္း ႐ိုးသားစြာေျပာျပလာခဲ့တာပဲ ျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း ေအာင္မင္းခန့္တစ္ေယာက္ သူကိုယ္တုိင္ ဘယ္ေလာက္ေအာင္ျမင္ေနပါေစ ကိုယ္ေလးစားရတဲ့ အနုပညာရွင္ၾကီးနဲ့ အနီးကပ္ဆံုေတြ့ခြင့္ရတဲ့ ခံစားခ်က္ကို နားလည္ခံစားနိုင္မယ္ ထင္ပါတယ္။ ဖတ္ရႈေပးၾကတဲ့ ခ်စ္ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ဆုမြန္ေကာင္းေတာင္းေပးလိုက္ပါတယ္ေနာ္…။

Source: Aung Min Khant’s fb
Credit – Cele Connections

ချစ်ပရိသတ်ကြီးရေ ရုပ်သံဇာတ်လမ်းတွဲတွေကတဆင့် အောင်မြင်လာခဲ့တဲ့ သရုပ်ဆောင် မင်းသားချော အောင်မင်းခန့်ကတော့ လူကြီး၊ လူငယ်ပရိသတ်တွေအားလုံး ကြိုက်နှစ်သက်အားပေးပြီးသားဖြစ်မှာပါ။ တည်ကြည်တဲ့ ရုပ်ရည်အပြင် နိုင်ငံခြားမင်းသားတစ်ယောက်လို ခန္ဓာကိုယ်အချိုးအစားကို ပိုင်ဆိုင်ထားတဲ့ အောင်မင်းခန့်ကတော့ မိန်းကလေးတွေကြားထဲမှာ ပိုပြီး ရေပန်းစားအောင်မြင်သူတစ်ယောက်ဆိုလည်း မမှားပါဘူး။ အောင်မင်းခန့်ကတော့ သူ့ကိုချစ်ကြတဲ့ ပရိသတ်တွေတစ်ယောက်ချင်းစီတိုင်းအတွက် မရိုးနိုင်တဲ့ အနုပညာလှုပ်ရှားမှုတွေကိုချပြရင်း အမြဲတမ်းကြိုးစားနေသူတစ်ယောက်ပါပဲ။

အနုပညာလောကမှာ ကျင်လည်လာတာ နှစ်တွေအတော်ကြာလာခဲ့ပြီဆိုပေမယ့် လေးစားရတဲ့ အနုပညာရှင်တွေရှိတဲ့ အောင်မင်းခန့်က ဒီတစ်ခေါက်မှာလည်း နိုင်ငံကျော် ဟာသသရုပ်ဆောင်ကြီး ခင်လှိုင်နဲ့ ပက်သတ်ပြီး ပြောလာပါတယ်။ အောင်မင်းခန့်က ခင်လှိုင်နဲ့အတူတူ ရိုက်ကူးတဲ့ အမှတ်တရ ဓာတ်ပုံလေးကို သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ မျှဝေရင်း “ကျွန်တော် အရမ်းချစ်ရတဲ့ အနုပညာရှင်ထဲကတစ်ယောက်”ဆိုပြီး ပရိသတ်တွေအားလုံးကို ပြောပြလာခဲ့တာပဲ ဖြစ်ပါတယ်။

အောင်မင်းခန့်ကတော့ ဦးခင်လှိုင်က သူလေးစားချစ်ခင်ရတဲ့ အနုပညာရှင်တွေထဲက တစ်ယောက်အပါအဝင်ဖြစ်ကြောင်း ရိုးသားစွာပြောပြလာခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း အောင်မင်းခန့်တစ်ယောက် သူကိုယ်တိုင် ဘယ်လောက်အောင်မြင်နေပါစေ ကိုယ်လေးစားရတဲ့ အနုပညာရှင်ကြီးနဲ့ အနီးကပ်ဆုံတွေ့ခွင့်ရတဲ့ ခံစားချက်ကို နားလည်ခံစားနိုင်မယ် ထင်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ချစ်ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်…။

Source: Aung Min Khant’s fb
Credit – Cele Connections